အထွေထွေဗဟုသုတ

သိပ္ကိုတန္ဖိုးရွိတဲ့ ဆုံးမစာေပေလးပါ ဖတ္ၾကည့္ ေက်ာ္မသြားပါနဲ႔ ( ရွက္ဖို႔ေကာင္းပါသည္)

သိပ္ကိုတန္ဖိုးရွိတဲ့ ဆုံးမစာေပေလးပါ ဖတ္ၾကည့္ ေက်ာ္မသြားပါနဲ႔ 👍

(ရွက္ဖို႔ေကာင္းပါသည္)

တခါက ဓါးမကူး ဆရာေတာ္ဘုရားႀကီးသည္ေက်ာင္းေပၚ၌ ဘုရားဝတ္တက္ေနသည္။ ဘုရားဝတ္တက္လို႔ ခဏအၾကာ ေက်ာင္းေအာက္မွ ေခြးႏွစ္ေကာင္က ဆူညံ့

စြာ တစ္ေကာင္ႏွင့္တစ္ေကာင္ ကိုက္ၾကသည္။ အစာ လုၾကသည္။ဘုရားအာ႐ုံျပဳသည္။ မရ။ ႀကိဳးစား အာ႐ုံျပဳသည္။ မရ။ ေခြးႏွစ္ေကာင္ ကိုက္ျဖတ္ေအာ္ဟစ္သံ

မ်ားဆီသို႔သာ စိတ္က ေရာက္ေရာက္သြားသည္။

မေနနိုင္သည့္အဆုံး ေတာင္ေဝွးကိုင္ကာ ေက်ာင္းေအာက္သို႔ ဆင္း၍ ေခြးမ်ားကို ေမာင္းသည္။ ေခြးမ်ားက ေမာင္း၍မရ။ ကိုက္ျမဲကိုက္သည္။

ဒါနဲ႔ေဒါသထြက္ကာ ေတာင္ေဝွးႏွင့္ ေခြးမ်ားသို႔ရိုက္မယ္ျပင္ၿပီးမွ သတိဝင္လာကာ ႏုတ္မွ စကားဆိုသည္။

!!ငါႏွယ္”

ေတာင္ေဝွးႏွင့္ ဝင္ရိုက္လိုက္လို႔ငါနဲ႔ဆို သုံးေကာင္ျဖစ္ေတာ့မယ္တဲ့!!ဆရာေတာ္ႀကီး ေတြးပုံေလးကို ႀကိဳက္သည္။ ငယ္ငယ္ထဲက အသည္းစြဲေနမိသည္။

ဟုတ္ပါသည္။ အသိဥာဏ္ မရွိ၍ ကိုက္ေသာေခြးမ်ားကို မိမိက အသိဥာဏ္မဲ့စြာ ေဒါသႏွင့္ ဝင္ရိုက္လိုက္လၽွင္ မိမိလည္း ေခြးႏွင့္ ဘာထူးေတာ့မည္လဲ။

သူတို႔ အသိဥာဏ္မရွိလို႔ ကိုက္တာကို မိမိက အသိဥာဏ္မဲ့စြာ မျပဳမႈသင့္။ ဆရာေတာ္ႀကီးက ပညာဥာဏ္ႀကီးႀကီးႏွင့္ ေရနဲ႔ ပက္လိုက္ရာ ေခြးမ်ားထြက္ေျပးသြား

သည္။

ယခုလည္း facebook မွာ ဆဲျခင္း အလကၤာတန္ဆာဆင္ထားေသာ video မ်ားကို ေတြ႕ေတြ႕ေနရသည္။

သူဟာသူ ေက်ာင္းေအာက္က ေခြးႏွစ္ေကာင္ကိုက္သလို ဆဲေနတာကို မိမိက ဝင္ဆဲလၽွင္ မိမိလည္း ေခြးျဖစ္ေပလိမ့္မယ္။

