ျပည္တြင္းသတင္း

KBZ ဘဏ္က က်ပ္သိန္း ၁၂၀၀ ခန႔္ တန္ဖိုးရွိ ကိုယ္အပူခ်ိန္တိုင္းစက္မ်ား ရန္ကုန္တိုင္းအစိုးရသို ႔ လႉဒါန္း

KBZ ဘဏ္က က်ပ္သိန္း ၁၂၀၀ ခန႔္ တန္ဖိုးရွိ ကိုယ္အပူခ်ိန္တိုင္းစက္မ်ား ရန္ကုန္တိုင္းအစိုးရသို႔ လႉဒါန္း

ဧရာဝတီ၊ စက္တင္ဘာ ၂၄ ၊ ၂၀၂၀ ။

ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ား ထပ္မံျမင့္တက္လာသည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ လူဦးေရ ထူထပ္သည့္ ၿမိဳ႕ႀကီးမ်ားတြင္

ေန႔စဥ္ ကိုယ္အပူခ်ိန္ စစ္ေဆးမႈမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ႏိုင္ရန္ ကေမာၻဇဘဏ္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ထံ ေငြက်ပ္ သိန္း ၁၂၀၀ ခန႔္

တန္ဖိုးရွိ ေ႐ြ႕လ်ား ကိုယ္အပူခ်ိန္တိုင္းစက္ ၆ လုံး ေပးအပ္လႉဒါန္းခဲ့သည္။

ယခုကဲ့သို႔ အပူခ်ိန္တိုင္းစက္မ်ား လႉဒါန္းမႈေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေဆာင္႐ြက္လ်က္ရွိေသာ COVID-19 ကူးစက္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္

ႏိုင္ေရး လုပ္ငန္းစဥ္မ်ားအတြက္ မ်ားစြာ အေထာက္အပံ့ေပးႏိုင္မည္ဟု ဆိုသည္။

၂၀၂၀ ခုႏွစ္၊ ေမလအတြင္း အနီေအာက္ေရာင္ျခည္သုံး ကိုယ္အပူခ်ိန္တိုင္းစက္ ၄ လုံးကို ေမာ္ေတာ္ယာဥ္မ်ားတြင္ ထည့္သြင္းတပ္ဆင္ၿပီး ေ႐ြ႕လ်ားစစ္ေဆးယာဥ္

မ်ားအျဖစ္ ကိုယ္အပူခ်ိန္စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့သည္။

ကေမာၻဇဘဏ္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ပါဝင္ကူညီလိုသူမ်ားအား ဖိတ္ေခၚမႈကို သတိျပဳခဲ့ၿပီး အနီေအာက္ေရာင္ျခည္သုံး ကိုယ္အပူခ်ိန္တိုင္း

စက္ ၆ လုံး ထပ္မံ တပ္ဆင္ႏိုင္ရန္အတြက္ လိုအပ္သည့္ လႉဒါန္းေငြ ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ေ႐ြ႕လ်ား ကိုယ္အပူခ်ိန္ စစ္ေဆးယာဥ္ ၁၀ စင္းကို COVID-19 ကူးစက္ခံရသူ အမ်ားအျပားေတြ႕ရသည့္ ၿမိဳ႕နယ္မ်ား

အပါအဝင္ ၿမိဳ႕တြင္းေနရာ အႏွံ႔အျပားတြင္ ျဖန႔္က်က္ ထားရွိမည္ဟု သိရသည္။

အဆိုပါ ေ႐ြ႕လ်ား ကိုယ္အပူခ်ိန္ စစ္ေဆးယာဥ္ ၁၀ စင္းျဖင့္ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ဒုတိယပတ္မွ စတင္ကာ ကိုယ္အပူခ်ိန္စစ္ေဆးမႈမ်ား လုပ္ေဆာင္ႏိုင္ရန္

ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ယာဥ္ ၁ စင္းလွ်င္ ေန႔စဥ္ ပွ်မ္းမွ် လူဦးေရ ၃,၀၀၀ ခန႔္အား အပူခ်ိန္စစ္ေဆးမႈ ျပဳလုပ္ႏိုင္မည္ဟု သိရသည္။

ယာဥ္ ၁၀ စင္းျဖင့္ ရန္ကုန္ၿမိဳ႕ႏွင့္ တိုင္းေဒသႀကီးအတြင္း ေန႔စဥ္ လူဦးေရ ၃၀,၀၀၀ နီးပါး၊ ၁ လလွ်င္ လူဦးေရ ၉၀,၀၀၀ နီးပါးခန႔္ ကိုယ္အပူခ်ိန္ စစ္ေဆးမႈမ်ား

ျပဳလုပ္ႏိုင္မည္ ျဖစ္ပါသည္။

ခႏၶာကိုယ္မွ ထုတ္လႊတ္ေသာ အပူခ်ိန္ကို အနီေအာက္ေရာင္ျခည္ နည္းပညာအသုံးျပဳၿပီး စစ္ေဆးေသာ ကိုယ္အပူခ်ိန္တိုင္း စက္မ်ားသည္ ပုံမွန္အားျဖင့္ နဖူးမွ

စတင္ တိုင္းတာၿပီး အဓိက ခႏၶာကိုယ္အစိတ္အပိုင္း တခုလုံး၏ အပူခ်ိန္ကို ခန႔္မွန္း ေဖာ္ျပေပးသည္။

