ဆယ္လီသတင္း

ေရွ႕တန္းက တိုက္ပြဲဝင္ေနၾကရတဲ့ က်န္းမာေရးအတြက္ ညီနႏၵရဲ႕ေထာပတ္ထမင္းအလႉမွာ ပါဝင္အားျဖည့္ခဲ့တဲ့ စည္ၿဖိဳးတို႔မိသားစု

ကိုဗစ္ကာလစတင္ကတည္းက ေထာပတ္ထမင္းေရာင္းခ်ၿပီး ရပ္တည္လာခဲ့တဲ့ ညီနႏၵကေတာ့ Second Wave မွာ တိုက္ပြဲဝင္ေနၾကတဲ့ ဆရာဝန္ေတြနဲ႔က်န္းမာေရးဝန္ထမ္းေတြအတြက္

လြန္ခဲ့တဲ့ရက္ပိုင္းက ေထာပတ္ထမင္းလႉဒါန္းေပးႏိုင္ဖို႔ စီစဥ္ခဲ့ၿပီး သူကိုယ္တိုင္လည္း (၂၅) ပြဲစတင္လႉဒါန္းခဲ့ပါတယ္။

ဒါ့အျပင္ သူနဲ႔အတူလႉဒါန္းခ်င္သူေတြကိုလည္း ဖိတ္ေခၚခဲ့ၿပီး ေရွ႕တန္းတိုက္စစ္မႉးေတြအတြက္ ႏိုင္သေလာက္ကူၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ ျမန္မာလူမ်ိဳးေတြရဲ႕ေစတနာသဒၶါတရားထက္

သန္မႈေၾကာင့္ ေလးရက္အတြင္းမွာ ပြဲ(၁၀၀၀) ေက်ာ္လႉဒါန္းဖို႔ လက္ခံရရွိခဲ့ၿပီျဖစ္ပါတယ္။ အခုလိုလႉဒါန္းၾကတဲ့အထဲမွာ အလႉေရစက္လက္နဲ႔မကြာ အၿမဲလႉဒါန္းေလ့ရွိတဲ့ စည္ၿဖိဳးတို႔မိသားစု

လည္း ပါဝင္ခဲ့ပါတယ္။

ကြယ္လြန္သူ ဆရာမ ET ( ေဒၚေဆြေဆြဝင္း) အားရည္စူးၿပီး အဖြားေဒၚသန္းေအးမွ ေထာပတ္ထမင္းပြဲ(၁၀၀) ဦးထြန္းေအာင္+ ေဒၚသီသီဝင္း၊ သားစည္ၿဖိဳး၊ခင္လႊမ္း၊ ျပည့္ၿဖိဳး မိသားစုမွ

ေထာပတ္ထမင္းပြဲ(၂၀၀) လႉဒါန္းေပးခဲ့ေၾကာင္း ညီနႏၵက မွ်ေဝခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါကို အစြမ္းရွိသမွ် ကာကြယ္တြန္းလွန္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေထာပတ္ထမင္းအလႉေလးမွာ ပါဝင္ခဲ့ၾကတဲ့အလႉရွင္မ်ားအားလုံး ေကာင္းက်ိဳးလိုအင္

ဆႏၵျပည့္ဝဖို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

credit;

Unicode

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး ရပ်တည်လာခဲ့တဲ့ ညီနန္ဒကတော့ Second Wave မှာ တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေ

အတွက် လွန်ခဲ့တဲ့ရက်ပိုင်းက ထောပတ်ထမင်းလှူဒါန်းပေးနိုင်ဖို့ စီစဉ်ခဲ့ပြီး သူကိုယ်တိုင်လည်း (၂၅) ပွဲစတင်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် သူနဲ့အတူလှူဒါန်းချင်သူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ရှေ့တန်းတိုက်စစ်မှူးတွေအတွက် နိုင်သလောက်ကူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာလူမျိုးတွေရဲ့စေတနာ

သဒ္ဓါတရားထက်သန်မှုကြောင့် လေးရက်အတွင်းမှာ ပွဲ(၁၀၀၀) ကျော်လှူဒါန်းဖို့ လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလိုလှူဒါန်းကြတဲ့အထဲမှာ အလှူရေစက်လက်နဲ့မကွာ အမြဲ

လှူဒါန်းလေ့ရှိတဲ့ စည်ဖြိုးတို့မိသားစုလည်း ပါဝင်ခဲ့ပါတယ်။

ကွယ်လွန်သူ ဆရာမ ET ( ဒေါ်ဆွေဆွေဝင်း) အားရည်စူးပြီး အဖွားဒေါ်သန်းအေးမှ ထောပတ်ထမင်းပွဲ(၁၀၀) ဦးထွန်းအောင်+ ဒေါ်သီသီဝင်း၊ သားစည်ဖြိုး၊ခင်လွှမ်း၊ ပြည့်ဖြိုး

မိသားစုမှ ထောပတ်ထမင်းပွဲ(၂၀၀) လှူဒါန်းပေးခဲ့ကြောင်း ညီနန္ဒက မျှဝေခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကို အစွမ်းရှိသမျှ ကာကွယ်တွန်းလှန်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းအလှူလေးမှာ ပါဝင်ခဲ့ကြတဲ့အလှူရှင်များအားလုံး

ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit;