ျပည္တြင္းသတင္း

Covid-19 ေရာဂါကုသေရး ထပ္မံဖြင့္လွစ္မည့္ ဧရာဝတီစင္တာ ၂ခုအတြက္ ၂၄ နာရီအတြင္း ေစတနာ့ဝန္ထမ္း ၁၅၀၀ေက်ာ္ ေလၽွာက္ထား

ထပ္မံဖြင့္လွစ္မည့္ ဧရာဝတီစင္တာ ၂ခုအတြက္ ၂၄ နာရီအတြင္း ေစတနာ့ဝန္ထမ္း ၁၅၀၀ေက်ာ္ ေလၽွာက္ထား
=====================================

Covid-19 ေရာဂါကုသေရး စင္တာမ်ားအျဖစ္ ထပ္မံဖြင့္လွစ္သြားမည့္ ဧရာ၀တီစင္တာ ၂ခုအတြက္ ေစတနာ၀န္ထမ္းမ်ားကို ဖိတ္ေခၚခဲ့ရာ ၂၄ နာရီအတြင္း

ေစတနာ့ဝန္ထမ္း ၁၅၀၀ေက်ာ္ ေလၽွာက္ထားခဲ့ေၾကာင္း ဧရာ၀တီေဖာင္ေဒးရွင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လိုအပ္ခ်က္ ႏွင့္ လမ္းညႊန္မွုအရ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္တည္ေထာင္ထားေသာ ဧရာ၀တီေဖာင္

ေဒးရွင္းကတာ၀န္ယူ၍ ကိုဗစ္ေရာဂါ ကုသေရး

ဧရာ၀တီစင္တာ B ႏွင့္ C တို႔ကို ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေသာေၾကာင့္ ေစတနာ့၀န္ထမ္းမ်ားကို ၿပီးခဲ့ေသာ ရက္ပိုင္းက ဖိတ္ေခၚခဲ့သည္။

ေစတနာ႔ဝန္ထမ္းအျဖစ္ လွ်ာက္ထားသူမ်ားထဲတြင္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား အပါအ၀င္ အင္ဂ်င္နီယာ၊ နည္းပညာကၽြမ္းက်င္သူ အစရွိသည့္ လူငယ္လူလတ္ပိုင္း

မ်ား ပါဝင္ေၾကာင္းသိရၿပီး ေလ်ွာထားသူမ်ားထဲမွ တစ္ဦးခ်င္းအား အြန္လိုင္း မွတစ္ဆင့္ေဆြးေႏြး စိစစ္ေရြးခ်ယ္ဖိတ္ေခၚကာ ေစတနာ့ဝန္ထမ္းဆင့္ပြား အသိပညာမ်ား

ပို့ခ်ေပးသြား၍တာ၀န္ထမ္းေဆာင္သြားေစမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဧရာ၀တီေဖာင္းေဒးရွင္းအေနျဖင့္ ကုတင္ ၄၂၅ဆံ့ ဧရာ၀တီစင္တာ A ကို ဖြင့္လွစ္ထားၿပီး ေစတနာ့ဝန္ထမ္း ၁၅၀ေက်ာ္ျဖင့္ ကိုဗစ္အတည္ျပဳ လူနာ

မ်ား၏ က်န္းမာေရး ေစာင့္ေဆာက္မႈမ်ားကို ေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ဧရာ၀တီေဖာင္ေဒးရွင္းသည္ ႏိုင္ငံတကာ ေဘာလုံးပြဲမ်ား လက္ခံက်င္းပေနသည့္ သု၀ဏၰေဘာလုံးကြင္း အ၀င္းတြင္း၌ ကိုဗစ္ေရာဂါ ျပင္းထန္သူမ်ားအား ကု

သမႈေပးႏိုင္ရန္ အထူးၾကပ္မတ္ကုသေဆာင္ ဧရာ၀တီစင္တာ C ထပ္မံတည္ေဆာက္ေနလ်က္ရွိေနၿပီး သု၀ဏၰေဘာလုံးကြင္း အ၀င္းတြင္ရွိ လက္ေရြးစင္အသင္းမ်ား၏

အေဆာင္မ်ားတြင္လည္း ဧရာ၀တီစင္တာ B ကို ကုတင္ ၂၇၀ဆံ့အထိ ထပ္မံျပင္ဆင္ေဆာင္ရြက္သြားမည္ျဖစ္သည္။

ဧရာ၀တီစင္တာ B အျဖစ္ဖြင့္လွစ္မည့္ လက္ေရြးစင္ကစားသမားမ်ား၏ အေဆာင္မ်ားတြင္ လက္ရွိအခ်ိန္၌ ျမန္မာေနရွင္နယ္လိဂ္( MNL )ၿပိဳင္ပြဲ၀င္ ကစားသမား

