တရားႏွင့္ဂါထာေတာ္

ေ႐ႊတိဂုံေစတီေတာ္ႀကီး ဖူးေျမာ္ၾကည္ညိဳလို႔ရေအာင္ ျပန္လည္မွ် ေဝေပးလိုက္ပါတယ္ ျမန္မာျပည္ႀကီး ‌ဒီကပ္ေရာဂါႀကီးမွ အျမန္ကင္းေဝးပါေစ

ေရႊတိဂံုေစတီေတာ္ႀကီးပိတ္ထားခဲ့တာ သမိုင္းမွာ ပထမဆံုးနဲ႔ အၾကာေညာင္းဆံုးျဖစ္ပါတယ္။ ေရႊတိဂံုေစတီေတာ္ဟာ ျမန္မာႏိုင္ငံရဲ႕ တန္ခိုးအႀကီးဆံုးနဲ႔ အေက်ာ္

ၾကားဆံုး တိုင္းျပည္ရဲ႕ ျပယုဂ္ တစ္ခုဆိုလဲမွားပါဘူး။ ေရႊႏိုင္ငံဆိုတဲ့ ဂုဏ္သိကၡာနဲ႔ လိုက္ဖက္က်ာ္ေဇာလွတဲ့ ေရႊတိဂံုေစတီေတာ္ ျမတ္ႀကီးရင္ျပင္ မွာ ပတ္ရတဲ့ ေန႔

ရက္ေတြကိုလႊမ္းဆြတ္လွပါတယ္။

ကံေကာင္းတာတစ္ခုရွိပါတယ္ ေရွးျမန္မာေတြရဲ႕ လံုလဥႆဟ ဆိုလည္းမမွားဘူးေပါ့ျမင့္မားလွတဲ့ ေတာင္ကုန္းဟာ ရန္ကုန္မွာ အျမင့္ဆံုး ေပ၅၀၀ေက်ာ္ ကုန္းေတာ္

နဲ႔ ေပ၃၂၆ေပ ဉာဏ္ေတာ္ေစတီေတာ္ႀကီးဟာ ေစတီေတာ္ႀကီးကို ဘယ္ေနရာကမဆိုျမင္ေနရတာပါပဲ။ ေရႊတိဂံုေစတီရဲ႕ေနရာကို နတ္ေဒဝတာေတြေရြးေပးတာတဲ့။

မယံုေသာ္ရွိ ယံုေသာ္ရွိ အေကာင္းဆံုးေနရာေရႊးခ်ယ္ႏိုင္ခဲ့တာကို အံၾသမိတယ္။

အရင္တစ္ေခတ္က စည္းမဲ့ ကမ္းမဲ့ ခြင့္ျပဳခဲ့တဲ့ထပ္ျမင့္တခ်ိဳ႕ေၾကာင့္ ေရႊခံုတိုင္ ေျမနီကုန္း လိုေနရာေတြ ကေန မျမင္ရေတာ့ေပမယ့္ က်န္ေနရာမ်ားစြာကျမင္ရပါေသး

တယ္။ ဒါေၾကာင့္ ကားေလးပတ္ေမာင္း၍ ျဖစ္ေစ လမ္းေလးျဖတ္ေလွ်ာက္၍ ျဖစ္ေစ ထည္ထည္ဝါဝါေန႔ေန႔ညည ျမင္ေနရပံုကေတာ့ ေက်နပ္မိတယ္။

အဂၤလိပ္ေတြဝင္လာေတာ့ ပင္လယ္ထဲကေနေတာင္ျမင္ရတာတဲ့ ဘုရားႀကီး ေခတ္အဆက္မင္းအဆက္ဆက္ ျပဳျပင္ခဲ့ ထိမ္းသိမ္းခဲ့ရတဲ့ National treasure အ

မ်ိဳးသားရတနာ သာသနာ့ ရတနာပါတကား။

ရာဇဝင္အရ ေရႊတိဂံုက ဘုရားသက္ေတာ္ထင္ရွား ရွိစဥ္ ပထမ ဆံုးဗုဒၶဘာသာျဖစ္ခဲ့တဲ့ ညီေနာင္၂ပါး နဲ႔ ဥကၠလာပမင္းတည္တာတဲ့ ဒါဆိုရင္ သာသနာထူေထာင္

စကတည္းက ဘုရားရွင္ နဲ႔ ေရွ႕ေနာကိ ေပၚထြန္းခဲ့တဲ့ ေလာကပထမ ဗုဒၶ ဓာတုေစတီမဟုတ္လား။ သက္ေတာ္ထင္ရွာရွိစဥ္ေပးတဲ့ ဆံေတာ္ကို ဌာပနာလို႔ ဆံေတာ္

