ဆယ္လီသတင္း

ကိုဗစ္ေရာဂါနဲ႔ ကြယ္လြန္သြားတဲ့ ဖခင္ႀကီးအတြက္ ႏွေျမာတသ ယူႀကဳံးမရ ျဖစ္ေနတဲ့ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦး

ပရိတ္သတ္ႀကီးေရ အရည္အခ်င္း အျပည့္ရွိတဲ့ လူငယ္ဒါ႐ိုက္တာအျဖစ္ အားလုံးက လက္ခံထားၾကတဲ့ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးကေတာ့ ေအာင္ျမင္တဲ့ ဒါ႐ိုက္တာ

အျဖစ္ နာမည္တလုံးနဲ႔ ရပ္တည္ေနသူျဖစ္ပါတယ္။ သူမတူပဲ ကြဲျပားတဲ့ တင္ဆက္မႈမ်ားနဲ႔ ပရိတ္သတ္ရင္ထဲစြဲၿမဲထင္က်န္ရစ္ေအာင္ ဇာတ္လမ္း ဇာတ္ကြက္မ်ားကို

႐ိုက္ကူးႏိုင္သူပါ။

ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးရဲ႕ ဖခင္ႀကီးဟာ ကူးစက္မႈမ်ားျပားၿပီး ေသဆုံးႏႈန္းလည္း ျမင့္မားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ယေန႔မွာပဲ ကြယ္လြန္ခဲ့ပါတယ္။ ဖခင္ႀကီးနဲ႔

ပက္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို အခုလိုပဲ ရင္ဖြင့္ခဲ့ပါတယ္။ ” ကြၽန္ေတာ္ ပါပါး ကို အရမ္းခ်စ္ပါတယ္။ ဒါေပမယ့္ ပါးစပ္က တခါမွ ထုတ္မေျပာဖူးဘူး။

ဟိုေန႔က ေဆး႐ုံမွာ ေျပာေပမယ့္ ပါပါး ၾကားလိုက္သလား မေသခ်ာလို႔ ေနျပန္ေကာင္းရင္ ၾကားေအာင္ေျပာမယ္လို႔ ေတြးထားတာ။မေန႔က ေဖာင္ႀကီးေရာက္ၿပီး

ဒီေန႔ ဆုံးသြားေတာ့ ကြၽန္ေတာ္ ဘာ‌ျဖစ္မွန္း‌ေတာင္မသိေတာ့ဘူး။

ဂ်ပန္ေဆး႐ုံ ICU မွာ ၅ ရက္ တိတိေနရတုန္းက အခ်ိန္ျပည့္ေဘးကေန ေစာင့္ေပးေနရေတာ့ ေဖာင္ႀကီးကိုေ႐ႊ႕မယ့္ အခ်ိန္ တေယာက္ထဲ လႊတ္ရတာကို ေတာ္

ေတာ္ႀကီး စိတ္ကမေကာင္းဘူး။ သူျပန္ေကာင္းလာဖို႔ ဆိုတာႀကီးနဲ႔ လႊတ္ရတာ။ မေန႔က video call ေျပာေတာ့လဲ ေသခ်ာ ေခ်ာ့ေမာ့ေျပာ‌ေပမယ့္ မိသားစု

အနားမွာ မရွိေနတာကို အားငယ္ေနတာေတြ႕ရေတာ့ အရမ္းဝမ္းနည္းတယ္။လြန္ခဲ့တဲ့ ၉ ရက္ေလာက္က အစာမေၾကရင္ျပည့္ၿပီး ႏူန္းတယ္။ လြန္ခဲ့တဲ့ ၈ ရက္က

ဖ်ားတယ္။ ေနာက္ရက္ ညေနပိုင္း O2 က်‌လို႔ ေနာက္ေန႔ ‌ဂ်ပန္ေဆး႐ုံသြားျပတယ္။ICU ထဲေရာက္တယ္။ က်ေတာ္ေဘးကေန ေစာင့္ေပးတယ္။ Swab Test လုပ္

တယ္။ ေနာက္ေန႔ ကိုဗစ္ ေပါ့စတစ္ ထြက္တယ္။ အိမ္မွာေစာင့္ေနတဲ့ အေမ ကို Q ေခၚသြားတယ္။

ကိုဗစ္ ကုသ ေဆး႐ုံေတြရဲ႕ ေနရာအခက္အခဲေၾကာင့္ ဂ်ပန္ေဆး႐ုံမွာ ၃ ရက္ထပ္ေနတယ္။ မေန႔က ေဖာင္ႀကီးကိုေခၚတယ္။ က်ေတာ္ Q ဝင္ကတယ္။ ဒီေန႔ အေဖ

ဆုံးတယ္။အရမ္းျမန္လြန္းတယ္။ ကိုဗစ္ ကို အရမ္းေၾကာက္ပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္ႀကဳံရမယ္လို႔ တခါမွ မေတြးထားဘူး။ ကိုယ့္မိဘဆိုေတာ့ ပိုမေျဖႏိုင္ပါဘူး။

ကိုယ္တိုင္က ဘယ္မွမသြားဘဲ အိမ္တြင္းေအာင္းေနေပမယ့္ အေဖ သူ႔ အလုပ္ သြားသြားေနတာကို မတားႏိုင္ခဲ့ဘူး။ က်ေတာ္ တခ်က္ေပါ့မိပါတယ္။ က်ေတာ္

ညံ့ပါတယ္။

အေမနဲ႔ က်ေတာ္လဲ မစစ္ရေသးေတာ့ ပိုး ရွိေနႏိုင္တယ္။ က်ေတာ္က ICU မွာ ၅ ရက္လုံး ရွိခဲ့ေတာ့ ပိုရွိႏိုင္ပါတယ္။ ျဖစ္မယ္ဆို က်ေတာ္ပဲ ပိုးေတြ႕ၿပီး အေမ

အႏၲရာယ္ကင္းပါေစ။ ၂၀၁၂ က ညီေလး ဆုံးၿပီးကတည္းက ဒီလို အျဖစ္ဆိုးမ်ိဳး လုံးဝ မႀကဳံရပါေစနဲ႔ေတာ့လို႔ ဘုရားမွာဆုေတာင္းေပမယ့္ မျပည့္ပါဘူး။ဒီတခါ က်န္

တဲ့ မိသားစု အားလုံး တကြဲတျပားစီနဲ႔ အေဖကို သြားေတာင္ေတြ႕လို႔မရေတာ့‌တာ ေတာ္ေတာ္ ဆိုးပါတယ္။

ဒီစာဟာ က်ေတာ္ ေရးခ်င္လို႔ ေရးတာ ၊ သူမ်ားေတြ သင္ခန္းစာ ယူႏိုင္ေအာင္နဲ႔ က်ေတာ့္ ဘဝမွာ အၿမဲ ေနာင္ၾကဥ္ေအာင္ ေရးတာပါ။ Lecture ႐ိုက္မယ့္ ၊

အျပစ္တင္မယ့္ comment ေတြ မျမင္ခ်င္ပါ။ မီဒီယာမ်ားမွလဲ အင္တာဗ်ဴး မေတာင္းၾကပါနဲ႔။ က်ေတာ္ ႐ူးခ်င္ေနပါတယ္။ ဘဝမွာ ေကာင္းတာလုပ္တိုင္းလဲ ေကာင္း

တာမျဖစ္ပါ။

အေဖဆို ဘဝတေလွ်ာက္ သူတပါးအေပၚ မိသားစု အေပၚ ၊ သူ႔ မိဘ ညီအကိုေမာင္ႏွမေတြ အေပၚ အလြန္ေကာင္းပါတယ္။ ဒါေပမယ့္ သူ႔ေနာက္ဆုံးအခ်ိန္က