၃၀၀ေက်ာ္ကို အသြားအလာကန္႔သတ္ထားရွိထားေသာေၾကာင့္ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲအၿပီး ယခုလကုန္ပိုင္းမွစ၍ ကိုဗစ္အတည္ျပဳ လူနာမ်ား ထားရွိႏိုင္ရန္ ျပင္

ဆင္ေဆာင္ရြက္သြားႏိုင္မည္ျဖစ္ၿပီး ဧရာ၀တီစင္တာ C၌လည္း ယခုလကုန္မွ လူနာမ်ားကို စတင္ထားရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းေစာလြင္

credit;

Unicode

ထပ်မံဖွင့်လှစ်မည့် ဧရာဝတီစင်တာ ၂ခုအတွက် ၂၄ နာရီအတွင်း စေတနာ့ဝန်ထမ်း ၁၅၀၀ကျော် လျှောက်ထား
=====================================

Covid-19 ရောဂါကုသရေး စင်တာများအဖြစ် ထပ်မံဖွင့်လှစ်သွားမည့် ဧရာဝတီစင်တာ ၂ခုအတွက် စေတနာဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့ရာ ၂၄ နာရီအတွင်း

စေတနာ့ဝန်ထမ်း ၁၅၀၀ကျော် လျှောက်ထားခဲ့ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက် နှင့် လမ်းညွှန်မှုအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တည်ထောင်ထားသော

ဧရာဝတီဖောင်ဒေးရှင်းကတာဝန်ယူ၍ ကိုဗစ်ရောဂါ ကုသရေး ဧရာဝတီစင်တာ B နှင့် C တို့ကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် စေတနာ့ဝန်ထမ်းများ

ကို ပြီးခဲ့သော ရက်ပိုင်းက ဖိတ်ခေါ်ခဲ့သည်။

စေတနာ့ဝန်ထမ်းအဖြစ် လျှာက်ထားသူများထဲတွင်ဆရာဝန်များ၊ သူနာပြုများ အပါအဝင် အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်

ပိုင်းများ ပါဝင်ကြောင်းသိရပြီး လျှောထားသူများထဲမှ တစ်ဦးချင်းအား အွန်လိုင်းမှတစ်ဆင့်ဆွေးနွေး စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွား

အသိပညာများ ပို့ချပေးသွား၍ထမ်းဆောင်သွားစေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီဖောင်းဒေးရှင်းအနေဖြင့် ကုတင် ၄၂၅ဆံ့ ဧရာဝတီစင်တာ A ကို ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ၁၅၀ကျော်ဖြင့် ကိုဗစ်အတည်ပြု

လူနာများ၏ ကျန်းမာရေး စောင့်ဆောက်မှုများကို ပေးနေကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်းသည် နိုင်ငံတကာ ဘောလုံးပွဲများ လက်ခံကျင်းပနေသည့် သုဝဏ္ဏဘောလုံးကွင်း အဝင်းတွင်း၌ ကိုဗစ်ရောဂါ ပြင်းထန်သူများ

အား ကုသမှုပေးနိုင်ရန် အထူးကြပ်မတ်ကုသဆောင် ဧရာဝတီစင်တာ C ထပ်မံတည်ဆောက်နေလျက်ရှိနေပြီး သုဝဏ္ဏဘောလုံးကွင်း အဝင်းတွင်ရှိ

လက်ရွေးစင်အသင်းများ၏ အဆောင်များတွင်လည်း ဧရာဝတီစင်တာ B ကို ကုတင် ၂၇၀ဆံ့အထိ ထပ်မံပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဧရာဝတီစင်တာ B အဖြစ်ဖွင့်လှစ်မည့် လက်ရွေးစင်ကစားသမားများ၏ အဆောင်များတွင် လက်ရှိအချိန်၌ မြန်မာနေရှင်နယ်လိဂ်( MNL )ပြိုင်ပွဲဝင်

ကစားသမား ၃၀၀ကျော်ကို အသွားအလာကန့်သတ်ထားရှိထားသောကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီး ယခုလကုန်ပိုင်းမှစ၍ ကိုဗစ်အတည်ပြု လူနာ

များ ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ဧရာဝတီစင်တာ C၌လည်း ယခုလကုန်မှ လူနာများကို စတင်ထားရှိနိုင်မည်ဖြစ်ကြောင်း သိရ

သည်။

မိုင်းစောလွင်

credit;