ႏိုင္ငံတကာသတင္း

တ႐ုတ္နိုင္ငံပိုင္ ဇီဝေဆးဝါးထုတ္လုပ္ေရးစက္႐ုံမွ ဘက္တီးရီးယားပိုး ပ်ံ႕ႏွံ႔ၿပီး လူေပါင္းေထာင္ခ်ီ ေရာဂါကူးစက္

ၿပီးခဲ့ေသာႏွစ္က တိရစာၦန္ေဆးဝါးမ်ား ထုတ္လုပ္သည့္ တ႐ုတ္နိုင္ငံပိုင္ ဇီဝေဆးဝါးထုတ္လုပ္ေရး စက္႐ုံမွတစ္ဆင့္ ဘက္တီးရီးယား ပိုးပ်ံ့ႏွံ႕မႈေၾကာင့္ နိုင္ငံအ

ေနာက္ေျမာက္ပိုင္းတြင္ လူေပါင္းေထာင္ခ်ီ ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

တိရစာၦန္ သို႔မဟုတ္ တိရစာၦန္ ထုတ္ကုန္မ်ားမွ လူသို႔ ကူးစက္သည့္ ဘ႐ူဆယ္လိုးစစ္ ေရာဂါသည္ လူ ၃,၂၄၅ ဦးတြင္ ကူးစက္ေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္

ဟု လန္က်ိဳးၿမိဳ႕က်န္းမာေရးအရာရွိမ်ားက ေျပာၾကားခဲ့သည္။

အာဏာပိုင္မ်ားက ေဒသခံ ၂၂,၀၀၀ နီးပါးကို စစ္ေဆးခဲ့ၿပီးေနာက္ လူ ၁,၄၀၁ ဦးတြင္ အႀကိဳေရာဂါျပမႈအျဖစ္ စစ္ေဆးေတြ႕ရွိခဲ့ေသာ္လည္း လူတစ္ဦးမွ တစ္ဦးသို႔

ကူးစက္သည့္ သက္ေသအေထာက္အထားမေတြ႕ရွိဟု က်န္းမာေရးအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ေရာဂါေၾကာင့္ ေသဆုံးသူ မရွိေသးေပ။ လန္က်ိဳးဇီဝေဆးဝါး

ထုတ္လုပ္ေရးစက္႐ုံတြင္ တိရစာၦန္မ်ားအတြက္ ဘ႐ူဆယ္လာ ကာကြယ္ေဆးထုတ္လုပ္ေနျခင္းျဖစ္ၿပီး လြန္ခဲ့ေသာႏွစ္ ဇူလိုင္မွ ၾသဂုတ္အတြင္း သက္တမ္းကုန္ေန

သည့္ ပိုးသတ္ေဆးမ်ားကို အသုံးျပဳခဲ့ရာမွ ဘက္တီးရီးယားပိုးမ်ား ပ်ံ့ႏွံ႕ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေတြ႕ရွိခဲ့သည္။

ယင္းစက္႐ုံမွ ထုတ္လႊတ္သည့္ အိတ္ေဇာေငြ႕မ်ားတြင္ ဘက္တီးရီးယားမ်ား ပါဝင္ေသာ အဆိပ္ရွိ ဓာတ္ေငြ႕မ်ားသည္ ေလထုအတြင္း ပ်ံ့ႏွံ႕သြားၿပီး လန္က်ိဳးတိရစာၦ

န္ေဆးကု သုေတသနဌာနဝင္းအတြင္းသို႔ ပ်ံ့ႏွံ႕ေရာက္ရွိကာ လြန္ခဲ့ေသာႏွစ္ ဒီဇင္ဘာတြင္ လူ၂၀၀ နီးပါး ေရာဂါပိုး ကူးစက္ခဲ့သည္။

လန္က်ိဳးတကၠသိုလ္မွ ေက်ာင္းသား ၂၀ ေက်ာ္ႏွင့္ ဆရာ၊ ဆရာမ်ား၊ သုေတသနဝန္းအတြင္းရွိ လူမ်ားတြင္ ေရာဂါကူးစက္ခံခဲ့ရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ဟု

ဆင္ဟြာသတင္းေအဂ်င္စီတြင္ ေဖာ္ျပထားသည္။

သိုး၊ ကြၽဲ၊ ႏြားႏွင့္ ဝက္မ်ားသည္ ဗိုင္းရပ္စ္ပ်ံ့ႏွံ႕မႈ အမ်ားဆုံးျဖစ္ေစသည့္ တိရစာၦန္မ်ား ျဖစ္သည္ဟု လန္က်ိဳးက်န္းမာေရးေကာ္မရွင္က စက္တင္ဘာ ၁၈ ရက္တြင္

ျေပာၾကားခဲ့သည္။

ေျမထဲပင္လယ္အဖ်ား သို႔မဟုတ္ ေမာ္လ္တာအဖ်ား (Malta Fever) ဟု လူသိမ်ားေသာဘ႐ူဆယ္လိုးစစ္ေရာဂါ ကူးစက္ခံရသူမ်ားသည္ ဖ်ားနာျခင္း၊ အဆစ္