မဆဲပါနဲ႔ ေခြးကိုက္ရင္ ေခြးကိုနိုင္တဲ့ေရနဲ႔ပက္ရသလို သူတို႔ဆဲေရးျခင္းကို မိမိတို႔က ပညာဥာဏ္ရွိရွိ တုန္႔ျပန္လိုက္ပါ။

ဗုဒၶဘာသာေတြမွာ ဒါမ်ိဳးမရွိဘူးဆိုတာ သက္ေသျပလိုက္ပါ။

ဆရာႀကီးဦးေအာင္သင္း စကားေလး သတိရမိသည္။ ပညာတတ္ရင္ ဆဲစရာမလိုဘူး စကားလုံးနဲ႔ေသေအာင္သတ္လို႔ ရတယ္တဲ့။

ဆဲေနမဲ့အစား တိတိက်က် ခိုင္ခိုင္မာမာနဲ႔ သမိုင္းအေထာက္အထားမွန္စြာ ပညာရွိရွိတုန္႔ျပန္သင့္သည္။တစ္ဆက္ထဲ ဘုရားရွင္ရဲ့ ဆဲလာသူကို

တုန္႔ျပန္နည္းေလး သတိရမိျပန္သည္။တစ္ခါက ပုဏၰားတစ္ေယာက္ဟာ ဘုရားရွင္ကို အမ်ိဳးမ်ိဳးဆဲေရးတိုင္းထြာပါသည္။

ဘုရားရွင္ကေတာ့ ဆိတ္ဆိတ္ၿငိမ္သက္ေနပါသည္။ ပုဏၰားလည္း ဆဲတာအခ်ိန္ၾကာလာေတာ့ ေမာလာ၍ ဘုရားရွင္ကလည္း

သူဆဲသည္ကို မခံမရပ္နိုင္ျဖစ္တာ မေတြ႕ရေတာ့ ဆဲရတာ ဖီးလ္မလာဘူးထင္ပါရဲ့။အဆဲရပ္ၿပီး ဘုရားရွင္ကို ေမးပါတယ္။

!!ရဟန္းေဂါတမ သင့္ကို ငါဆဲေနပါလ်က္ ဘာလို႔ ၿငိမ္ေနတာလဲတဲ့!!ဘုရားရွင္က ထိုအခါမွ!!ပုဏၰား ငါေမးပါရေစဦး။

သင္ဟာ သင့္မိတ္ေဆြေတြအတြက္ လက္ေဆာင္မုန္႔ေတြ ျပဳလုပ္ေပးပို႔တဲ့အခါ သင့္မိတ္ေဆြေတြက အဲဒီလက္ေဆာင္ကို မယူရင္

ဘယ္သူရမလဲလို႔ ေမးလိုက္ပါတယ္။!!ပုဏၰားကလည္း သူတို႔မယူမွေတာ့ ငါေပးတာ ငါျပန္ယူလာရတာေပါ့လို႔ ေျဖပါတယ္။

ထိုအခါ ဘုရားရွင္က ေအး အဲဒီအတိုင္းပဲ သင္ပုဏၰားရဲ့ဆဲေရးျခင္းေတြကို ငါမယူဘူး။ သင့္ရဲ့ဆဲေရးျခင္းေတြဟာ သင့္ထံသို႔ အကုသိုလ္အျဖစ္နဲ႔သာ ျပန္သြားလိမ့္မယ္

တဲ့!!စဥ္းစားၾကည့္ပါ။ ဘုရားရွင္ရဲ့တပည့္သားေျမးေတြျဖစ္ၿပီး ဘုရားရွင္ရဲ့နည္းကို ဘာလို႔ မက်င့္သုံးၾကတာလဲ။ သည္းခံလိုက္ပါ။ ဆဲတာဟာ အသားပဲ့မပါသြားပါဘူး။

ဗုဒၶဘာသာေတြက သူ႔ဆဲေရးျခင္းကို မယူတဲ့အခါ သူ႔ဟာသူ သူဆဲေရးျခင္းေတြကို ျပန္ယူ သြားပါလိမ့္မယ္။ခုေတာ့ ဘုရွားရွင္ရဲ့ အဆဲတုန္႔ျပန္နည္းကို

