ျပည္တြင္းသတင္း

ပိုးေတြ႕လူနာ (၁၀၀၀) နီးပါးကုေပးႏိုင္မယ့္ေနရာေတြအတြက္ အစိုးရနဲ႔တပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္

ပိုးေတြ႕လူနာ ၁၀၀၀ နီးပါးကုေပးႏိုင္မယ့္ေနရာေတြအတြက္ အစိုးရနဲ႔တပ္မေတာ္ပူးေပါင္းေဆာင္႐ြက္

ရန္ကုန္တိုင္းအတြင္းကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕သူေတြမ်ားလာတဲ့အတြက္ ပိုးေတြ႕သူေတြကို ကုသမႈပိုမိုထိေရာက္ေစဖို႔အတြက္ လူဦးေရ ၁၀၀၀ ဝန္းက်င္ကုသႏိုင္ဖို႔ ဒီ

ကေန႔ညမွာ တပ္မေတာ္က ျပင္ဆင္ေဆာင္႐ြက္မႈေတြလုပ္ေနၿပီလို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာဆိုပါတယ္။

အရပ္သားပိုးေတြ႕လူနာေတြမ်ားလာတာေၾကာင့္ ထိထိေရာက္ေရာက္ကုသမႈေပးႏိုင္ဖို႔အတြက္ အစိုးရနဲ႔တပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

အင္းစိန္႐ြာမ ပရိယတၱိစာသင္တိုက္မႈ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ သဃၤာေတာ္ ၇၀ နီးပါးကို ကုသမႈေပးမယ့္ ေမွာ္ဘီတပ္မေတာ္ေဆးဘက္ဆိုင္ရာသင္တန္းေက်ာင္းကို

အရပ္သား ၂၀၀ ေက်ာ္ကုသႏိုင္ဖို႔ျပင္ဆင္ေဆာင္႐ြက္ေနၿပီးအဲဒီသဃၤာေတာ္ေတြကို ရန္ကုန္ အင္းစိန္ေစာ္ဘြားႀကီးကုန္ ေက်ာက္ေတာ္ႀကီးသာသနာ့ဗိမာန္မွာ တပ္မေ

တာ္ကေျပာင္းေ႐ြ႕ကုသဖို႔လုပ္ေဆာင္ေနၿပီလို႔ဆိုပါတယ္။အဲဒီအျပင္ ရဲမြန္မွာရွိတဲ့တပ္မေတာ္သင္တန္းေက်ာင္းမွာလဲ အရပ္သား၂၀၀ ေက်ာ္ကုသေပးႏိုင္ဖို႔ေဆာင္႐ြက္ေန

သလို ရန္ကုန္မွာရွိတဲ့ တပ္မေတာ္ခန္းမမွာလဲ အရပ္သားေတြကို ကုသေပးႏိုင္ဖို႔ နီးစပ္ရာတိုင္းဌာနေတြကပါရဂူေတြဆရာဝန္ေတြကို ေစလႊတ္လိုက္ၿပီလို႔ ဗိုလ္မႉးခ်ဳပ္

ေဇာ္မင္းထြန္းကေျပာဆိုပါတယ္။ တပ္မေတာ္သားမိသားစုဝင္ေတြတပ္မေတာ္အၿငိမ္းစားယူထားတဲ့သူေတြကိုေတာ့ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံနဲ႔ တပ္

မေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံတို႔မွာကုသမႈေပးမွာျဖစ္ပါတယ္။လက္ရွိျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာ ၈၀၀၀ေက်ာ္နဲ႔ ေသဆုံးသြားသူ ၁၅၀ ေက်ာ္ရွိေနၿပီျဖစ္ပါ

တယ္။

credit;

Unicode

ပိုးတွေ့လူနာ ၁၀၀၀ နီးပါးကုပေးနိုင်မယ့်နေရာတွေအတွက် အစိုးရနဲ့တပ်မတော်ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းအတွင်းကိုဗစ် ၁၉ ရောဂါပိုးတွေ့သူတွေများလာတဲ့အတွက် ပိုးတွေ့သူတွေကို ကုသမှုပိုမိုထိရောက်စေဖို့အတွက် လူဦးရေ ၁၀၀၀ ဝန်းကျင်ကုသနိုင်

ဖို့ ဒီကနေ့ညမှာ တပ်မတော်က ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်နေပြီလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်း

ထွန်းကပြောဆိုပါတယ်။အရပ်သားပိုးတွေ့လူနာတွေများလာတာကြောင့် ထိထိရောက်ရောက်ကုသမှုပေးနိုင်ဖို့အတွက် အစိုးရနဲ့တပ်မတော် ပူးပေါင်းဆောင်ရွက်

ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှု ကိုဗစ် ၁၉ ရောဂါပိုးတွေ့ သင်္ဃာတော် ၇၀ နီးပါးကို ကုသမှုပေးမယ့် မှော်ဘီတပ်မတော်ဆေးဘက်ဆိုင်ရာ

သင်တန်းကျောင်းကို အရပ်သား ၂၀၀ ကျော်ကုသနိုင်ဖို့ပြင်ဆင်ဆောင်ရွက်နေပြီးအဲဒီသင်္ဃာတော်တွေကို ရန်ကုန် အင်းစိန်စော်ဘွားကြီးကုန် ကျောက်တော်

ကြီးသာသနာ့ဗိမာန်မှာ တပ်မတော်ကပြောင်းရွေ့ကုသဖို့လုပ်ဆောင်နေပြီလို့ဆိုပါတယ်။အဲဒီအပြင် ရဲမွန်မှာရှိတဲ့တပ်မတော်သင်တန်းကျောင်းမှာလဲ

အရပ်သား၂၀၀ ကျော်ကုသပေးနိုင်ဖို့ဆောင်ရွက်နေသလို ရန်ကုန်မှာရှိတဲ့ တပ်မတော်ခန်းမမှာလဲ အရပ်သားတွေကို ကုသပေးနိုင်ဖို့ နီးစပ်ရာတိုင်းဌာနတွေ

ကပါရဂူတွေဆရာဝန်တွေကို စေလွှတ်လိုက်ပြီလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုပါတယ်။ တပ်မတော်သားမိသားစုဝင်တွေတပ်မတော်အငြိမ်းစားယူထားတဲ့

သူတွေကိုတော့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံနဲ့ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတို့မှာကုသမှုပေးမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ကို

ဗစ် ၁၉ ပိုးတွေ့လူနာ ၈၀၀၀ကျော်နဲ့ သေဆုံးသွားသူ ၁၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

credit;