အျမစ္ နာက်င္ကိုက္ခဲျခင္းႏွင့္ ေခါင္းကိုက္ျခင္း အစရွိေသာ ေဝဒနာမ်ားကို ခံစားရသည္ဟု လန္က်ိဳးၿမိဳ႕က်န္းမာေရး အရာရွိမ်ားက ေျပာၾကားခဲ့သည္။

ဘ႐ူဆယ္လိုးစစ္ေရာဂါသည္ လူတစ္ဦးမွ တစ္ဦးသို႔ ကူးစက္နိုင္ေျခ အလြန္နည္းပါးေသာ္လည္း ျပန္လည္ဖ်ားနာျခင္း၊ အဆစ္ေရာင္ရမ္းျခင္းႏွင့္ နာတာရွည္ ပင္ပန္း

ႏြမ္းနယ္ျခင္း အပါအဝင္ အခ်ိဳ႕ေရာဂါလကၡဏာမ်ားသည္ ျပန္လည္ျဖစ္ေပၚျခင္း သို႔မဟုတ္ ေပ်ာက္ကင္းျခင္း မရွိေတာ့သည့္ အေျခအေနမ်ား ႀကဳံေတြ႕ရေလ့ရွိသည္။

ယခုႏွစ္ အေစာပိုင္းတြင္ ၎စက္႐ုံသည္ ေတာင္းပန္စကား ေျပာၾကားခဲ့ၿပီး လန္က်ိဳးအာဏာပိုင္မ်ားက ၎၏ ေဆးဝါးထုတ္လုပ္မႈ လိုင္စင္ကို ႐ုပ္သိမ္းခဲ့သည္။

ေအာက္တိုဘာလတြင္ ေရာဂါကူးစက္ခံရသူမ်ားကို ေလ်ာ္ေၾကးမ်ား စတင္ထုတ္ေပးသြားမည္ဟု ျပည္တြင္းအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

လန္က်ိဳးက်န္းမာေရးေကာ္မရွင္က ပုဂၢလိကေဆး႐ုံ ၁၁ ႐ုံတြင္ ကူးစက္ခံရသည့္ လူနာမ်ားကို အခမဲ့ကုသေပးမႈမ်ား၊ ပုံမွန္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေပးရန္ စီစဥ္

ထားသည္ဟု လန္က်ိဴးက်န္းမာေရးေကာ္မရွင္က ထုတ္ျပန္ခဲ့သည္။

တ႐ုတ္တြင္ ဘ႐ူဆယ္လိုးစစ္ေရာဂါပိုးကို လူသိမ်ားျခင္း မရွိသည္ႏွင့္အတူ ၎ေရာဂါအတြက္ ေဆးဝါးမ်ား ေပၚေပါက္ခဲ့ၿပီး ေရာဂါကာကြယ္ ထိန္းခ်ဳပ္မႈမ်ားကို

ေကာင္းမြန္စြာ လုပ္ေဆာင္နိုင္ခဲ့သည့္အတြက္ ၁၉၈၀ ခုႏွစ္ေနာက္ပိုင္း ေရာဂါကူးစက္မႈအေရအတြက္မွာ က်ဆင္းသြားခဲ့သည္။

ၿဗိတိန္နိုင္ငံတြင္ ယင္းေရာဂါပိုး ျဖစ္ပြားမႈ မရွိသေလာက္ နည္းပါးသည္ဟု အမ်ိဳးသားက်န္းမာေရး သုေတသနဌာနက ထုတ္ျပန္ထားေသာ္လည္း လြန္ခဲ့ေသာ ဆယ္

စုႏွစ္ အနည္းငယ္အတြင္း ကမာၻတစ္ဝန္းတြင္ ေရာဂါကူးစက္မႈမ်ား ျဖစ္ပြားခဲ့သည္။

credit;

Unicode

ပြီးခဲ့သောနှစ်က တိရစ္ဆာန်ဆေးဝါးများ ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် ဇီဝဆေးဝါးထုတ်လုပ်ရေး စက်ရုံမှတစ်ဆင့် ဘက်တီးရီးယား ပိုးပျံ့နှံ့မှုကြောင့်

နိုင်ငံအနောက်မြောက်ပိုင်းတွင် လူပေါင်းထောင်ချီ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

တိရစ္ဆာန် သို့မဟုတ် တိရစ္ဆာန် ထုတ်ကုန်များမှ လူသို့ ကူးစက်သည့် ဘရူဆယ်လိုးစစ် ရောဂါသည် လူ ၃,၂၄၅ ဦးတွင် ကူးစက်နေကြောင်း စစ်ဆေး

တွေ့ရှိခဲ့သည်ဟု လန်ကျိုးမြို့ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

အာဏာပိုင်များက ဒေသခံ ၂၂,၀၀၀ နီးပါးကို စစ်ဆေးခဲ့ပြီးနောက် လူ ၁,၄၀၁ ဦးတွင် အကြိုရောဂါပြမှုအဖြစ် စစ်ဆေးတွေ့ရှိခဲ့သော်လည်း လူတစ်ဦးမှ

