ႏိုင္ငံတကာသတင္း

ရြာထဲသို႔ဝင္ၿပီး ေျပာင္းဖူးဝိုင္ 30 kg ေလာက္ေသာက္ပစ္ခဲ့တဲ့ဆင္အုပ္ႀကီး လက္ဖက္ျခံထဲမွာမူးၿပီးအိပ္ေပ်ာ္သြားခဲ့တဲ့အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕ေနရာအေတာ္မ်ားမ်ားကို သီးသန္႔ေနအိမ္အတြင္းသာေနထိုင္ခိုင္းေစခဲ့ၿပီးေနာက္ အသြားအလာေရႊ႔လ်ားမႈေတြကို အစိုးရကထိန္းခ်ဳပ္ကန္႔သတ္ပစ္ခဲ့ပါတယ္ ။ ဒါေၾကာင့္ လူေတြဟာ လုပ္ငန္းမ်ားလုပ္ကိုင္မႈကို ရပ္တန္႔ထားၿပီး ၊ ေနအိမ္အျပင္ဖက္ထြက္တာမ်ိဳးလည္း သိပ္မ႐ွိေတာ့ပါဘူး ။ ဒီတစ္ေခါက္မွာလည္း ဆင္ 14 ေကာင္႐ွိတဲ့ ဆင္အုပ္ႀကီးဟာ တ႐ုတ္ႏိုင္ငံ ၊ Yunan ျပည္နယ္မွာ႐ွိတဲ့ ရြာအတြင္းသို႔ ေျပာင္းဖူး ႏွင့္ အျခားေသာ အစားအစာမ်ား႐ွာေဖြစားေသာက္ဖို႔ ရြာထဲဝင္ေရာက္ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း လူေတြျပဳလုပ္ထားတဲ့ 30kg ေလာက္႐ွိတဲ့ ေျပာင္ဖူးဝိုင္ေတြကို ေသာက္မိခဲ့ၾကၿပီးေနာက္ အေတာ္ေလးမူးသြားခဲ့ပံုရၿပီး အနီးအနားဝန္းက်င္မွာ႐ွိတဲ့ လက္ဖက္ျခံထဲမွာ မူးေမွာက္ၿပီး အိပ္ေပ်ာ္သြားခဲ့ၾကပါတယ္ ။ ပိုျပီးထူးဆန္းတာကေတာ့ ဆင္ေလးေတြရဲ႕မ်က္ႏွာမွာ ကိုယ္စီအျပံဳးေလးေတြနဲ႔ အိပ္ေမာက်သြားခဲ့လို႔ပါပဲ ။

အဆိုပါအျဖစ္အပ်က္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ အခ်ိဳ႕ေသာသူမ်ားကေတာ့ လူေတြဟာ သဘာဝသယံဇာတေတြနဲ႔ သစ္ေတာေတြကိုဖ်က္ဆီးခဲ့လို႔ ေတာ႐ိုင္းတိရစာၦန္ေတြဟာ အစားအစာမ႐ွိေတာ့ဘဲ ေနာက္ဆံုးယခုလိုလူေတြ႐ွိတဲ့ ေနရာအထိလာေရာက္ၿပီး အစားအစာ႐ွာေဖြေနရတာျဖစ္ေၾကာင္း ေျပာဆိုေဝဖန္ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈေတြေၾကာင့္ လူေတြဟာေနအိမ္အျပင္ဖက္သို႔ သြာလာလည္ပတ္မႈမ႐ွိေတာ့လို႔ တိရစာၦန္ေတြမွာလည္း လူေတြရဲ႕အႏၱရာယ္ကေန လြတ္ကင္းၿပီး ေအးေဆးစြာသြာလာလည္ပတ္ႏိုင္ေနတာျဖစ္ေၾကာင္းလည္း အခ်ိဳ႕ေသာသူမ်ားက သံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရွာထဲသို့ဝင်ပြီး ပြောင်းဖူးဝိုင် 30 kg လောက်သောက်ပစ်ခဲ့တဲ့ဆင်အုပ်ကြီး လက်ဖက်ခြံထဲမှာမူးပြီးအိပ်ပျော်သွားခဲ့တဲ့အဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံရဲ့နေရာအတော်များများကို သီးသန့်နေအိမ်အတွင်းသာနေထိုင်ခိုင်းစေခဲ့ပြီးနောက် အသွားအလာရွှေ့လျားမှုတွေကို အစိုးရကထိန်းချုပ်ကန့်သတ်ပစ်ခဲ့ပါတယ် ။ ဒါကြောင့် လူတွေဟာ လုပ်ငန်းများလုပ်ကိုင်မှုကို ရပ်တန့်ထားပြီး ၊ နေအိမ်အပြင်ဖက်ထွက်တာမျိုးလည်း သိပ်မရှိတော့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း ဆင် 14 ကောင်ရှိတဲ့ ဆင်အုပ်ကြီးဟာ တရုတ်နိုင်ငံ ၊ Yunan ပြည်နယ်မှာရှိတဲ့ ရွာအတွင်းသို့ ပြောင်းဖူး နှင့် အခြားသော အစားအစာများရှာဖွေစားသောက်ဖို့ ရွာထဲဝင်ရောက်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း လူတွေပြုလုပ်ထားတဲ့ 30kg လောက်ရှိတဲ့ ပြောင်ဖူးဝိုင်တွေကို သောက်မိခဲ့ကြပြီးနောက် အတော်လေးမူးသွားခဲ့ပုံရပြီး အနီးအနားဝန်းကျင်မှာရှိတဲ့ လက်ဖက်ခြံထဲမှာ မူးမှောက်ပြီး အိပ်ပျော်သွားခဲ့ကြပါတယ် ။ ပိုပြီးထူးဆန်းတာကတော့ ဆင်လေးတွေရဲ့မျက်နှာမှာ ကိုယ်စီအပြုံးလေးတွေနဲ့ အိပ်မောကျသွားခဲ့လို့ပါပဲ ။

အဆိုပါအဖြစ်အပျက်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် အချို့သောသူများကတော့ လူတွေဟာ သဘာဝသယံဇာတတွေနဲ့ သစ်တောတွေကိုဖျက်ဆီးခဲ့လို့ တောရိုင်းတိရစ္ဆာန်တွေဟာ အစားအစာမရှိတော့ဘဲ နောက်ဆုံးယခုလိုလူတွေရှိတဲ့ နေရာအထိလာရောက်ပြီး အစားအစာရှာဖွေနေရတာဖြစ်ကြောင်း ပြောဆိုဝေဖန်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် လူတွေဟာနေအိမ်အပြင်ဖက်သို့ သွာလာလည်ပတ်မှုမရှိတော့လို့ တိရစ္ဆာန်တွေမှာလည်း လူတွေရဲ့အန္တရာယ်ကနေ လွတ်ကင်းပြီး အေးဆေးစွာသွာလာလည်ပတ်နိုင်နေတာဖြစ်ကြောင်းလည်း အချို့သောသူများက သုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။