ပြည်တွင်းသတင်း

လက်ပံတန်းမြို့နယ် ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွါး






“ဒီနေ့နံက်က လောင်တာပါ






credit;

Unicode

လျှပ်စစ်အပူလွန်ကဲရာမှ လက်ပံတန်းမြို့နယ်တွင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏အိမ်မီးလောင်မှုဖြစ်ပွါး

လက်ပံတန်း စက်တင်ဘာ ၂၄-၂၀၂၀

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်

ဒီနေ့ စက်တင်ဘာလ 24ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က လက်ပံတန်းမြို့နယ်ဘောလုံးကွင်းအနီး ရှိ နေအိမ်တစ်လုံး

မီးလောင်ကျွမ်းခဲ့ကြောင်းလက်ပံတန်းမြို့နယ်မီးသတ်တပ်ဖွဲ့မှသိရှိရပါသည်။

“ဒီနေ့နံက်က လောင်တာပါ

အခုမီးငြိမ်းသွားပါပြီ၊တစ်အိမ်တည်းပါ တခြားအိမ်တွေမီးကူးစက်ခြင်းမရှိပါဘူး၊လူထိခိုက်ဒဏ်ရာလည်းမရပါဘူး၊လျှပ်စစ်အပူလွန်ကဲရာက

လောင်ကျွမ်းတာပါ၊လတ်တလောမီး လောင်ဆုံးရှုံးမှုတန်ဘိုးမတွက်ရသေးပါဘူး”လို့ လက်ပံတန်းမြိုနယ်

မီးသတ်ဦးစီးမှူး ဦးလင်းကျော်ကပြောပါတယ်။

လျပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့တဲ့နေအိမ် သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လက်ပံတန်းမြို့နယ် NLDပါတီ အတွင်းရေးမှူး ရှေ့နေ

ဦးဝင်းကြိုင်နေအိမ်ဖြစ်ကြောင်းသိရှိရသည်။

credit;