တစ်ဦးသို့ ကူးစက်သည့် သက်သေအထောက်အထားမတွေ့ရှိဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ ရောဂါကြောင့် သေဆုံးသူ မရှိသေးပေ။

လန်ကျိုးဇီဝဆေးဝါး ထုတ်လုပ်ရေးစက်ရုံတွင် တိရစ္ဆာန်များအတွက် ဘရူဆယ်လာ ကာကွယ်ဆေးထုတ်လုပ်နေခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ် ဇူလိုင်မှ သြဂုတ်

အတွင်း သက်တမ်းကုန်နေသည့် ပိုးသတ်ဆေးများကို အသုံးပြုခဲ့ရာမှ ဘက်တီးရီးယားပိုးများ ပျံ့နှံ့ခဲ့ကြောင်း အာဏာပိုင်များက တွေ့ရှိခဲ့သည်။

ယင်းစက်ရုံမှ ထုတ်လွှတ်သည့် အိတ်ဇောငွေ့များတွင် ဘက်တီးရီးယားများ ပါဝင်သော အဆိပ်ရှိ ဓာတ်ငွေ့များသည် လေထုအတွင်း ပျံ့နှံ့သွားပြီး လန်

ကျိုးတိရစ္ဆာန်ဆေးကု သုတေသနဌာနဝင်းအတွင်းသို့ ပျံ့နှံ့ရောက်ရှိကာ လွန်ခဲ့သောနှစ် ဒီဇင်ဘာတွင် လူ၂၀၀ နီးပါး ရောဂါပိုး ကူးစက်ခဲ့သည်။

လန်ကျိုးတက္ကသိုလ်မှ ကျောင်းသား ၂၀ ကျော်နှင့် ဆရာ၊ ဆရာများ၊ သုတေသနဝန်းအတွင်းရှိ လူများတွင် ရောဂါကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိ

ခဲ့သည်ဟု ဆင်ဟွာသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

သိုး၊ ကျွဲ၊ နွားနှင့် ဝက်များသည် ဗိုင်းရပ်စ်ပျံ့နှံ့မှု အများဆုံးဖြစ်စေသည့် တိရစ္ဆာန်များ ဖြစ်သည်ဟု လန်ကျိုးကျန်းမာရေးကော်မရှင်က စက်တင်ဘာ

၁၈ ရက်တွင် ပြောကြားခဲ့သည်။

မြေထဲပင်လယ်အဖျား သို့မဟုတ် မော်လ်တာအဖျား (Malta Fever) ဟု လူသိများသောဘရူဆယ်လိုးစစ်ရောဂါ ကူးစက်ခံရသူများသည် ဖျားနာခြင်း၊ အဆစ်

အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း အစရှိသော ဝေဒနာများကို ခံစားရသည်ဟု လန်ကျိုးမြို့ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။

ဘရူဆယ်လိုးစစ်ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေ အလွန်နည်းပါးသော်လည်း ပြန်လည်ဖျားနာခြင်း၊ အဆစ်ရောင်ရမ်းခြင်းနှင့် နာတာရှည်

ပင်ပန်းနွမ်းနယ်ခြင်း အပါအဝင် အချို့ရောဂါလက္ခဏာများသည် ပြန်လည်ဖြစ်ပေါ်ခြင်း သို့မဟုတ် ပျောက်ကင်းခြင်း မရှိတော့သည့် အခြေအနေများ ကြုံတွေ့ရ

လေ့ရှိသည်။

ယခုနှစ် အစောပိုင်းတွင် ၎င်းစက်ရုံသည် တောင်းပန်စကား ပြောကြားခဲ့ပြီး လန်ကျိုးအာဏာပိုင်များက ၎င်း၏ ဆေးဝါးထုတ်လုပ်မှု လိုင်စင်ကို ရုပ်သိမ်း

ခဲ့သည်။

အောက်တိုဘာလတွင် ရောဂါကူးစက်ခံရသူများကို လျော်ကြေးများ စတင်ထုတ်ပေးသွားမည်ဟု ပြည်တွင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

လန်ကျိုးကျန်းမာရေးကော်မရှင်က ပုဂ္ဂလိကဆေးရုံ ၁၁ ရုံတွင် ကူးစက်ခံရသည့် လူနာများကို အခမဲ့ကုသပေးမှုများ၊ ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်ပေး

ရန် စီစဉ်ထားသည်ဟု လန်ကျိူးကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တရုတ်တွင် ဘရူဆယ်လိုးစစ်ရောဂါပိုးကို လူသိများခြင်း မရှိသည်နှင့်အတူ ၎င်းရောဂါအတွက် ဆေးဝါးများ ပေါ်ပေါက်ခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်မှု

များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၁၉၈၀ ခုနှစ်နောက်ပိုင်း ရောဂါကူးစက်မှုအရေအတွက်မှာ ကျဆင်းသွားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ယင်းရောဂါပိုး ဖြစ်ပွားမှု မရှိသလောက် နည်းပါးသည်ဟု အမျိုးသားကျန်းမာရေး သုတေသနဌာနက ထုတ်ပြန်ထားသော်လည်း လွန်ခဲ့သော

ဆယ်စုနှစ် အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

credit;