အထွေထွေဗဟုသုတ

ေဆးကုလားမ (ေခၚ)ေလွ်ာ္ျဖဴပင္အေစး၏ အသုံးဝင္ပုံႏွင့္ အာနိသင္မ်ား

ေလွ်ာ္ျဖဴပင္ဆိုတာက အညာေဒသေတြမွာ ျဖစ္ထြန္းေအာင္ျမင္ေသာ သက္ႀကီးပင္မ်ိဳးျဖစ္ပါတယ္။ စိုက္ၿပီး ၃ ႏွစ္၊ ၄ ႏွစ္သား ေလာက္မွာစၿပီး အေစးထုတ္ယူႏိုင္ပါ

တယ္။

အေစးေျခာက္က ျဖဴ၍ၾကည္လင္ေသာပုံစံရွိၿပီး အေစးဆိုက ေပ်ာ့အိေခ်ာ့ခြၽဲခြၽဲပုံစံရွိပါတယ္။ ၾကာဆန္အမွ်င္၊ ေရခဲသားအၾကည္၊ ေရခဲသားအဝါ၊ ေရခဲသားအညိဳဆိုၿပီး

အရည္အေသြးအလိုက္အမ်ိဳးအစားကြဲျပားသည့္အျပင္ ေစ်းႏႈန္းလည္း ကြာျခားပါတယ္။Glass Fiber ကားမွန္ထုတ္လုပ္ရာမွာလည္းသုံးပါတယ္။ အေဖ်ာ္ရမယာ၊

သေရစာမုန႔္မ်ားမ်ားထည့္သြင္းအသုံးျပဳႏိုင္သလို ေဆးဝါးအျဖစ္လည္း အသုံးဝင္ပါတယ္။ အျခားစက္မႈထုတ္ကုန္ ေတာ္ေတာ္မ်ားမ်ားမွာလည္း ပါဝင္ပစၥည္းအျဖစ္

ထည့္သြင္းအသုံးျပဳလာတဲ့အတြက္ေဈးကြက္ဝယ္လိုအားေကာင္းတဲ့ ပစၥည္းတစ္ခုျဖစ္လာတဲ့အတြက္ အညာေဒသက ေတာင္သူေတာ္ေတာ္မ်ား သနပ္ခါးအစား ေလွ်ာ္

ျဖဴပင္ကို အစားထိုးစိုက္ပ်ိဳးလာၾကတာကို ေတြ႕ရပါတယ္။

ဂ်ယ္လတင္(Galactangelose)ပါဝင္မႈေၾကာင္ ေရကို အဆေပါင္းမ်ားစြာစုပ္ယူသိုေလွာင္ထားႏိုင္စြမ္းရွိပါတယ္။ ပူပ်င္းတဲ့ေႏြရာသီမွာ ခႏၶာကိုယ္အပူခ်ိန္ေလ်ာ့ခ်

ေပးႏိုင္တဲ့အတြက္ေဆးကု လားမ ကို ေဖ်ာ္ရည္အျဖစ္ေသာက္သုံးႏိုင္သလို အမ်ိဳးသားေတြအတြက္ ကာမအားအင္တိုးေဆးအျဖစ္ ေန႔စဥ္မွီဝဲႏိုင္ပါတယ္။ ဆီးလမ္း

ၾေကာင္း ႂကြက္သားေတြကိုေဖ်ာ့ေလ်ာ့ေပးႏိုင္တဲ့အတြက္ ဆီးပူ၊ ဆီးေအာင့္ျဖစ္ရင္ ေဖ်ာ္ရည္အျဖစ္ေသာက္သုံးေပး ႏိုင္ပါတယ္။ ဆီးမထိန္းႏိုင္တဲ့ေရာဂါရွိရင္လည္း

ပုံံမွန္ေသာက္သုံံးေပးျခင္းျဖင့္ကုသႏိုင္ပါေသးတယ္။ ေဆးကုလားမကိုေရစိမ္ၿပီး မ်က္ႏွာေပါင္းတင္မယ္ဆိုရင္ အေရးအေၾကာင္းေတြေပ်ာက္ကင္းၿပီး မ်က္ႏွာအသားအ

ရည္ တင္းရင္းေစပါတယ္။ မီးပူေလာင္ရင္ေဆးကုလားမကို ေရစိမ္ၿပီးပြဲလာရင္ အုံထားေပးႏိုင္ပါတယ္။တစ္ခုရွိတာက .. ေဆးကုလားမကိုစားမယ္ဆိုရင္ ေရမ်ားမ်ား