မက်င့္သုံးပဲ video တင္ကာ ဆဲေရးေနတာေတြၾကည့္၍ ဗုဒၶဘာသာေတြ ေကာင္းေတာ့ ေကာင္းပါသည္။ ဘာေကာင္းသလဲဆိုလၽွင္

ရွက္ဖို႔ေကာင္းပါသည္ ဟူ၍ သာ – – – ။

ဇိနပုတၱ(ဂႏၴဝင္)မွကူးယူေဖာ္ျပသည္။

credit;

Unicode

သိပ်ကိုတန်ဖိုးရှိတဲ့ ဆုံးမစာပေလေးပါ ဖတ်ကြည့် ကျော်မသွားပါနဲ့ 👍

(ရှက်ဖို့ကောင်းပါသည်)

တခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည်ကျောင်းပေါ်၌ ဘုရားဝတ်တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ ကျောင်းအောက်မှ ခွေးနှစ်ကောင်က

ဆူညံ့စွာ တစ်ကောင်နှင့်တစ်ကောင် ကိုက်ကြသည်။ အစာ လုကြသည်။ဘုရားအာရုံပြုသည်။ မရ။ ကြိုးစား အာရုံပြုသည်။ မရ။ ခွေးနှစ်ကောင် ကိုက်ဖြတ်

အော်ဟစ်သံများဆီသို့သာ စိတ်က ရောက်ရောက်သွားသည်။

မနေနိုင်သည့်အဆုံး တောင်ဝှေးကိုင်ကာ ကျောင်းအောက်သို့ ဆင်း၍ ခွေးများကို မောင်းသည်။ ခွေးများက မောင်း၍မရ။ ကိုက်မြဲကိုက်သည်။

ဒါနဲ့ဒေါသထွက်ကာ တောင်ဝှေးနှင့် ခွေးများသို့ရိုက်မယ်ပြင်ပြီးမှ သတိဝင်လာကာ နုတ်မှ စကားဆိုသည်။

!!ငါနှယ်”

တောင်ဝှေးနှင့် ဝင်ရိုက်လိုက်လို့ငါနဲ့ဆို သုံးကောင်ဖြစ်တော့မယ်တဲ့!!ဆရာတော်ကြီး တွေးပုံလေးကို ကြိုက်သည်။ ငယ်ငယ်ထဲက အသည်းစွဲနေမိသည်။

ဟုတ်ပါသည်။ အသိဉာဏ် မရှိ၍ ကိုက်သောခွေးများကို မိမိက အသိဉာဏ်မဲ့စွာ ဒေါသနှင့် ဝင်ရိုက်လိုက်လျှင် မိမိလည်း ခွေးနှင့် ဘာထူးတော့မည်လဲ။

သူတို့ အသိဉာဏ်မရှိလို့ ကိုက်တာကို မိမိက အသိဉာဏ်မဲ့စွာ မပြုမှုသင့်။ ဆရာတော်ကြီးက ပညာဉာဏ်ကြီးကြီးနှင့် ရေနဲ့ ပက်လိုက်ရာ ခွေးများထွက်ပြေး

သွားသည်။

ယခုလည်း facebook မှာ ဆဲခြင်း အလင်္ကာတန်ဆာဆင်ထားသော video များကို တွေ့တွေ့နေရသည်။

သူဟာသူ ကျောင်းအောက်က ခွေးနှစ်ကောင်ကိုက်သလို ဆဲနေတာကို မိမိက ဝင်ဆဲလျှင် မိမိလည်း ခွေးဖြစ်ပေလိမ့်မယ်။

မဆဲပါနဲ့ ခွေးကိုက်ရင် ခွေးကိုနိုင်တဲ့ရေနဲ့ပက်ရသလို သူတို့ဆဲရေးခြင်းကို မိမိတို့က ပညာဉာဏ်ရှိရှိ တုန့်ပြန်လိုက်ပါ။

