ဆယ်လီသတင်း
ချစ်သူရည်းစား ဘဝမှာလည်း အိမ်ထောင်သည် လိုပဲကျင့်ကြံတယ်လို့  ပြောပြလာတဲ့ သရုပ်ဆောင် စည်ဖြိုး
ပါအုန်းနော်။
credit;
Unicode
စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား
ပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း
ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။
စည်ဖြိုးဟာ ချစ်သူခင်လွှမ်းနဲ့အတူ လက်ထပ်ဖို့စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကာလဖြစ်တာကြောင့်ကြန့်ကြာနေခဲ့တာပါ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခု
မှာတော့ စည်ဖြိုးက ချစ်သူရည်းစား ဘဝမှာလည်း အိမ်ထောင်သည် လိုပဲ ကျင့်ကြံတာကြောင့် သူ့အတွက် လက်ထပ်တာဟာ သိပ်ထူးခြားသွားမှာမဟုတ်ဘူး
လို့ဆိုလာခဲ့တာပါ။
“Relationship ဘ၀မှာလည်း Marriage ဘ၀ လိုပဲ ကျင့်ကြံတယ်။ အဲဒီတော့ Marriage ဘ၀ ရောက်သွားလည်း ကျနော့် အတွက်က ထွေထွေထူးထူး
ပြောင်းလဲမှု မရှိနိုင်ဘူး။ သားပေါက်လေးတွေ ထွက်လာတာပဲ ထူးခြားတာ ရှိမယ်။ ချစ်သူက ချုပ်ချယ်ထားတာမျိုး မရှိလို့ မလွတ်လပ် သွားတာမျိုး
လည်း မရှိလောက်ပါဘူး။ နားလည်မှု နဲ့ ခွင့်လွတ်မှု ပေါင်းထားတာက ချစ်ခြင်း မေတ္တာပါ”လို့ဆိုလာခဲ့တာပါ။
“ကျွန်တော့အမေရော ကျွန်တော်ရော ခေါင်းထဲမှာ လက်ထပ်ဖို့ ကိစ္စကအမြဲရှိပါတယ် သူ့အိမ်ကလည်းသိပါတယ် ပထမတခါတုန်းက ပြောပြီးမှ ကိုဗစ်
ဖြစ်လာတော့ မလုပ်ဖြစ်လိုက်ဘူးဆိုတော့ နောက်တခါ အဲ့လိုဖြစ်မှာဆိုးလို့မပြောတာပါ”
မင်္ဂလာရက် မသတ်မှတ်ရသေးတဲ့အကြောင်းရင်းကိုလည်းပြောသွားခဲ့တာဖြစ်ပါတယ်။
စည်ဖြိုးကတော့ သူနဲ့ချစ်သူဖြစ်သူ ခင်လွှမ်းရဲ့ မင်္ဂလာကိစ္စနဲ့ အချစ်ရေးအကြောင်းဖွင့်ဟလာခဲ့တာပါနော် စည်ဖြိုးတို့စုံတွဲလေးအပေါ် အမြင်လေးကိုလည်း
မျှဝေခဲ့ကြပါအုန်းနော်။
credit;