ပြည်တွင်းသတင်း
ကိုဗစ်ရောဂါဆိုတာ မမြင်နိုင်ပေမယ့် အိမ်ကဆန်အိုးထဲမှာ ဆန်မရှိတာက မြင်နိုင်တယ်လေကွယ်
credit;
Unicode
ကိုရိုနာဗိုင်းရပ်ဟာကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးခက်ခဲကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကိုဗစ်ဟာမြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး
အစိုးရရဲ့ စီမံခန့်ခွဲမှုတွေ သေသပ်လွန်းတာကြောင့် ကိုဗစ်ဟာ ပထမလှိုင်းမှာ မြန်မာနိုင်ငံကို အလဲမထိုးနိုင်ခဲ့ပါဘူး။ သို့ပေမယ့် ယနေ့အချိန်မှာတော့
ဒုတိယလှိုင်းအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ အစိုးရကလဲ တက်နိုင်သမျှအင်အားလေးနဲ့
စေတနာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး တိုက်ထုတ်နေပေမယ့် ယနေ့အချိန်ထိတော့ ကိုဗစ်ကို အနိုင်မယူခဲ့နိုင်သေးပါဘူး။ မြန်မာပြည်သူလူထုတော်တော်များများမှာလည်း
ကိုဗစ်ကြောင့် စီးပွားရေးခက်ခဲကျပ်တည်းမှုတွေရှိနေကြရပါတယ်။ တစ်ချို့လူတန်းစားတွေဆို စားဝတ်နေရေးမဖူလုံတာကြောင့်
ကိုဗစ်ကို ကြောက်ပေမယ့်လည်း ဝမ်းရေးအတွက် လမ်းမပေါ်မှာ ထွက်ပြီး ဈေးရောင်းနေကြရရှာပါတယ်။ ခရက်ဒစ်
credit;