ပြည်တွင်းသတင်း

ဟားခါး−ဂန့်ဂေါလမ်းတွင် ခြောက်ဘီးယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

======================================

ဟားခါး စက်တင်ဘာ ၁၆











ခရိုင်(ပြန်/ဆက်)

credit;

Unicode

ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား
======================================

ဟားခါး စက်တင်ဘာ ၁၆

ချင်းပြည်နယ် ဟားခါးမြို့မှ (၁၃)မိုင်ခန့်အကွာ ဟားခါး− ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးသည်

စက်တင်ဘာ ၁၆ရက် နံနက် ၁၁ နာရီ ခန့်က ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်ပိုင်ရှင် ဒေါ်ငွန်ဇဒင်း ၊ ယာဉ်မောင်း ဉီးကိုင်ဒိုက်လျန် အသက် (၃၂) နှစ် ၊ မောင်းနှင်လာ

သည့် ခြောက်ဘီးကား အဖြူရောင်ယာဉ် သည် ကြက်ကောင်ရေ(၈၀၀)ခန့် တင်ဆောင်ပြီး မောင်းနှင်ရာမှ အရှိန်လွန်၍ ချောက်ထဲသို့ ထိုးကျကာ တိမ်း

မှောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ

နှင့် အုပ်ချုပ်မှု ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး စုစုပေါင်း (၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်မောင်း ဉီးကိုင်

ဒိုက်လျန်မှာ ယာဘက်ခြေမ ပေါက်ပြဲဒဏ်ရာ ၊ နောက်ကျော ပွန်း/ခြစ် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ဉီးဗန်နီလျန် အသက်(၁၈)နှစ်မှာ ဝဲ

ဘက်အပေါ်မျက်ခုံး ပေါက်ပြဲ ဒဏ်ရာ ၊ ယာဘက်တစ်တောင်ဆစ် ပွန်း/ခြစ်ဒဏ်ရာ၊ နောက်ကျော ပွန်း/ခြစ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး ဟားခါးမြို့ ၊ ပြည်သူ့

ဆေးရုံကြီးသို့ ခရီးသွားပြည်သူ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ် မီးသတ်ဉီးစီးဌာနမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဉီးကိုင်ဒိုက်လျန် အား ဟားခါးမြို့မရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ

သည်။

ခရိုင်(ပြန်/ဆက်)

credit;