Celebrities local news

ဆေး ရုံအတွက်လိုအပ်နေ တဲ့ PPE ဝတ်စုံ ၁၀၀ ကို လှူဒါ န်းပေးခဲ့တဲ့ စမိုင်းလ်

ရုပ် ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်စမိုင်းလ်ကတော့ လတ်တလောမှာ ဆေးရုံများသို့ ဖြန့်ဝေလှူဒါန်းမယ့် PPE ဝတ်စုံတွေကို လှူဒါန်းလိုက်ပြန်ပါတယ်။စမိုင်းလ်က အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်လေ့ရှိပြီး အခါအခွင့်သင့်ရင် သင့်သလို အချိန်ကာလအလိုက် လိုအပ်တာတွေကိုလည်း လိုအပ်သလို လှူဒါန်းပေးလေ့ရှိပါသေးတယ်။

လတ်တလောမှာလည်း ဆေးရုံတွေမှာလိုအပ်နေတဲ့ PPE ဝတ်စုံတွေကို လှူဒါန်းကြတဲ့ အထဲမှာ PPE ဝတ်စုံ အစုံ(၁၀၀)စာကို စမိုင်းလ်တို့မိသားစုကလှူဒါန်းပေးလိုက်ပြန်ပါတယ်။စမိုင်းလ်ကတော့ အခုအလှူလေးအတွက်ကို “မိမိတတ်နိုင်တဲ့ဖက်က ကူညီကြပါစို့ ယနေ့ကုသိုလ်”လို့ လှူဒါန်းခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ စမိုင်းလ်ရဲ့ မွန်မြတ်လှတဲ့စမိုင်းလ်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနေခဲ့ကြပြီး နောက်နောင်မှာလည်း ဒီထက်မကအလှူအတန်းတွေကို ပိုမိုလှူဒါန်းနိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ မွန်မြတ်လှတဲ့ ကာလဒါန အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Crd:Yomalan

Leave a Comment