ႏိုင္ငံတကာသတင္း

အာရွသားေတြေျကာင့္ ဗိုင္းရပ္စ္ျဖစ္ပြားရတာဆိုျပီး ျမန္မာလူမ်ိုး၃ဦး ဓါးျဖင့္ထိုးခံရ…ဆ

အေမရိကန္တြင္ ခ်င္းသားအဖ ၃ ဦး Coronavirus ေရာဂါေၾကာင့္ ဓားထိုးခံရ အေမရိျပည္ေထာင္စု၊ Texas ျပည္နယ္ Miland ၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရစ္ ေရာဂါေၾကာင့္ မတ္လ ၁၄ ရက္ေန႔က ခ်င္းသားအဖ ၃ ဦး ဓားထိုးခံခဲ့ရေၾကာင္း သိရသည္။ ဦး ေဘြက်ဳံးႏုံးႏွင့္ ၎၏ သားႏွစ္ေယာက္တို႔သည္ မတ္လ ၁၄ ရက္ေန႔ ညေန ရး၃၀ အခ်ိန္ခန္႔က Sam’s Club စတိုးဆိုင္အတြင္း၌ ပစၥည္းမ်ားဝယ္ယူေနစဥ္ လူတစ္ဦးမွ ဓားျဖင့္လိုက္လံ ထိုးသတ္ခဲ့ရာ သားအဖ ၃ ေယာက္စလုံး ဒဏ္ရာမ်ားရရွိ ခဲ့သည္

ဦး ေဘြက်ဳံးႏုံးမွာ မ်က္ႏွာတြင္ ျပက္ရွဒဏ္ရာရရွိခဲ့ၿပီး ၎၏သား ဗန္ေဒါသ့္က်ဳံးဟာ ေနာက္ေက်ာတြင္ဒဏ္ရာရရွိခဲ့သည္။ ဦး ေဘြက်ဳံးႏုံး၏ သားႀကီး ႐ိုဘက္မွာ ညာဘက္ နား႐ြက္မွ မ်က္ခုံးနားအထိ ျပင္းထန္စြာဓားဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ သုံးဦးအား Midland ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့သည္။ ဦး ေဘြက်ဳံးႏုံးတို႔ သားအဖ သုံးဦအျပင္ စတိုးဆိုင္ ဝန္ထမ္းတစ္ဦးလည္း လက္တြင္ ျပက္ရွဒဏ္ရာရရွိခဲ့သည္။

အခင္းျဖစ္ခ်ိန္တြင္ အေမရိကန္ နယ္စပ္လုံၿခဳံေရး အမႈထမ္းရဲသားတစ္ဦးဆိုင္အတြင္းသို႔ ေရာက္ရွိလာၿပီး ဦး ေဘြက်ဳံးႏုံးတို႔ သားအဖသုံးဦးအား ဓားျဖင့္လိုက္လံထိုးသတ္သူကို ဟန္႔တားဖမ္းဆီးႏိုင္ခဲ့သည္။ ျပစ္မႈက်ဴးလြန္သူမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ စပိန္ႏြယ္ဖြား Jose Gomez ဟု သိရွိရၿပီး အာရွဖက္မွလာတဲ့ လူေတြေၾကာင့္ Coronavirus ေရာဂါျဖစ္ဖြားတယ္ဆိုၿပီး ၎တို႔ သားအဖသုံးဦးကို ဓားျဖင့္ ထိုးသက္ျခင္းျဖစ္ေၾကာင္း ဦး ေဘြက်ဳံးႏုံးက ေျပာဆိုသည္။

ဦး ေဘြက်ဳံးႏုံးတို႔ သားအဖသုံးေယာက္ကို သတ္ဖို႔ ရည္႐ြယ္ခဲ့ေၾကာင္း တရာခံ Jose Gomez က ဝန္ခံခဲ့ၿပီး ၎အား လူ သုံးဦး သတ္ျဖတ္ဖို႔ ႀကိဳးစားအားထုတ္မႈျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း CBS သတင္းဌာနက ဆိုပါတယ္။

Unicode

အမေရိကန်တွင် ချင်းသားအဖ ၃ ဦး Coronavirus ရောဂါကြောင့် ဓားထိုးခံရ အမေရိပြည်ထောင်စု၊ Texas ပြည်နယ် Miland မြို့တွင် ကိုရိုနာဗိုင်းရစ် ရောဂါကြောင့် မတ်လ ၁၄ ရက်နေ့က ချင်းသားအဖ ၃ ဦး ဓားထိုးခံခဲ့ရကြောင်း သိရသည်။ ဦး ဘွေကျုံးနုံးနှင့် ၎င်း၏ သားနှစ်ယောက်တို့သည် မတ်လ ၁၄ ရက်နေ့ ညနေ ရး၃၀ အချိန်ခန့်က Sam’s Club စတိုးဆိုင်အတွင်း၌ ပစ္စည်းများဝယ်ယူနေစဉ် လူတစ်ဦးမှ ဓားဖြင့်လိုက်လံ ထိုးသတ်ခဲ့ရာ သားအဖ ၃ ယောက်စလုံး ဒဏ်ရာများရရှိ ခဲ့သည်။

ဦး ဘွေကျုံးနုံးမှာ မျက်နှာတွင် ပြက်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်း၏သား ဗန်ဒေါသ့်ကျုံးဟာ နောက်ကျောတွင်ဒဏ်ရာရရှိခဲ့သည်။ ဦး ဘွေကျုံးနုံး၏ သားကြီး ရိုဘက်မှာ ညာဘက် နားရွက်မှ မျက်ခုံးနားအထိ ပြင်းထန်စွာဓားဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ သုံးဦးအား Midland ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဦး ဘွေကျုံးနုံးတို့ သားအဖ သုံးဦအပြင် စတိုးဆိုင် ဝန်ထမ်းတစ်ဦးလည်း လက်တွင် ပြက်ရှဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ချိန်တွင် အမေရိကန် နယ်စပ်လုံခြုံရေး အမှုထမ်းရဲသားတစ်ဦးဆိုင်အတွင်းသို့ ရောက်ရှိလာပြီး ဦး ဘွေကျုံးနုံးတို့ သားအဖသုံးဦးအား ဓားဖြင့်လိုက်လံထိုးသတ်သူကို ဟန့်တားဖမ်းဆီးနိုင်ခဲ့သည်။ ပြစ်မှုကျူးလွန်သူမှာ အသက် ၁၉ နှစ်အရွယ် စပိန်နွယ်ဖွား Jose Gomez ဟု သိရှိရပြီး အာရှဖက်မှလာတဲ့ လူတွေကြောင့် Coronavirus ရောဂါဖြစ်ဖွားတယ်ဆိုပြီး ၎င်းတို့ သားအဖသုံးဦးကို ဓားဖြင့် ထိုးသက်ခြင်းဖြစ်ကြောင်း ဦး ဘွေကျုံးနုံးက ပြောဆိုသည်။ ဦး ဘွေကျုံးနုံးတို့ သားအဖသုံးယောက်ကို သတ်ဖို့ ရည်ရွယ်ခဲ့ကြောင်း တရာခံ Jose Gomez က ဝန်ခံခဲ့ပြီး ၎င်းအား လူ သုံးဦး သတ်ဖြတ်ဖို့ ကြိုးစားအားထုတ်မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CBS သတင်းဌာနက ဆိုပါတယ်။