အလိုႀကီးလား ၊ခ်က္ခ်င္းကို သၿဂိဳလ္ရမယ့္ ကံပါတာလား။ မိသားစုနဲ႔ တကြဲတျပားလား။ သူတသက္ရွာထားတဲ့ စည္းစိမ္ေတြ အခုဆို ဘာမွ လုပ္ေပးလို႔မရေတာ့ဘူး။

က်ေတာ္ ဘုရားတရားအရမ္းလုပ္‌ေပမယ့္ အခုႀကဳံရေတာ့ တရားနဲ႔လဲ မေျဖႏိုင္ပါဘူး။ က်ေတာ္‌ေလာကႀကီးကို တကယ္မုန္းတယ္။

ပါပါး ပိုေကာင္းမြန္တဲ့ ဘုံဘဝေရာက္မွာပါ။ လုံလုံးနဲ႔ ေတြ႕ေနမွာပါ။ ပါပါးကို ခ်စ္ပါတယ္က်ေတာ့္ အတြက္ ပါပါး ဂုဏ္ယူခဲ့ရမွာပါေနာ္။ က်ေတာ့္ကိုခ်စ္တဲ့သူေတြ

ဘုရားရွိခိုးျဖစ္တဲ့အခါ ဦးေအာင္ျမင့္ အသက္ ၆၆ ႏွစ္ ကို ရည္းစူးၿပီး ‌ေမတၱာပို႔ အမွ်‌ေဝေပးၾကပါ။ ကုသိုလ္အက်ိဳးကို သူ ခံစားေစခ်င္လို႔ပါ။ ” ဆိုကာ ရင္ဖြင့္ခဲ့

ပါတယ္။

ပရိတ္သတ္ႀကီးေရ ထူးပိုင္ေဇာ္ဦးရဲ႕ ဖခင္ႀကီး ဦးေအာင္ျမင့္ အသက္ ၆၆ ႏွစ္ အတြက္ ေကာင္းရာဘုံဘဝ ေရာက္ရွိႏိုင္ေစဖို႔ ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါဦးေနာ္။

က်န္ရစ္သူ မိသားစုနဲ႔အတူ ထပ္တူထပ္မွ် ဝမ္းနည္းရပါတယ္။ ေကာင္းရာဘုံဘဝ ဘုံဌာနကို ေရာက္ရွိႏိုင္ေစဖို႔အတြက္လည္း ဆုေတာင္း ေမတၱာပို႔သလိုက္ရပါတယ္

ရွင္။

credit;

Unicode

ပရိတ်သတ်ကြီးရေ အရည်အချင်း အပြည့်ရှိတဲ့ လူငယ်ဒါရိုက်တာအဖြစ် အားလုံးက လက်ခံထားကြတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ အောင်မြင်တဲ့

ဒါရိုက်တာအဖြစ် နာမည်တလုံးနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ သူမတူပဲ ကွဲပြားတဲ့ တင်ဆက်မှုများနဲ့ ပရိတ်သတ်ရင်ထဲစွဲမြဲထင်ကျန်ရစ်အောင် ဇာတ်လမ်း

ဇာတ်ကွက်များကို ရိုက်ကူးနိုင်သူပါ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ကြီးဟာ ကူးစက်မှုများပြားပြီး သေဆုံးနှုန်းလည်း မြင့်မားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ယနေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ဖခင်ကြီးနဲ့ ပက်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ ” ကျွန်တော် ပါပါး ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ပါးစပ်က တခါမှ ထုတ်မ

ပြောဖူးဘူး။ ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။မနေ့က ဖောင်ကြီး

ရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျွန်တော် ဘာ‌ဖြစ်မှန်း‌တောင်မသိတော့ဘူး။

ဂျပန်ဆေးရုံ ICU မှာ ၅ ရက် တိတိနေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကိုရွှေ့မယ့် အချိန် တယောက်ထဲ လွှတ်ရတာကို

