ဆယ္လီသတင္း

ေက်ာ္ထက္ေအာင္အတြက္ ကိုယ္တိုင္လုပ္ထားတဲ့ ကိတ္မုန႔္ေလးေပးၿပီး ေမြးေန႔လက္ေဆာင္ေပးခဲ့တဲ့ ” ျဖဴျဖဴေက်ာ္သိန္း”

အမိုက္စား Vocal Power နဲ႔ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းဟာ ဂီတေလာကရဲ႕ ဘုရင္မတစ္ပါးလို႔ေတာင္ တင္စားရသူပါပဲ။ ျဖဴျဖဴေက်ာ္သိန္းရဲ႕ သီခ်င္းတိုင္းက ပရိသတ္ေတြၾကားမွာ

ေတာ္ေတာ္ေလး ေအာင္ျမင္ၿပီး ယခုထက္တိုင္ ေရပန္းစားေနဆဲ ျဖစ္ပါတယ္။

အႏုပညာမွာလည္း ထိပ္ဆုံးမွာရွိသလို၊ ဆရာဝန္တစ္ေယာက္လည္းျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက ဒီေန႔ဒီအခ်ိန္ထိ အိမ္ေထာင္ဖက္ကို မရွာေဖြေသးပဲ တစ္ကိုယ္တည္း အပ်ိဳႀကီးအျဖစ္နဲ႔.

ေတးသီခ်င္းေတြကို သီဆိုေနဆဲ ျဖစ္ပါတယ္။

ခင္မင္ရင္းႏွီးရသူေတြအေပၚဆိုရင္ မိသားစုတစ္ေယာက္လို သေဘာထားတတ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက ဒီတစ္ေခါက္မွာလည္း သူမနဲ႔ အရမ္းကို ခင္မင္ရင္းႏွီးရတဲ့ သ႐ုပ္ေဆာင္

ေက်ာ္ထက္ေအာင္ရဲ႕ အိမ္ကို အလည္သြားၿပီး သူမကိုယ္တိုင္လုပ္ထားတဲ့ ကိတ္မု႔န္ေလးကို လက္ေဆာင္သြားေပးခဲ့ပါတယ္။

မေန႔က စက္တင္ဘာလ (၁၄) ရက္ေန႔က ေက်ာ္ထက္ေအာင္ရဲ႕ ေမြးေန႔ေလးျဖစ္တာမို႔ ျဖဴျဖဴေက်ာ္သိန္းက ေစတနာအျပည့္ပါတဲ့ ကိတ္မုန႔္ေလးကို လက္ေဆာင္အျဖစ္ ေပးခဲ့တာပဲ ျဖစ္

ပါတယ္။

ေက်ာ္ထင္ေအာင္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔ကေတာ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ အခန္းက႑အသီးသီးကေန ပါဝင္ခဲ့ၿပီး ခင္မင္ရင္းႏွီးခဲ့ၾကသူေတြျဖစ္ၿပီး ေက်ာ္ထက္ေအာင္ကလည္း

ျဖဴျဖဴေက်ာ္သိန္းရဲ႕ သီခ်င္း MV ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေပးေလ့ရွိတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး

တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

credit;

Unicode

အမိုက်စား Vocal Power နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတလောကရဲ့ ဘုရင်မတစ်ပါးလို့တောင် တင်စားရသူပါပဲ။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ

တော်တော်လေး အောင်မြင်ပြီး ယခုထက်တိုင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

အနုပညာမှာလည်း ထိပ်ဆုံးမှာရှိသလို၊ ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ဖြူဖြူကျော်သိန်းက ဒီနေ့ဒီအချိန်ထိ အိမ်ထောင်ဖက်ကို မရှာဖွေသေးပဲ တစ်ကိုယ်တည်း အပျိုကြီး

အဖြစ်နဲ့. တေးသီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။

ခင်မင်ရင်းနှီးရသူတွေအပေါ်ဆိုရင် မိသားစုတစ်ယောက်လို သဘောထားတတ်တဲ့ ဖြူဖြူကျော်သိန်းက ဒီတစ်ခေါက်မှာလည်း သူမနဲ့ အရမ်းကို ခင်မင်ရင်းနှီးရတဲ့ သရုပ်ဆောင်

ကျော်ထက်အောင်ရဲ့ အိမ်ကို အလည်သွားပြီး သူမကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မု့န်လေးကို လက်ဆောင်သွားပေးခဲ့ပါတယ်။ မနေ့က စက်တင်ဘာလ (၁၄) ရက်နေ့က ကျော်ထက်

အောင်ရဲ့ မွေးနေ့လေးဖြစ်တာမို့ ဖြူဖြူကျော်သိန်းက စေတနာအပြည့်ပါတဲ့ ကိတ်မုန့်လေးကို လက်ဆောင်အဖြစ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ထင်အောင်နဲ့ ဖြူဖြူကျော်သိန်းတို့ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်ခဲ့ပြီး ခင်မင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပြီး ကျော်ထက်အောင်က

လည်း ဖြူဖြူကျော်သိန်းရဲ့ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်

ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

credit;