ဆယ္လီသတင္း

က်န္းမာေရးအေျခအေန တိုးတက္လာၿပီျဖစ္တဲ့ စစ္သူႀကီး ေဗလုဝ

စကားေတြေတာ့ အမ်ားႀကီး မေျပာႏိုင္ေသးဘူး။ေဗလုဝရဲ႕ က်န္းမာေရးအျမန္ဆုံး ျပန္ေကာင္းလာႏိုင္ဖို႔ ေသေသခ်ာခ်ာ ျပဳစုေပးေနရတယ္လို႔ ဇနီးျဖစ္သူ ေဒၚစုစုႏိုင္က အခုလို ေျပာျပလာ

ပါတယ္။သ႐ုပ္ေဆာင္ ေဗလုဝကေတာ့ လက္ရွိမွာ က်န္းမာေရးမေကာင္းတာေၾကာင့္ အႏုပညာအလုပ္ေတြ နားထားရတာျဖစ္ပါတယ္။ အခုခ်ိန္မွာ စကားမေျပာႏိုင္ေသးေပမယ့္ က်န္းမာ

ေရး အေျခအေန တိုးတက္လာတယ္လို႔ သူ႔ရဲ႕ ဇနီးျဖစ္သူ ေဒၚစုစုႏိုင္က ေျပာပါတယ္။

” ဦးေဗရဲ႕ က်န္းမာေရးကေတာ့ ေတာ္ေတာ္တိုးတက္လာၿပီ။ လမ္းလည္း ေတာ္ေတာ္ ေလွ်ာက္ႏိုင္လာၿပီ။ လက္ေလးတစ္ဖက္ ေလ့က်င့္ခန္းလုပ္ဖို႔ပဲ ရွိေတာ့တာပါ။ စကားကေတာ့ မ်ား

မ်ားစားစား သိပ္မေျပာႏိုင္ဘူး။ သူလိုခ်င္တဲ့ အရာေလးေတြေလာက္ပဲ ေျပာတယ္။ သူ႔ကို ကေလးတစ္ေယာက္လိုပဲ အရိပ္တၾကည့္ၾကည့္နဲ႔ ျပဳစုေပးေနရတာေပါ့။ အခုခ်ိန္မွာ သူက်န္းမာ

ေရးမေကာင္းလို႔ အလုပ္ေတြမလုပ္ႏိုင္တာ ျဖစ္တဲ့အတြက္ ကိုယ္က နားလည္တယ္” လို႔ သူကဆိုပါတယ္။

ေဗလုဝနဲ႔ ဇနီးျဖစ္သူ ေဒၚစုစုႏိုင္တို႔မွာေတာ့ သားႏွစ္ေယာက္ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ေဗလုဝအေနနဲ႔ က်န္းမာေရးအေျခအေနေကာင္းခဲ့စဥ္က မိသားစုအတြက္ အရမ္းေတာ္တဲ့

အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ခဲ့တယ္လို႔ ေဒၚစုစုႏိုင္က ေျပာပါတယ္။

“ သူက အရမ္းေတာ္တဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ က်န္းမာေရးေကာင္းတုန္းကဆိုရင္ ေန႔ဘက္ဆို ကား႐ိုက္၊ ညဘက္ဆို ပြဲက ဆက္တိုက္ကို မနားဘူး။ ၿပီးေတာ့ သူ

ေဟာေျပာပြဲေတြ သြားတာလည္း ေန႔ေရာ၊ ညေရာ မနားရဘူး။ အလုပ္ေတြ ရရင္ရသလို သူ လက္ခံၿပီး အလုပ္ေတြ လုပ္ခဲ့တာပဲ။

အခုေတာင္မွ က်န္းမာေရး ျပန္ေကာင္းရင္ အလုပ္ေတြ ျပန္လုပ္မယ္ ဆိုတာခ်ည္းပဲ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္၊