တော်တော်ကြီး စိတ်ကမကောင်းဘူး။ သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က video call ပြောတော့လဲ သေချာ ချော့မော့ပြော‌ပေမယ့်

မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ်။ လွန်ခဲ့

တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြတယ်။ICU ထဲရောက်တယ်။ ကျတော်ဘေးကနေ စောင့်ပေးတယ်။

Swab Test လုပ်တယ်။ နောက်နေ့ ကိုဗစ် ပေါ့စတစ် ထွက်တယ်။ အိမ်မှာစောင့်နေတဲ့ အမေ ကို Q ခေါ်သွားတယ်။

ကိုဗစ် ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျတော် Q ဝင်ကတယ်။ ဒီနေ့

အဖေ ဆုံးတယ်။အရမ်းမြန်လွန်းတယ်။ ကိုဗစ် ကို အရမ်းကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမ

ဖြေနိုင်ပါဘူး။ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျတော် တချက်ပေါ့မိပါ

တယ်။ ကျတော် ညံ့ပါတယ်။

အမေနဲ့ ကျတော်လဲ မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ ကျတော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျတော်ပဲ ပိုးတွေ့ပြီး

အမေ အန္တရာယ်ကင်းပါစေ။ ၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ဒီ

တခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်။

ဒီစာဟာ ကျတော် ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျတော့် ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။ Lecture ရိုက်မယ့် ၊

အပြစ်တင်မယ့် comment တွေ မမြင်ချင်ပါ။ မီဒီယာများမှလဲ အင်တာဗျူး မတောင်းကြပါနဲ့။ ကျတော် ရူးချင်နေပါတယ်။ ဘဝမှာ ကောင်းတာလုပ်တိုင်းလဲ

ကောင်းတာမဖြစ်ပါ။

အဖေဆို ဘဝတလျှောက် သူတပါးအပေါ် မိသားစု အပေါ် ၊ သူ့ မိဘ ညီအကိုမောင်နှမတွေ အပေါ် အလွန်ကောင်းပါတယ်။ ဒါပေမယ့် သူ့နောက်ဆုံးအချိန်က

အလိုကြီးလား ၊ချက်ချင်းကို သဂြိုလ်ရမယ့် ကံပါတာလား။ မိသားစုနဲ့ တကွဲတပြားလား။ သူတသက်ရှာထားတဲ့ စည်းစိမ်တွေ အခုဆို ဘာမှ လုပ်ပေးလို့မရတော့

ဘူး။ ကျတော် ဘုရားတရားအရမ်းလုပ်‌ပေမယ့် အခုကြုံရတော့ တရားနဲ့လဲ မဖြေနိုင်ပါဘူး။ ကျတော်‌လောကကြီးကို တကယ်မုန်းတယ်။

ပါပါး ပိုကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။ လုံလုံးနဲ့ တွေ့နေမှာပါ။ ပါပါးကို ချစ်ပါတယ်ကျတော့် အတွက် ပါပါး ဂုဏ်ယူခဲ့ရမှာပါနော်။ ကျတော့်ကိုချစ်တဲ့သူ

တွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ် ကို ရည်းစူးပြီး ‌မေတ္တာပို့ အမျှ‌ဝေပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ။ ” ဆို

ကာ ရင်ဖွင့်ခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ကြီး ဦးအောင်မြင့် အသက် ၆၆ နှစ် အတွက် ကောင်းရာဘုံဘဝ ရောက်ရှိနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါ

ဦးနော်။ ကျန်ရစ်သူ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ကောင်းရာဘုံဘဝ ဘုံဌာနကို ရောက်ရှိနိုင်စေဖို့အတွက်လည်း ဆုတောင်း

မေတ္တာပို့သလိုက်ရပါတယ်ရှင်။

credit;