ပြည်တွင်းသတင်း


============================================





သို့သော် စက်တင်ဘာလ ၂၇ ရက်က ပြောဆိုထားသော ကနဦးသတင်းမှာ ဟုတ်မှန်ကြောင်းလည်း ၄င်းက ပြောသည်။


ကြီး၎ခုက တာဝန်ယူဆောင်ရွက်မည် ဖြစ် ကြောင်း၊ ရန်ကုန်တွင် COIVID-19 Positive လူနာများ ထပ်မံရှိလာပါက အဆင်ပြေပြေ ကုသပေးနိုင် ရေးအတွက်ြ

ပင်ဆင်နေခြင်း ဖြစ် ကြောင်းနှင့် ယာယီဆေးရုံဖြစ်မြောက်ဖို့အတွက် ကျပ်သိန်းတစ်သောင်း မတည်ထားကြောင်း၊ ကမ္ဘော ဇဘဏ်က ကျပ်သိန်း(၅၀၀၀)၊ ရွှေသံလွင်




credit;

Unicode

ကိုဗစ်ရောဂါကုသရန် ရန်ကုန်ကွန်ဗင်းရှင်းစင်တာကို ယာယီဆေးရုံအဖြစ်အသုံးပြုမည်
============================================

ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်အနီးရှိရန်ကုန်ကွန်ဗင်းရှင်းစင်တာကို ခုတင်(၁၀၀၀) ယာယီဆေးရုံအဖြစ် အသုံးပြုမည် ဖြစ်ကြောင်း ရွှေသံလွင်မီဒီယာ

ကုမ္ပဏီလီမိတက်၏ Deputy Managing Director ဦးတင့်ဆန်းက ပြည်မြန်မာကို ပြောသည်။

“ဆေးရုံလုပ်မှာက ဟုတ်တယ်၊အခုက ဘယ်လိုတွေ လုပ်ကြမယ်၊ဘယ်ကုမ္ပဏီက ဘယ်လိုတာဝန် ယူမယ်၊ ဘယ်သူတွေက လှူကြမယ်ဆိုတာကို ဒီနေ့

(စက်တင်ဘာလ ၂၈ ရက်)ညနေမှာ အစည်းအဝေး လုပ်ပြီးမှ အသေးစိတ်ပြောပါမယ်”ဟုယင်းက ဆိုသည်။

သို့သော် စက်တင်ဘာလ ၂၇ ရက်က ပြောဆိုထားသော ကနဦးသတင်းမှာ ဟုတ်မှန်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းကနဦးသတင်းအရ ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်း ညွှန်ချက်ဖြင့် ကမ္ဘောဇ၊ ရွှေသံလွင်၊ဂျက်စမင်၊ ဝ

မင်း ကုမ္ပဏီကြီး၄ခုက တာဝန်ယူဆောင်ရွက်မည် ဖြစ် ကြောင်း၊ ရန်ကုန်တွင် COIVID-19 Positive လူနာများ ထပ်မံရှိလာပါက အဆင်ပြေပြေ ကုသပေး

နိုင် ရေးအတွက် ပြင်ဆင်နေခြင်း ဖြစ် ကြောင်းနှင့် ယာယီဆေးရုံဖြစ်မြောက်ဖို့အတွက် ကျပ်သိန်းတစ်သောင်း မတည်ထားကြောင်း၊ ကမ္ဘော ဇဘဏ်က

ကျပ်သိန်း(၅၀၀၀)၊ ရွှေသံလွင်ကုမ္ပဏီက ကျပ် သိန်း (၃၀၀၀) လှူဒါန်းထားကြောင်း သိရသည်။

နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တာဝန်ယူထားပြီး Volunteer အနေဖြင့် We Love Yangon ကဆောင်ရွက်ကာ ရန်ကုန်

မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

credit;