နဲ႔စိမ္ပါ။ မပြတပြျဖစ္ေနရင္ အူလမ္းေၾကာင္းကိုဒုကၡေပးႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ ႏို႔တိုက္မိခင္ေတြ မစားသုံးသင့္ပါဘူး။ ေဆးကုလားမကို အလြန္အကြၽံ႕စား

သုံးရင္ ရင္ျပည့္ရင္ကယ္၊ ဝမ္းေလ်ာတက္တာေတြ ျဖစ္ႏိုင္ပါတယ္။

credit;

Unicode

လျှော်ဖြူပင်ဆိုတာက အညာဒေသတွေမှာ ဖြစ်ထွန်းအောင်မြင်သော သက်ကြီးပင်မျိုးဖြစ်ပါတယ်။ စိုက်ပြီး ၃ နှစ်၊ ၄ နှစ်သား လောက်မှာစပြီး အစေး

ထုတ်ယူနိုင်ပါတယ်။

အစေးခြောက်က ဖြူ၍ကြည်လင်သောပုံစံရှိပြီး အစေးဆိုက ပျော့အိချော့ချွဲချွဲပုံစံရှိပါတယ်။ ကြာဆန်အမျှင်၊ ရေခဲသားအကြည်၊ ရေခဲသားအဝါ၊ ရေခဲသားအညို

ဆိုပြီး အရည်အသွေးအလိုက်အမျိုးအစားကွဲပြားသည့်အပြင် စျေးနှုန်းလည်း ကွာခြားပါတယ်။Glass Fiber ကားမှန်ထုတ်လုပ်ရာမှာလည်းသုံးပါတယ်။

အဖျော်ရမယာ၊ သရေစာမုန့်များများထည့်သွင်းအသုံးပြုနိုင်သလို ဆေးဝါးအဖြစ်လည်း အသုံးဝင်ပါတယ်။ အခြားစက်မှုထုတ်ကုန် တော်တော်များများမှာလည်း

ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုလာတဲ့အတွက်ဈေးကွက်ဝယ်လိုအားကောင်းတဲ့ ပစ္စည်းတစ်ခုဖြစ်လာတဲ့အတွက် အညာဒေသက တောင်သူတော်တော်

များ သနပ်ခါးအစား လျှော်ဖြူပင်ကို အစားထိုးစိုက်ပျိုးလာကြတာကို တွေ့ရပါတယ်။

ဂျယ်လတင်(Galactangelose)ပါဝင်မှုကြောင် ရေကို အဆပေါင်းများစွာစုပ်ယူသိုလှောင်ထားနိုင်စွမ်းရှိပါတယ်။ ပူပျင်းတဲ့နွေရာသီမှာ ခန္ဓာကိုယ်အပူချိန်

လျော့ချပေးနိုင်တဲ့အတွက်ဆေးကု လားမ ကို ဖျော်ရည်အဖြစ်သောက်သုံးနိုင်သလို အမျိုးသားတွေအတွက် ကာမအားအင်တိုးဆေးအဖြစ် နေ့စဉ်မှီဝဲနိုင်ပါတယ်။

ဆီးလမ်းကြောင်း ကြွက်သားတွေကိုဖျော့လျော့ပေးနိုင်တဲ့အတွက် ဆီးပူ၊ ဆီးအောင့်ဖြစ်ရင် ဖျော်ရည်အဖြစ်သောက်သုံးပေး နိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ရောဂါ

ရှိရင်လည်း ပုံံမှန်သောက်သုံံးပေးခြင်းဖြင့်ကုသနိုင်ပါသေးတယ်။ ဆေးကုလားမကိုရေစိမ်ပြီး မျက်နှာပေါင်းတင်မယ်ဆိုရင် အရေးအကြောင်းတွေပျောက်ကင်း

ပြီး မျက်နှာအသားအရည် တင်းရင်းစေပါတယ်။ မီးပူလောင်ရင်ဆေးကုလားမကို ရေစိမ်ပြီးပွဲလာရင် အုံထားပေးနိုင်ပါတယ်။တစ်ခုရှိတာက .. ဆေးကုလားမ

ကိုစားမယ်ဆိုရင် ရေများများနဲ့စိမ်ပါ။ မပွတပွဖြစ်နေရင် အူလမ်းကြောင်းကိုဒုက္ခပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တွေ မစားသုံးသင့်ပါဘူး။

ဆေးကုလားမကို အလွန်အကျွံ့စားသုံးရင် ရင်ပြည့်ရင်ကယ်၊ ဝမ်းလျောတက်တာတွေ ဖြစ်နိုင်ပါတယ်။

credit;