local news

လႈိင္ၿမိဳ႕နယ္ အမွတ္(၁)ရပ္ကြက္ရွိ ေနအိမ္၌ ေဖာက္ထြင္းလုယက္၍ ဓားထိုးမႈျဖစ္ပြား

ရန္ကုန္ မတ္ ၁၆

ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ လႈိင္ၿမိဳ႕နယ္ အမွတ္ (၁) ရပ္ကြက္ ပညာ (၁)လမ္း၊ အိမ္အမွတ္(၃) ၌ ယမန္ေန႔ ညေန ၃ နာရီခန႔္က ‌ေဒၚဝင္းမာ၊ အလယ္တန္းျပဆရာမ၊ ဖခင္ ဦးခ်စ္စံ၊ လႈိင္ၿမိဳ႕နယ္၊ အမွတ္ (၁)ရပ္ကြက္၊ ေဇယ်သိႏၵိ (၃)လမ္း၊ အမွတ္ (၁၁၃)၊ ေျမညီထပ္ ေနထိုင္သူသည္ ေနအိမ္အတြင္းေဖာက္ထြင္း လုယက္ဓားထိုးမႈျဖင့္ အ႐ိုက္ခံရၿပီးအတြင္းလူနာအျဖစ္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူခဲ့ရပါသည္။

အဆိုပါေဖာက္ထြင္းလုယက္ ဓားထိုးမႈ၌ တရားခံျဖစ္သူ ေပႀကီး(ေခၚ) မ်ိဳးႏိုင္၊ အသက္ (၄၄)ႏွစ္၊ ဖခင္ ဦးၿဖိဳး၊ က်ပန္းလုပ္ကိုင္သူအား လႈိင္ၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းမွ ဆက္လက္၍ အေရးယူေဆာင္႐ြက္‌ခဲ့ပါေၾကာင္း သတင္းရရွိပါ သည္။

သႏၲာေမ ( ျပန္/ဆက္)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

(Unicode)⤵⤵⤵ လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်၌ ဖောက်ထွင်းလုယက်၍ ဓားထိုးမှုဖြစ်ပွား

ရန်ကုန် မတ် ၁၆ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက် ပညာ (၁)လမ်း၊ အိမ်အမှတ်(၃) ၌ ယမန်နေ့ ညနေ ၃ နာရီခန့်က ‌ဒေါ်ဝင်းမာ၊ အလယ်တန်းပြဆရာမ၊ ဖခင် ဦးချစ်စံ၊ လှိုင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဇေယျသိန္ဒိ (၃)လမ်း၊ အမှတ် (၁၁၃)၊ မြေညီထပ် နေထိုင်သူသည် နေအိမ်အတွင်းဖောက်ထွင်း လုယက်ဓားထိုးမှုဖြင့် အရိုက်ခံရပြီးအတွင်းလူနာအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရပါသည်။

အဆိုပါဖောက်ထွင်းလုယက် ဓားထိုးမှု၌ တရားခံဖြစ်သူ ပေကြီး(ခေါ်) မျိုးနိုင်၊ အသက် (၄၄)နှစ်၊ ဖခင် ဦးဖြိုး၊ ကျပန်းလုပ်ကိုင်သူအား လှိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ဆက်လက်၍ အရေးယူဆောင်ရွက်‌ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Leave a Comment