ပြည်တွင်းသတင်း


==============================================


ငွေကျပ် ၈၆ သိန်း ၉ သောင်း ရရှိခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၄င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။








credit;

Unicode

မန်းစည်ပင်က Mask မတပ်သည့် ဈေးသည်၊ ဈေးဝယ်သူ ၂၅၀၀ ကျော်ကို ဒဏ်ရိုက်ခဲ့ရာငွေကျပ် သိန်း ၈၀ ကျော်ရရှိ
===============================================

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စက်တင်ဘာလ ၂၇ရက်ထိ maskမတပ်သည့် ဈေးသည်၊ဈေးဝယ်သူ၂၅၂၉ ဦးကို ဒဏ်ရိုက်ခဲ့

သည့်အတွက် ငွေကျပ် ၈၆ သိန်း ၉ သောင်း ရရှိခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား

ထားသည်။

ယင်းအပြင် ၃ ကြိမ်တိုင်တိုင် mask မတပ်သည့် ဈေးသည် ၇၂ဦးကို ဈေးရောင်းချခွင့် ၃ရက်ပိတ်သိမ်းခဲ့ကြောင်း လည်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းစည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဈေးများအားလုံး တွင် mask စနစ်တကျတပ်ဆင်ရေး၊ Mask မတပ်

ပါက ဒဏ်ငွေရိုက်ကာ homemade mask ၂ခု ပြန်ပေးခြင်း ၊ နေ့စဉ် ဈေးသည် ၊ ဈေးဝယ်များ mask တပ်ဆင်ရန် အော်လံနှင့် သတိပေးခြင်း၊ ကိုယ်အပူချိန်

တိုင်းခြင်းတို့ကို မေလမှစတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဈေးသည် ၊ ဈေးဝယ်သူများကို Mask အပြင် Faceshield နှင့် လက်ဖအိပ် gloves ပါစွတ်ခိုင်းထားကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၇ ရက်၊ ည ၈နာရီအထိ သတင်းအရ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၀,၇၃၄ ဦး

ရှိသည့်အနက် ၂,၈၆၂ ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သေဆုံး သူပေါင်း ၂၂၆ ဦးရှိကြောင်း သိရသည်။

credit;