ဇန္နဝါရီလ ၁၀ ရက္ေန႔က စၿပီး ေဆးကုသမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ေဆးကုသမႈ ခံယူေနစဥ္မွာလည္း ဆုံးပါးသြားၿပီဆိုတဲ့ သတင္းအမွားေတြ ထြက္ရွိခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္

မေကာင္းျဖစ္ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ သူဟာ ေနအိမ္မွာပဲ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ခံယူေနရသူပါ။ “ဘီလူး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့

သ႐ုပ္ေဆာင္ ေဗလုဝဟာ အခုဆိုရင္ အႏုပညာသက္တမ္းႏွစ္(၂၀) ေက်ာ္လာၿပီျဖစ္ပါတယ္။

သူဟာ “ဤအရာကို အခ်စ္လို႔ေခၚသလား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာ

ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

credit;

Unicode

စကားတွေတော့ အများကြီး မပြောနိုင်သေးဘူး။ဗေလုဝရဲ့ ကျန်းမာရေးအမြန်ဆုံး ပြန်ကောင်းလာနိုင်ဖို့ သေသေချာချာ ပြုစုပေးနေရတယ်လို့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က အခုလို ပြောပြလာ

ပါတယ်။သရုပ်ဆောင် ဗေလုဝကတော့ လက်ရှိမှာ ကျန်းမာရေးမကောင်းတာကြောင့် အနုပညာအလုပ်တွေ နားထားရတာဖြစ်ပါတယ်။ အခုချိန်မှာ စကားမပြောနိုင်သေးပေမယ့်

ကျန်းမာရေး အခြေအနေ တိုးတက်လာတယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က ပြောပါတယ်။

” ဦးဗေရဲ့ ကျန်းမာရေးကတော့ တော်တော်တိုးတက်လာပြီ။ လမ်းလည်း တော်တော် လျှောက်နိုင်လာပြီ။ လက်လေးတစ်ဖက် လေ့ကျင့်ခန်းလုပ်ဖို့ပဲ ရှိတော့တာပါ။ စကား

ကတော့ များများစားစား သိပ်မပြောနိုင်ဘူး။ သူလိုချင်တဲ့ အရာလေးတွေလောက်ပဲ ပြောတယ်။ သူ့ကို ကလေးတစ်ယောက်လိုပဲ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေရတာပေါ့။ အခုချိန်

မှာ သူကျန်းမာရေးမကောင်းလို့ အလုပ်တွေမလုပ်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ်က နားလည်တယ်” လို့ သူကဆိုပါတယ်။

ဗေလုဝနဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်တို့မှာတော့ သားနှစ်ယောက်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဗေလုဝအနေနဲ့ ကျန်းမာရေးအခြေအနေကောင်းခဲ့စဉ်က မိသားစုအတွက် အရမ်း

တော်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဒေါ်စုစုနိုင်က ပြောပါတယ်။

“ သူက အရမ်းတော်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးကောင်းတုန်းကဆိုရင် နေ့ဘက်ဆို ကားရိုက်၊ ညဘက်ဆို ပွဲက ဆက်တိုက်ကို မနားဘူး။ ပြီးတော့

သူ ဟောပြောပွဲတွေ သွားတာလည်း နေ့ရော၊ ညရော မနားရဘူး။ အလုပ်တွေ ရရင်ရသလို သူ လက်ခံပြီး အလုပ်တွေ လုပ်ခဲ့တာပဲ။

အခုတောင်မှ ကျန်းမာရေး ပြန်ကောင်းရင် အလုပ်တွေ ပြန်လုပ်မယ် ဆိုတာချည်းပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀

ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ဆေးကုသမှု ခံယူနေစဉ်မှာလည်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ရှိခဲ့တာ

ကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေရသူပါ။ “ဘီလူး” ရုပ်ရှင်ဇာတ်ကားနဲ့

အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။

သူဟာ “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ

စွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

credit;