ဆယ်လီသတင်း

သင်္ကြန်တွင်းရုပ်ရှင်လောကသားများဆန်ဆီဆားအလှူအတွက်အလှူငွေ(၃)သိန်းလှူဒါန်းခဲ့တဲ့ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ လူလေးလည်း လှသလို မွန်မြတ်လှတဲ့ စိတ်ထားလေးကိုပိုင်ဆိုင်ထားပြီး အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်း အမြဲတမ်းလိုလို တတ်နိုင်သမျှကူညီပေးနေခဲ့ပါသေးတယ်။

လတ်တလောမှာလည်း သင်္ကြန်ကာလဝင်ငွေနည်းပါးတဲ့ ရုပ်ရှင်လောကသားတွေကို ဆန်ဆီနှင့် ကုန်ခြောက်ပစ္စည်းများလှူဒါန်းတဲ့ အလှူအတွက် အလှူငွေ (၃)သိန်းကျပ်ကို ဖြူဖြူထွေးက ပါဝင်လှူဒါန်းခဲ့ပြန်ပါတယ်။

ဖြူဖြူထွေးကအခုလို လှူဒါန်းခဲ့တဲ့ အကြောင်းကို ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဦးဝင်းမြိုင်က “သင်္ကြန်ကာလရုပ်ရှင်လောကသားများ ဆန်ဆီဆားအလှူအတွက် သရုပ်ဆောင်ဖြူဖြူထွေးက (၃)သိန်းလှူဒါန်းပါသည်။”

လို့အလှူငွေလက်ခံရယူခဲ့ပုံလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြထားခဲ့တာပါ။ ပရိသတ်ကြီးရေ ဖြူဖြူထွေး ရဲ့မွန်မြတ်လှတဲ့ အလှူလေးကတော့ သာဓုခေါ်ဆိုထိုက်လှပါတယ်နော်။

credit