local news

မိခင်ရဲ့ မီးဖွားစရိတ်အတွက် စံပယ်ပန်းရောင်းပြီး စရိတ်ရှာပေးနေတဲ့ (၁၄) နှစ်အရွယ် ကောင်လေး

မိခင်ရဲ့ မီးဖွားစရိတ်အတွက် စံပယ်ပန်းရောင်းပြီး မီးဖွားစရိတ်ရှာပေးနေတဲ့ (၁၄) နှစ်အရွယ် ကောင်လေး

ဒီနေ့ ကျွန်တော်၉နာရီခွဲလောက်အိမ်ပြန်လာတော့အင်းလျားလမ်းမီးပွိုင့်ကပန်းရောင်းတဲ့ညီလေးမပြန်သေးပဲထိုင်နေတာတွေ့တော့မုန့်ဖိုး၃၀၀ပေးလိုက်တယ်။ ရော့…ညီလေးအကြွေ…ပန်းတော့မကိုင်ချင်လို့မယူတော့ဘူးနော်…

မင်းရောင်းရအောင် ဘယ်လောက်ဖိုးကျန်သေးလဲဆိုပြီးကြည့်လိုက်တော့များသေးတယ်ဟာများလှချည်လားဆိုတော့၁သောင်းဖိုးလောက်ကျန်သေးတယ်တဲ့…သားမေကြီးကလေးမွေးခါနီးမို့ပိုက်ဆံဆုနေတာတဲ့…ကျွန်တော်လဲအဲ့တာနဲ့မုန့်ဖိုးတစ်ထောင်ထပ်ပေးလိုက်တယ်။

ဒါပေမယ့် တစ်ထောင်ထဲပေးလိုက်ရတာ စိတ်မကောင်းဘူး။ ကိုယ့်မှာလဲပိုက်ဆံသုံးစရာလေးတွေကရှိနေတော့ ထပ်မပေးဖြစ်တာကိုတစ်မျိုးဖြစ်နေတာနဲ့ မင်းဗိုက်ဆာလားဆိုတော့ဆာတယ်ဆိုတာနဲ့ငါအိမ်မှာဘာမုန့်ရှိလဲသွားကြည့်ပြီးပြန်လာခဲ့မယ်လို့ပြောပြီး

အိမ်ကရှိတဲ့ထမင်းဟင်းလေးကိုဗူးလေးထဲထည့်ပြီးအအေးဗူးလေးတစ်ဗူးနဲ့ပြန်ထွက်လာခဲ့တယ်ကျွန်တော့်မြင်တော့ပြုံးပြီးမတ်တတ်ရပ်တယ်။ ပြီးတော့ပြန်ထိုင်မလို့လုပ်တယ်။ ဒီကောင်စားချင်တာကိုအားနာပြီးဟန်ပြန်ကို့တာပဲဖြစ်ရမယ်ဆိုပြီးကျွန်တော်ပဲသူ့ဆီသွားလိုက်တယ်။

အနားရောက်မှ ဒါမင်းအတွက်ဆာနေပြီမလားဆိုတော့ဟာတော်တော်ဆာနေပြီ ကိုကြီးတဲ့အေးဆွဲကွ ာငါကြက်သားဘူးသီးချက်ရယ် ငပိကျော်ရယ် ထည့်လာတယ်ဆိုတော့ဆွဲရောကောင်းလာဆိုတော့ကောင်းတယ်တဲ့ သူကလေးစားဖို့တော့ကောင်းတယ်။

မညီးမညူးအမေနဲ့ ညီတွေကိုထောက်ပံ့နေတာနေ့လက်၁နာရီလောက်ထဲကခုချိန်ထိပန်းရောင်းပြီးရတဲ့ပိုက်ဆံအမေ့ကိုပြန်ပေးတာ သူစားနေတဲ့အချိန်ဟိုဘက်ပွိုင့်ကပန်းရောင်းတဲ့သူ့သူငယ်ချင်းရောက်လာတော့ကျွေးသေးတယ်။

ဟရောင်စားအုံးမလားတဲ့…ငါအဲ့လိုမှန်းသိပိုထည့်ခဲ့ပါတယ်ကွာဆိုတော့ရတယ်။ ကိုကြီးတဲ့ သူကပုံမှန်ဆိုည ၁၁ ၁၂ လောက်ထိရောင်းတယ်။ အရင်က၈နာရီပြန်တာတဲ့ အမေမွေးခါနီးမို့အလုပ်ကြိုးစားနေတာတဲ့ ခြေစုံလက်စုံလူကြီးအရွယ်တွေလိမ်စားနေတဲ့ခေတ်မှာ

ဒီညီလေးကအတုယူစရာကောင်းတဲ့ heroပဲ ၂တန်းထဲကကျောင်းထွက်ပြီးမိသားစုကိုထောက်ပံ့တာစာအုပ်ဖတ်တဲ့အကျင့်ရှိအောင်လုပ်ဆိုတော့သူစာမဖတ်တတ်တော့ဘူးတဲ့..အိမ်မှာအိမ်အလုပ်လုပ်ရသေးတယ်။

၁နာရီလောက်ဆိုလဲဒီကိုလိုင်းကားစီးပြီးပန်းလာရောင်းရတယ်ဆိုတော့ဖတ်ချိန်မရှိတာနဲ့မဖတ်ဖြစ်တော့တာ၂တန်းထဲကပဲ ခုဆို၁၄နှစ်ထဲဝင်နေပြီတဲ့…အဲ့တာနဲ့ကိုယ်လဲမင်းစိတ်ကောင်းတော့ထားဒါမှကံကောင်းမှာဆိုတော့

သူကကိုယ့်ကိုအဲ့တာတော့ဟုတ်တယ်တဲ့မေကြီးလဲသားကိုအဲ့လိုပြောတယ်တဲ့မဆိုးဘူးပဲ ဒီလိုဆိုတော့လဲ အင်းလျားလမ်းမှာပန်းရောင်းနေတဲ့ဝဝနဲ့ချစ်စရာညီလေးကိုတွေ့ရင်တစ်ရာဖိုးလောက်ဖြစ်ဖြစ် နှစ်ရာဖိုးလောက်ဖြစ်ဖြစ်ပန်းဝယ်လိုက်ပါ။

Leave a Comment