ပြည်တွင်းသတင်း
ရန်ကုန်တွင် မြို့နယ်ဖြတ်ကျော်သွားလာသူများကို ယနေ့ကစ၍ အရေးယူတော့မည်ဟုဆို QR Pass ပြုလုပ်ထားသူများသာ နယ်မြေဖြတ်ကျော်ခွင့်ရမည်
က ပြောသည်။
Home သတ် မှတ်ထားသည်။
credit;
Unicode
နယ်မြေကျော်ဖြတ်ယာဉ်သွားလာမှုကို ယမန်နေ့က ရန်ကုန်တက္ကသိုလ်ရှေ့၌ စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်တိုင်းအတွင်း မြို့နယ် ဖြတ်ကျော်သွားလာမှုကို တားမြစ်စစ်ဆေးမှုများ ပြုလုပ်ပြီး စက်တင်ဘာ ၂၈ ရက်တွင် စတင် အရေးယူတော့မည်ဖြစ်သည်။
ခွင့်ပြုထားသည့်လုပ်ငန်းကို QR Pass ထုတ်ပေးမည်ဖြစ် ကြောင်းနှင့် QR Pass ပြုလုပ် ထားသူများသာ နယ်မြေဖြတ် ကျော်ခွင့်ပေးမည်ဟု စက်တင် ဘာ ၂၇ ရက်တွင် မြို့နယ်
အလိုက် ပညာပေးမှုများ ဆောင်ရွက်ခဲ့ သည်။
ကချင်နှင့် စစ်ကိုင်းတွင် လူဦးရေ လေး‌ထောင်ခန့် ရေဘေးကြုံနေ
Stay at Home အစီအစဉ်၌ အကျုံးဝင်သော ပဲခူးတိုင်း မြို့နယ်သုံးခုမှ လက်ခစားလုပ်ငန်း ၁၀၀ နီးပါးကို ယာယီပိတ်
ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမအနီး၊ ရန်ကုန်-အင်းစိန် လမ်းမ၊ လှိုင်သာယာမြို့နယ် အောင်ဇေယျကြိုး တံတားထိပ်နှင့် ဘုရင့်နောင် တံတားအပါအဝင် မြို့နယ်အသီးသီး၌ နယ်
ကျော်ဝင်ထွက်သွားလာနေသည့် လူနှင့် ကားများကို ကြပ်မတ်စစ်ဆေး ခြင်းဖြစ်သည်။
ထိုသို့ ကြပ်မတ်စစ်ဆေးရာ တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ယာဉ် ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ် ရေးမှူးအဖွဲ့တို့က ပူးပေါင်းကာ ပြည်သူများအနေဖြင့် မလိုအပ်ဘဲပြင်ပသို့ ထွက်ခွာ
သွားလာခြင်း များ မပြုလုပ်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
သွားလာခွင့်ပြုထားသည့် လုပ်ငန်းမှ ဝန်ထမ်းများသည် လုပ် ငန်းခွင်သို့ သွားရောက်ရာနှင့် အခြားမြို့နယ်များသို့ ဖြတ်ကျော်ရာတွင် QR Pass ကိုင်ဆောင် ထားရန် လိုအပ်
သည်။ QR Pass မရှိဘဲ မြို့နယ်ဖြတ်ကျော်ခြင်း၊ ခွင့်မပြုသောလုပ်ငန်းများ ဖွင့်လှစ်လည်ပတ်ခြင်းမပြုရဟု ကုန်သည်စက်မှုအသင်းချုပ်က တားမြစ် ထားသည်။
လုပ်ငန်းရှင်များ၊ ဝန်ထမ်း များ၊ အလုပ်သမားများသည် Stay at Home ကာလ နှစ်ပတ် အတွင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များ၊
စည်းမျဉ်းစည်း ကမ်းများကို လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်၍ ကုန်သည်စက်မှုအသင်းချုပ်က ထပ်ဆင့် အသိပေးကြောင်း စက် တင်ဘာ ၂၇ ရက်တွင်
ထုတ်ပြန် သည်။ ထိုသို့ ကန့်သတ်မှုများ ကြောင့် စက်တင်ဘာ ၂၇ ရက် တွင် လုပ်ငန်းရှင်များ စုပြုံလျှောက်ထားရာ Server Error ဖြစ်သွား ကြောင်း လျှောက်ထား
သူများက ပြောသည်။
လျှောက်ထားရာတွင် အမှန်တကယ်လုပ်ငန်းအမျိုးအစား မှန်၊မမှန်စစ်ဆေးသည့်စနစ်မပါဘဲလိုအပ်သလို QR Pass ကို ရယူ နိုင်ခြင်းနှင့် အချက်အလက်များ လုံခြုံမှုမရှိ
ကြောင်း လုပ်ငန်းရှင် များက ဝေဖန်ခဲ့ကြသည်။
တနင်္လာနေ့တွင် ရုံးဖွင့်ရန် အတွက် လုပ်ငန်းရှင်များ အပြိုင် လျှောက်ထားမှုကြောင့် စက်တင် ဘာ ၂၇ ရက် ညနေပိုင်းတွင် အဆိုပါ server ပြုတ်ကျသွားပြီး Server
Maintenance သာ ဖြစ် နေသည်။
‘‘Stay at Home ညွှန်ကြားစာပါအတိုင်း တစ်မြို့နယ်နဲ့ တစ်မြို့နယ် အကြောင်းမရှိဘဲ မသွားဖို့ ဒီကနေ့ကစပြီး လမ်းမပေါ်မှာ အ သိပညာပေးတယ်။ နောက်ပိုင်း မလိုအပ်ဘဲ
သွားတာမျိုးနဲ့ တခြားအရေးကိစ္စတွေပါ ဆက်စပ်လာရင်တော့ အရေးယူမှုတွေရှိလာ မှာပါ’’ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်က ပြော သည်။မြို့နယ်ချင်း