ကိုယ္အပူအခ်ိန္ စစ္ေဆးမႈမ်ား ျပဳလုပ္ခ်ိန္တြင္ ကိုယ္အပူခ်ိန္ ျမင့္တက္ေနသူမ်ား၊ အဖ်ားရွိႏိုင္သူမ်ားကို ထပ္မံစစ္ေဆးမႈခံယူရန္ႏွင့္ အကယ္၍ ဗိုင္းရပ္စ္ ကူးစက္

ခံရသည္ဟု သံသယရွိပါက တာဝန္ရွိသူမ်ားက COVID-19 ေရာဂါ ရွိ၊ မရွိ ဆက္လက္ စစ္ေဆးေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

အလႉေငြေပးအပ္သည့္ အခမ္းအနားကို စက္တင္ဘာလ ၄ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ ႐ုံးခန္းတြင္ က်င္းပခဲ့ၿပီး ကေမာၻဇဘဏ္၏ အေထြေထြ

မန္ေနဂ်ာျဖစ္သူ ဦးျမင့္ဦးက အနီေအာက္ေရာင္ျခည္သုံး ကိုယ္အပူခ်ိန္တိုင္းစက္ ၆ လုံး ထပ္မံ တပ္ဆင္ႏိုင္ရန္အတြက္ လႉဒါန္းေငြကို ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီး

ခ်ဳပ္ ဦးၿဖိဳးမင္းသိန္းထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။

credit;

Unicode

KBZ ဘဏ်က ကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ကိုယ်အပူချိန်တိုင်းစက်များ ရန်ကုန်တိုင်းအစိုးရသို့ လှူဒါန်း

ဧရာဝတီ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၀ ။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ ထပ်မံမြင့်တက်လာသည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် လူဦးရေ ထူထပ်သည့် မြို့ကြီးများ

တွင် နေ့စဉ် ကိုယ်အပူချိန် စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ကမ္ဘောဇဘဏ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ငွေကျပ်

သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ ရွေ့လျား ကိုယ်အပူချိန်တိုင်းစက် ၆ လုံး ပေးအပ်လှူဒါန်းခဲ့သည်။

ယခုကဲ့သို့ အပူချိန်တိုင်းစက်များ လှူဒါန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော COVID-19 ကူးစက်ရောဂါ ကာကွယ်၊

ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အပံ့ပေးနိုင်မည်ဟု ဆိုသည်။

၂၀၂၀ ခုနှစ်၊ မေလအတွင်း အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက် ၄ လုံးကို မော်တော်ယာဉ်များတွင် ထည့်သွင်းတပ်ဆင်ပြီး ရွေ့လျားစစ်ဆေး

ယာဉ်များအဖြစ် ကိုယ်အပူချိန်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပါဝင်ကူညီလိုသူများအား ဖိတ်ခေါ်မှုကို သတိပြုခဲ့ပြီး အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်

တိုင်းစက် ၆ လုံး ထပ်မံ တပ်ဆင်နိုင်ရန်အတွက် လိုအပ်သည့် လှူဒါန်းငွေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရွေ့လျား ကိုယ်အပူချိန် စစ်ဆေးယာဉ် ၁၀ စင်းကို COVID-19 ကူးစက်ခံရသူ အများအပြားတွေ့ရသည့် မြို့နယ်များ

အပါအဝင် မြို့တွင်းနေရာ အနှံ့အပြားတွင် ဖြန့်ကျက် ထားရှိမည်ဟု သိရသည်။

အဆိုပါ ရွေ့လျား ကိုယ်အပူချိန် စစ်ဆေးယာဉ် ၁၀ စင်းဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ကာ ကိုယ်အပူချိန်စစ်ဆေးမှုများ

လုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ် ၁ စင်းလျှင် နေ့စဉ် ပျှမ်းမျှ လူဦးရေ ၃,၀၀၀ ခန့်အား အပူချိန်စစ်ဆေးမှု ပြုလုပ်နိုင်မည်ဟု သိရ

သည်။

ယာဉ် ၁၀ စင်းဖြင့် ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးအတွင်း နေ့စဉ် လူဦးရေ ၃၀,၀၀၀ နီးပါး၊ ၁ လလျှင် လူဦးရေ ၉၀,၀၀၀ နီးပါးခန့် ကိုယ်အပူချိန် စစ်ဆေး

မှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အပူချိန်ကို အနီအောက်ရောင်ခြည် နည်းပညာအသုံးပြုပြီး စစ်ဆေးသော ကိုယ်အပူချိန်တိုင်း စက်များသည် ပုံမှန်အားဖြင့်

နဖူးမှ စတင် တိုင်းတာပြီး အဓိက ခန္ဓာကိုယ်အစိတ်အပိုင်း တခုလုံး၏ အပူချိန်ကို ခန့်မှန်း ဖော်ပြပေးသည်။

ကိုယ်အပူအချိန် စစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ကိုယ်အပူချိန် မြင့်တက်နေသူများ၊ အဖျားရှိနိုင်သူများကို ထပ်မံစစ်ဆေးမှုခံယူရန်နှင့် အကယ်၍ ဗိုင်းရ

ပ်စ် ကူးစက်ခံရသည်ဟု သံသယရှိပါက တာဝန်ရှိသူများက COVID-19 ရောဂါ ရှိ၊ မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အလှူငွေပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးခန်းတွင် ကျင်းပခဲ့ပြီး ကမ္ဘောဇဘဏ်၏

အထွေထွေမန်နေဂျာဖြစ်သူ ဦးမြင့်ဦးက အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက် ၆ လုံး ထပ်မံ တပ်ဆင်နိုင်ရန်အတွက် လှူဒါန်းငွေကို

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

credit;