ဗုဒ္ဓဘာသာတွေမှာ ဒါမျိုးမရှိဘူးဆိုတာ သက်သေပြလိုက်ပါ။

ဆရာကြီးဦးအောင်သင်း စကားလေး သတိရမိသည်။ ပညာတတ်ရင် ဆဲစရာမလိုဘူး စကားလုံးနဲ့သေအောင်သတ်လို့ ရတယ်တဲ့။

ဆဲနေမဲ့အစား တိတိကျကျ ခိုင်ခိုင်မာမာနဲ့ သမိုင်းအထောက်အထားမှန်စွာ ပညာရှိရှိတုန့်ပြန်သင့်သည်။တစ်ဆက်ထဲ ဘုရားရှင်ရဲ့ ဆဲလာသူကို

တုန့်ပြန်နည်းလေး သတိရမိပြန်သည်။တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ကို အမျိုးမျိုးဆဲရေးတိုင်းထွာပါသည်။

ဘုရားရှင်ကတော့ ဆိတ်ဆိတ်ငြိမ်သက်နေပါသည်။ ပုဏ္ဏားလည်း ဆဲတာအချိန်ကြာလာတော့ မောလာ၍ ဘုရားရှင်ကလည်း

သူဆဲသည်ကို မခံမရပ်နိုင်ဖြစ်တာ မတွေ့ရတော့ ဆဲရတာ ဖီးလ်မလာဘူးထင်ပါရဲ့။အဆဲရပ်ပြီး ဘုရားရှင်ကို မေးပါတယ်။

!!ရဟန်းဂေါတမ သင့်ကို ငါဆဲနေပါလျက် ဘာလို့ ငြိမ်နေတာလဲတဲ့!!ဘုရားရှင်က ထိုအခါမှ!!ပုဏ္ဏား ငါမေးပါရစေဦး။

သင်ဟာ သင့်မိတ်ဆွေတွေအတွက် လက်ဆောင်မုန့်တွေ ပြုလုပ်ပေးပို့တဲ့အခါ သင့်မိတ်ဆွေတွေက အဲဒီလက်ဆောင်ကို မယူရင်

ဘယ်သူရမလဲလို့ မေးလိုက်ပါတယ်။!!ပုဏ္ဏားကလည်း သူတို့မယူမှတော့ ငါပေးတာ ငါပြန်ယူလာရတာပေါ့လို့ ဖြေပါတယ်။

ထိုအခါ ဘုရားရှင်က အေး အဲဒီအတိုင်းပဲ သင်ပုဏ္ဏားရဲ့ဆဲရေးခြင်းတွေကို ငါမယူဘူး။ သင့်ရဲ့ဆဲရေးခြင်းတွေဟာ သင့်ထံသို့ အကုသိုလ်အဖြစ်နဲ့သာ ပြန်သွား

လိမ့်မယ်တဲ့!!စဉ်းစားကြည့်ပါ။ ဘုရားရှင်ရဲ့တပည့်သားမြေးတွေဖြစ်ပြီး ဘုရားရှင်ရဲ့နည်းကို ဘာလို့ မကျင့်သုံးကြတာလဲ။ သည်းခံလိုက်ပါ။ ဆဲတာဟာ အသားပဲ့

မပါသွားပါဘူး။

ဗုဒ္ဓဘာသာတွေက သူ့ဆဲရေးခြင်းကို မယူတဲ့အခါ သူ့ဟာသူ သူဆဲရေးခြင်းတွေကို ပြန်ယူ သွားပါလိမ့်မယ်။ခုတော့ ဘုရှားရှင်ရဲ့ အဆဲတုန့်ပြန်နည်းကို

မကျင့်သုံးပဲ video တင်ကာ ဆဲရေးနေတာတွေကြည့်၍ ဗုဒ္ဓဘာသာတွေ ကောင်းတော့ ကောင်းပါသည်။ ဘာကောင်းသလဲဆိုလျှင်

ရှက်ဖို့ကောင်းပါသည် ဟူ၍ သာ – – – ။

ဇိနပုတ္တ(ဂန္ထဝင်)မှကူးယူဖော်ပြသည်။

credit;