ဆယ်လီသတင်း

လွင်မိုးရဲ့သမီးနဲ့ အိန္ဒြာကျော်ဇင်ရဲ့ တူမပီပီ ငယ်ငယ်က လူကြီးတွေရဲ့ ရှုတင်နောက်လိုက်ရင်း ခင်မင်ခဲ့ပုံကို ပြသလာတဲ့ “ယွန်းဝတီလွင်မိုးနဲ့ မေတိုးခိုင်”










ဖြစ်ပါတယ်။



credit;

Unicode

အနုပညာလောကမှာ ထိပ်တန်းမင်းသား မင်းသမီးကြီးတွေက သူတို့ခေတ် သူတို့အခါမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့သလို သူတို့ရဲ့ သားသမီး၊ ဆွေမျိုးတွေဖြစ်တဲ့ မျိုးဆက်

သစ် လူငယ်တွေကို နေရာပေးလာကြပြီပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ သားသမီး၊ ဆွေမျိုးတွေဖြစ်ကြတဲ့ မျိုးဆက်သစ်လေးတွေအနေနဲ့လည်း သူတို့ရရှိတဲ့ အခွင့်အရေးတွေကို

ကောင်းကောင်းအသုံးချပြီး ပရိသတ်တွေနဲ့ နီးစပ်မှုရှိအောင် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင်က သူမတို့ ငယ်စဉ်အရွယ်က လူကြီးတွေရဲ့ ရှုတင်ကိုလိုက်ရင်း ရိုက်ကွင်းပေါ်က အနုပညာရှင်တွေရဲ့ သားသမီး

တွေနဲ့ ခင်မင်ရင်းနှီးခဲ့ပြီး ခရီးတွေများစွာကိုလည်း အတူတူသွားခဲ့ကြကြောင်း လွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးနဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ ပြသလာတာကို

တွေ့ရပါတယ်။ တစ်ခေတ်တစ်ခါက လွင်မိုးနဲ့ အိန္ဒြာကျော်ဇင်တို့က အတွဲညီညီနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်ခဲ့ကြတာမို့ လွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးနဲ့

အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်တို့က ခင်မင်ရင်းနှီးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ မေတိုးခိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ နှစ်ယောက်စလုံးက အနုပညာလောကမှာ အားပေးသူပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ မင်းသမီးလေးတွေ ဖြစ်လို့နေပြီပဲ

ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း လွင်မိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ချစ်ခင်အားပေးကြသလို မေတိုးခိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ကိုလည်း ထပ်တူချစ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး

အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

credit;