News

မိန်းမဖြစ်သူ ရန်ကုန်ကို တညအိပ်ခရီးသွားတော့ ဦးဇော်ကြီးတစ်ယောက် ပျော်ပြီလေ…. ညရောက်တော့ သူငယ်ချင်းတွေနဲ့ ထွက်ကဲတယ်

မိန်းမဖြစ်သူ ရန်ကုန်ကို တညအိပ်ခရီးသွားတော့
ဦးဇော်ကြီးတစ်ယောက် ပျော်ပြီလေ….
ညရောက်တော့ သူငယ်ချင်းတွေနဲ့ ထွက်ကဲတယ်

အိမ်ကမထွက်ခင်မှာ မိန့်မိန့်ကြီးထိုင်ပြီးဆယ်ဖီတစ်ခါ ဆွဲလိုက်တယ်။သက်သေကို ကြိုတင်သိမ်းထားတဲ့သဘော၊

ပြီးတော့သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်မှာချိန်းဓါတ်ပုံလေးရိုက်၊ဖေ့ဘုတ်ပေါ်တင်ပြီး မိန်းမကို tag လုပ်ပြီးမှဘီယာဆိုင်ကိုချီတက်ကြ…
အရှိန်တက်လာတော့ KTVကိုဆက်ဒိုးကြပေါ့

KTVမှာ သီချင်းဟဲကောင်းတုန်း ရှိသေးတယ်..
မိန်းမဆီက ဖုန်းလာပါလေရော….၊ကမန်းကတန်း အခန်းပြင်ထွက် အိမ်သာထဲပြေးဖုန်းပြန်ဖြေရတယ်..။

“ဦးဇော်ကြီး..ရှင်အခုဘယ်မှာလဲ !..”

“အိမ်မှာ တီဗွီကြည့်နေတာလေ….ပြောပြောဆိုဆိုနဲ့ ကြိုတင်ဆယ်ဖီဆွဲထားတဲ့ဓါတ်ပုံလေးကို မတ်ဆင်ဂျာကနေ ပို့လိုက်သေး

“အာ့ဆို…ဟုတ်ပြီ၊ ရှင့်ခေါင်းအုံးအောက်မှာ
တစ်ထောင်တန်တစ်ရွက် ထားထားတယ်၊
အဲဒီပိုက်ဆံရဲ့ နံပါတ်ကို ဓါတ်ပုံရိုက်ပြပါလား..”

ငင် ….ဦးဇော်ကြီးခေါင်း ဆင်နင်းပြီ….မိန်းမ ဆပ်ပရိုက်ချက်၀င်ပြီလေ…..။ဒါပေမဲ့ ဘာရမလဲ ဦးဇော်ကြီးပဲဟာကို..

“အေး..တွေ့တယ်လေ..အဲဒီတစ်ထောင်ကိုကွမ်း၀ယ်စားလိုက်လို့၅၀၀ ပဲကျန်တော့တယ်ဟ”

ဟွင်း..ဟွင်း…ဘယ်ရမလဲ ဇော်ကြီးပါကွာ
ဒီအကွက်လောက်ကတော့ ရိုးဘာဒယ်မိန်းမရယ်

ဘာ…… “ဒီမှာ ရှင်မှန်မှန်ပြောစမ်းရှင် အခုဘယ်မှာလဲ….ကျွန်မ ခေါင်းအုံးအောက်မှာ ထားခဲ့တာ
၁၀၀၀ တန်မဟုတ်ဘူး ၅၀၀ တန်ရှင့်ကျွန်မ ပြန်လာရင် ရှင်သေဖို့ပြင်ထား”

ဟင်  Credit#U Kyaw.Lwin Oo

Leave a Comment