ဆက်လမ်းများ တွင် QR Pass မပါသည့် ကား များကို မြို့နယ်ကျော်သွားလာခွင့် မပြုဘဲ လာလမ်းအတိုင်း ပြန်လှည့်စေသည်။
‘‘တစ်တိုင်းလုံး အဆင့်နဲ့ဒီနေ့ လမ်းမတွေပေါ် မလိုအပ်ဘဲမသွားဖို့ တိုက်တွန်းတာ။ အသိပေးတာ လုပ်ပါတယ်။ အရေးယူ ဖို့ မဟုတ်ပါဘူး။ ရောဂါတားဆီးထိန်းချုပ်ရေးအတွက်ပါ။
သို့သော်နောက်ပိုင်းမှာ ရောဂါတွေ့ရှိမှု နှုန်းတက် လာမယ်။ ဒါမှမဟုတ်ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီးအများပြည်သူကို ထိခိုက်လာရင် တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲ
ဆောင်ရွက်ပါ့မယ်။ အရေးကြီး တာက တစ်ဦးတစ်ယောက်ချင်း မလိုအပ်ဘဲ ဘယ်မှ မသွားဖို့လို တယ်။ ကျွန်တော်တို့ အရေးမယူချင်ပါဘူး’’ဟု မင်္ဂလာတောင်ညွန့် မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင် ဝင်းက ပြောသည်။
ပြည်သူများအနေဖြင့် ဆေးရုံ၊ ဆေးခန်း၊ အလုပ်ရုံသို့ သွားရောက်ရသည့် စသည့်ကိစ္စရပ်များမှလွဲ၍ အကြောင်းမဲ့ ပြင်ပသို့ ထွက်ပါက စစ်ဆေးပြီး ကြပ်မတ်မှုများကို ဆက်လက်
ဆောင်ရွက် မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များက ပြောသည်။
‘‘ခွင့်ပြုချက်မရှိဘဲ မြို့နယ်တစ်ခုနဲ့တစ်ခု ဖြတ်ကျော်ခွင့်မပြု တော့ပါဘူး။ ကျွန်တော်တို့က တော့ ဒဂုံဧရာ အဝေးပြေးကား ဂိတ်ကို စစ်ဆေးပေးနေရတယ်။ ကျန်းမာရေးဆိုင်ရာ
ကိစ္စရပ်တွေ၊ပစ္စည်းတွေ ပို့ဆောင်တဲ့နေရာမှာ လည်း စားသောက်ကုန်တွေ ဟုတ်၊ မဟုတ် စိစစ်နေပါတယ်။ အရေးကြီးကိစ္စရှိလို့ ဖြတ်သန်း သွားလာရင်လည်း အုပ်ချုပ်ရေး
အဖွဲ့ရဲ့ ထောက်ခံစာပါမှ သွား လာလို့ရမှာပါ’’ဟု လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အုပ်ချုပ် ရေးမှူး ဦးနေမင်းထွန်းက ပြော သည်။ Stay at Home ချမှတ်ထား
သည့် မြို့နယ်များရှိ အဓိကလမ်းမကြီးများ၌ သွားလာလျက် ရှိသည့် လူနှင့် ယာဉ်များကို လှည့် ကင်းတပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လှိုင်
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော် ကျော်ဦးက ပြောသည်။
‘‘ဒီနေ့ကစပြီး စစ်ဆေးတာ ပါ။ အပြင်ထွက်ရတဲ့ အကြောင်းရင်းတွေပေါ့။ ဒီလိုလုပ်ပြီးတဲ့နောက်ပိုင်း အပြင်ထွက်တာတွေ တော့ မတွေ့ရတော့ပါဘူး။ အရေးယူဖို့ရှိ၊ မရှိကျတော့
ကျွန်တော် လည်း မသိသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော် မတီရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးယူလို့ရတယ်’’ဟု ၎င်းက ပြောသည်။
ထို့ကြောင့် QR Pass လျှောက်ထားပါက https://qrpass.SawSawShar.gov.mm သို့ ဝင်ရမည်ဖြစ်သည်။ ဦးစွာအီးမေးလ်ဖြင့် Sign Up လုပ်ရ မည်ဖြစ်သည်။ ထိုနောက်
ဒုတိယ အဆင့်တွင် ဝန်ထမ်းနှင့် လုပ်ငန်းကိုဖြည့်စွက်ကာ Save လုပ်ရမည်ဖြစ်သည်။ ခွင့်ပြုလုပ်ငန်း ၂၇ မျိုးအတွက် ချက်ချင်းခွင့်ပြုချက်ရ မည်ဖြစ်ပြီး အခြားလုပ်ငန်းများ သည်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရရန် စောင့်ဆိုင်းရ မည်ဖြစ်သည်။ အဆိုပါ QR Pass သည် ဈေးဝယ်ယူခြင်း၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ခြင်း တို့အတွက် အကျုံးမ
ဝင်ဟု ကုန် သည်စက်မှုအသင်းချုပ်က ဆို ထားသည်။
အစိုးရက COVID-19 ထိန်း ချုပ်ရေးအတွက် ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကို စက်တင် ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းများ ယာယီ ရပ်ဆိုင်းပြီး
Stay at Home သတ် မှတ်ထားသည်။
သီယာဂိုဆေးလ်ဗားကို အပြစ်တင်ရန် လမ်းပတ် ငြင်းဆို
အာရုံစူးစိုက်မှုအားနည်းခဲ့၍ မကွေးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီနည်းပြချုပ် ဆို
credit;