ရွင္ပါတဲ့ ႏွစ္၂၆၀၀ေက်ာ္ၾကာေညာင္းခဲ့ ၿပီေပါ့။

အရွင္ဘုရားကေတာ့ မတၱာက႐ုဏာနဲ႔ အစဥ္ငံု႔ၾကည့္ေနခဲ့တာမဟုတ္ပါလား။

Htut Myat Thu

အလြန္တရာသပၸါယ္တဲ့ ျမင္ကြင္းကို ပူေဇာ္႐ိုက္ကူးခဲ့တဲ့ ဓာတ္ပံုဆရာကိုေက်းဇူးပါ။

credit;

Unicode

ရွှေတိဂုံစေတီတော်ကြီးပိတ်ထားခဲ့တာ သမိုင်းမှာ ပထမဆုံးနဲ့ အကြာညောင်းဆုံးဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံရဲ့ တန်ခိုးအကြီးဆုံးနဲ့

အကျော်ကြားဆုံး တိုင်းပြည်ရဲ့ ပြယုဂ် တစ်ခုဆိုလဲမှားပါဘူး။ ရွှေနိုင်ငံဆိုတဲ့ ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ကျာ်ဇောလှတဲ့ ရွှေတိဂုံစေတီတော် မြတ်ကြီးရင်ပြင်

မှာ ပတ်ရတဲ့ နေ့ရက်တွေကိုလွှမ်းဆွတ်လှပါတယ်။

ကံကောင်းတာတစ်ခုရှိပါတယ် ရှေးမြန်မာတွေရဲ့ လုံလဥဿဟ ဆိုလည်းမမှားဘူးပေါ့မြင့်မားလှတဲ့ တောင်ကုန်းဟာ ရန်ကုန်မှာ အမြင့်ဆုံး ပေ၅၀၀ကျော်

ကုန်းတော်နဲ့ ပေ၃၂၆ပေ ဉာဏ်တော်စေတီတော်ကြီးဟာ စေတီတော်ကြီးကို ဘယ်နေရာကမဆိုမြင်နေရတာပါပဲ။ ရွှေတိဂုံစေတီရဲ့နေရာကို နတ်ဒေဝတာတွေ

ရွေးပေးတာတဲ့။ မယုံသော်ရှိ ယုံသော်ရှိ အကောင်းဆုံးနေရာရွှေးချယ်နိုင်ခဲ့တာကို အံသြမိတယ်။

အရင်တစ်ခေတ်က စည်းမဲ့ ကမ်းမဲ့ ခွင့်ပြုခဲ့တဲ့ထပ်မြင့်တချို့ကြောင့် ရွှေခုံတိုင် မြေနီကုန်း လိုနေရာတွေ ကနေ မမြင်ရတော့ပေမယ့် ကျန်နေရာများစွာကမြင်ရပါ

သေးတယ်။ ဒါကြောင့် ကားလေးပတ်မောင်း၍ ဖြစ်စေ လမ်းလေးဖြတ်လျှောက်၍ ဖြစ်စေ ထည်ထည်ဝါဝါနေ့နေ့ညည မြင်နေရပုံကတော့ ကျေနပ်မိတယ်။

အင်္ဂလိပ်တွေဝင်လာတော့ ပင်လယ်ထဲကနေတောင်မြင်ရတာတဲ့ ဘုရားကြီး ခေတ်အဆက်မင်းအဆက်ဆက် ပြုပြင်ခဲ့ ထိမ်းသိမ်းခဲ့ရတဲ့ National treasure

အမျိုးသားရတနာ သာသနာ့ ရတနာပါတကား။

ရာဇဝင်အရ ရွှေတိဂုံက ဘုရားသက်တော်ထင်ရှား ရှိစဉ် ပထမ ဆုံးဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ ညီနောင်၂ပါး နဲ့ ဥက္ကလာပမင်းတည်တာတဲ့ ဒါဆိုရင်

သာသနာထူထောင်စကတည်းက ဘုရားရှင် နဲ့ ရှေ့နောကိ ပေါ်ထွန်းခဲ့တဲ့ လောကပထမ ဗုဒ္ဓ ဓာတုစေတီမဟုတ်လား။ သက်တော်ထင်ရှာရှိစဉ်ပေးတဲ့

ဆံတော်ကို ဌာပနာလို့ ဆံတော်ရှင်ပါတဲ့ နှစ်၂၆၀၀ကျော်ကြာညောင်းခဲ့ ပြီပေါ့။

အရှင်ဘုရားကတော့ မတ္တာကရုဏာနဲ့ အစဉ်ငုံ့ကြည့်နေခဲ့တာမဟုတ်ပါလား။

Htut Myat Thu

အလွန်တရာသပ္ပါယ်တဲ့ မြင်ကွင်းကို ပူဇော်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာကိုကျေးဇူးပါ။

credit;