ျပည္တြင္းသတင္း

ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးတြင္ သုံးမႊာပူးကေလးအားခြဲစိတ္ေမြးဖြားေအာင္ျမင္ခဲ့ၿပီး မိခင္ႏွင့္ကေလးမ်ားက်န္းမာလၽွက္ရွိ

ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးတြင္ သုံးမႊာပူးကေလးအားခြဲစိတ္ေမြးဖြားေအာင္ျမင္ခဲ့ၿပီး မိခင္ႏွင့္ကေလးမ်ားက်န္းမာလၽွက္ရွိ

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ဩဂုတ္ ၂ ရက္ေန႔က သုံးမႊာပူးကေလးအား ခြဲစိတ္ေမြးဖြားေအာင္ျမင္ ထားၿပီး ကေလးမ်ားႏွင့္မိခင္ျဖစ္

သူတို့မွာက်န္းမာေရးေကာင္းမြန္လၽွက္ ရွိေၾကာင္း ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးမွသိရသည္။

အဆိုပါ သုံးမႊာပူးကေလးအား ေတာင္ငူျပည္သူ႔ေဆး႐ုံမွ သားဖြားႏွင့္မီးယပ္ အထူးကုဆရာဝန္ ေဒါက္တာ လဲ့ယဥ္မင္းက ဦးေဆာင္ၿပီး ေဒါက္တာ မႏၲာထက္မင္း၊

ေဒါက္တာေအာင္မင္းခန္႔တို့က ဩဂုတ္ ၂ ရက္ နံနက္ပိုင္း ၉ နာရီ ၂၀ မိနစ္အခ်ိန္၌ မိန္းကေလးႏွစ္ဦးႏွင့္ ေယာက်ာ္းေလးတစ္ဦး ၊စုစုေပါင္း သုံးမႊာပူးအား ခြဲ

စိတ္ေမြးဖြားခဲ့ျခင္း ျဖစ္ေၾကာင္း၊

ေမြးဖြားစတြင္ ကိုယ္အေလးခ်ိန္ မ(ပထမကေလး) ၂.၂ Kg၊က်ား(ဒုတိယကေလး) ၂.၂Kgႏွင့္ မ(တတိယကေလး) ၁.၅ Kg ျဖင့္ ေမႊးဖြားခဲ့ျခင္းျဖစ္ေၾကာင္း၊

သုံးမႊာပူးကေလးမ်ား၏ မိဘႏွစ္ပါးမွာဖခင္-ကိုနိုင္လင္းစိုး +မိခင္- မေဝေဝၿဖိဳး ၂၆ ႏွစ္၊ ေက်ာက္တံခါးၿမိဳ့နယ္အနန္းေဘာ္ေက်းရြာအုပ္စု၊ ကြင္းေခ်ာင္းဝေနသူတို့ျဖစ္

ျပီး ၎တို့၏သားဦးကေလးမ်ားျဖစ္ေၾကာင္းသိရသည္။

လက္ရွိတြင္ ကေလးမ်ားႏွင့္မိခင္ျဖစ္သူတို့မွာ က်န္းမာေရးေကာင္းမြန္လၽွက္ရွိၾကၿပီး ရက္အနည္းငယ္အတြင္း ေဆး႐ုံမွဆင္းနိုင္ ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ကေလးမ်ား

အတြက္ မိခင္တစ္ဦးတည္း၏နို့ျဖင့္မလုံေလာက္သျဖင့္ နို့မွုန႔္ကူၿပီး တိုက္ေနရေၾကာင္းသိရသည္။

ကေလးမ်ားအတြက္နို့မွုန႔္ဖိုးကူညီလိုသူမ်ားရွိပါကလည္း

ဖုန္းနံပါတ္-09-773929422 သို့ဆက္သြယ္လွူဒါန္းနိုင္ပါတယ္ခင္ဗ်ာ။

ေဇာ္ဝင္းခ်စ္(ေတာင္ငူ)

Unicode

တောင်ငူပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးကလေးအားခွဲစိတ်မွေးဖွားအောင်မြင်ခဲ့ပြီး မိခင်နှင့်ကလေးများကျန်းမာလျှက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်ဩဂုတ် ၂ ရက်နေ့က သုံးမွှာပူးကလေးအား ခွဲစိတ်မွေးဖွားအောင်မြင် ထားပြီး ကလေးများနှင့်

မိခင်ဖြစ်သူတို့မှာကျန်းမာရေးကောင်းမွန်လျှက် ရှိကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးမှသိရသည်။

အဆိုပါ သုံးမွှာပူးကလေးအား တောင်ငူပြည်သူ့ဆေးရုံမှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ဒေါက်တာ လဲ့ယဉ်မင်းက ဦးဆောင်ပြီး ဒေါက်တာ မန္

တာထက်မင်း၊ ဒေါက်တာအောင်မင်းခန့်တို့က ဩဂုတ် ၂ ရက် နံနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်၌ မိန်းကလေးနှစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး ၊

စုစုပေါင်း သုံးမွှာပူးအား ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊

မွေးဖွားစတွင် ကိုယ်အလေးချိန် မ(ပထမကလေး) ၂.၂ Kg၊ကျား(ဒုတိယကလေး) ၂.၂Kgနှင့် မ(တတိယကလေး) ၁.၅ Kg ဖြင့် မွှေးဖွားခဲ့ခြင်း

ဖြစ်ကြောင်း၊ သုံးမွှာပူးကလေးများ၏ မိဘနှစ်ပါးမှာဖခင်-ကိုနိုင်လင်းစိုး +မိခင်- မဝေဝေဖြိုး ၂၆ နှစ်၊ ကျောက်တံခါးမြို့နယ်အနန်းဘော်

ကျေးရွာအုပ်စု၊ ကွင်းချောင်းဝနေသူတို့ဖြစ်ပြီး ၎င်းတို့၏သားဦးကလေးများဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကလေးများနှင့်မိခင်ဖြစ်သူတို့မှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြပြီး ရက်အနည်းငယ်အတွင်း ဆေးရုံမှဆင်းနိုင် တော့မည်

ဖြစ်ကြောင်းနှင့်ကလေးများအတွက် မိခင်တစ်ဦးတည်း၏နို့ဖြင့်မလုံလောက်သဖြင့် နို့မှုန့်ကူပြီး တိုက်နေရကြောင်းသိရသည်။

ကလေးများအတွက်နို့မှုန့်ဖိုးကူညီလိုသူများရှိပါကလည်း

ဖုန်းနံပါတ်-09-773929422 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

ဇော်ဝင်းချစ်(တောင်ငူ)

credit;