Corona Virus

စစ္ကိုင္းတိုင္းအထက္ပိုင္း ဟုမၼလင္းၿမိဳ့ရွိ ပထမဆုံး ကိုဗစ္လူနာ အမ်ိဳးသမီးမွာ ယေန႔ေဆး႐ုံဆင္း

ဟုမၼလင္းရွိ ပထမဆုံး ကိုဗစ္လူနာ ေဆး႐ုံဆင္း
================================

ဟုမၼလင္း ၊စက္တင္ဘာ -၃၀

စစ္ကိုင္းတိုင္းအထက္ပိုင္း ဟုမၼလင္းၿမိဳ့ရွိ ပထမဆုံး ကိုဗစ္လူနာအမ်ိဳးသမီးမွာ ယေန႔ေဆး႐ုံဆင္းၿပီျဖစ္သည္။

အဆိုပါအမ်ိဳးသမီးသည္ ကေလးဝၿမိဳ့နယ္ ေႏွာပင္ေက်းရြာဇာတိျဖစ္ၿပီး ရန္ကုန္တိုင္း တာေမြၿမိဳ့နယ္ မွ စက္တင္ဘာ ၁၁ ရက္ေန႔တြင္ျပန္လာျခင္းျဖစ္သည္။

၎သည္ ဟုမၼလင္းၿမိဳ့နယ္ နမ့္ေတာေက်းရြာသို့ေရာက္ရွိခဲ့ၿပီး ၁၂ ရက္ေန႔က ေရာက္ခဲ့ၿပီး ကြာရတင္း ဝင္ေနရာ ဓာတ္ခြဲစစ္ေဆးစဥ္ ပိုးေတြ႕ခဲ့ျခင္းျဖစ္သည္။

“ခုေတာ့ က်န္းမာေရးေကာင္းသြားလို့ သူ႔ကိုေဆး႐ုံကေနဆင္းခြင့္ေပးလိုက္ပါၿပီ ၊သူ႔ေနအိမ္မွာေတာ့ ၇ ရက္ အိမ္ကြာရတင္း ေနရအုံးမွာပါ”ဟု ေဆး႐ုံအုပ္ ေဒါက္တာဝင္းနိုင္ထြန္းကေျပာ

သည္။၎ ပိုးေတြ႕လူနာအမ်ိဳးသမီးအား ကုသမွုေပးခဲ့ေသာ က်န္းမာေရးဝန္ထမ္း သုံးဦးအား ဓာတ္ခြဲနမူနာယူစစ္ေဆးထားရာ အေျဖမရေသးမီ သီတဂူ စကၡဳဒါနေဆး႐ုံ၌ ေစာင့္ၾကည့္

သြားမည္ဟုဆိုသည္။

ဟုမၼလင္းၿမိဳ့နယ္ တြင္ အမွတ္ ၁ အထက္တန္းေက်ာင္း ကြာရတင္းစင္တာ၌ ေစာင့္ၾကည့္ခံထားရသူ ေဖာင္းျပင္ပိုးေတြ႕လူနာႏွင့္ထိေတြ႕ဆက္စပ္ခဲ့သူ ၃ ဦးအပါအဝင္ အသြားအလာကန႔္

သတ္ခံထားရသူ ၁၂ ဦးတို့မွာ ယမန္ေန႔က ပိုးမေတြ႕အေျဖ ထြက္ရွိခဲ့သည္။

ဟုမၼလင္းၿမိဳ့နယ္တြင္ ကြာရတင္းဝင္ေနသူ စုစုေပါင္း ၁၈ ဦးရွိၿပီးေမာင္းခမ္းေက်းရြာတြင္ ၂ ဦး ၊ေနာင္ပိုေအာင္ေက်းရြာတြင္ ၂ ဦး ႏွင့္ အမွတ္ ၁ အထက္တန္းေက်ာင္းကြာရတင္းစင္တာ

တြင္ ၁၄ ဦးရွိသည္။

credit;

Unicode

ဟုမ္မလင်းရှိ ပထမဆုံး ကိုဗစ်လူနာ ဆေးရုံဆင်း
================================

ဟုမ္မလင်း ၊စက်တင်ဘာ -၃၀

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ရှိ ပထမဆုံး ကိုဗစ်လူနာအမျိုးသမီးမှာ ယနေ့ဆေးရုံဆင်းပြီဖြစ်သည်။

အဆိုပါအမျိုးသမီးသည် ကလေးဝမြို့နယ် နှောပင်ကျေးရွာဇာတိဖြစ်ပြီး ရန်ကုန်တိုင်း တာမွေမြို့နယ် မှ စက်တင်ဘာ ၁၁ ရက်နေ့တွင်ပြန်လာခြင်းဖြစ်သည်။

၎င်းသည် ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာသို့ရောက်ရှိခဲ့ပြီး ၁၂ ရက်နေ့က ရောက်ခဲ့ပြီး ကွာရတင်း ဝင်နေရာ ဓာတ်ခွဲစစ်ဆေးစဉ် ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

“ခုတော့ ကျန်းမာရေးကောင်းသွားလို့ သူ့ကိုဆေးရုံကနေဆင်းခွင့်ပေးလိုက်ပါပြီ ၊သူ့နေအိမ်မှာတော့ ၇ ရက် အိမ်ကွာရတင်း နေရအုံးမှာပါ”ဟု ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်း

ကပြောသည်။၎င်း ပိုးတွေ့လူနာအမျိုးသမီးအား ကုသမှုပေးခဲ့သော ကျန်းမာရေးဝန်ထမ်း သုံးဦးအား ဓာတ်ခွဲနမူနာယူစစ်ဆေးထားရာ အဖြေမရသေးမီ သီတဂူ စက္ခုဒါနဆေးရုံ၌

စောင့်ကြည့်သွားမည်ဟုဆိုသည်။

ဟုမ္မလင်းမြို့နယ် တွင် အမှတ် ၁ အထက်တန်းကျောင်း ကွာရတင်းစင်တာ၌ စောင့်ကြည့်ခံထားရသူ ဖောင်းပြင်ပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်ခဲ့သူ ၃ ဦးအပါအဝင်

အသွားအလာကန့်သတ်ခံထားရသူ ၁၂ ဦးတို့မှာ ယမန်နေ့က ပိုးမတွေ့အဖြေ ထွက်ရှိခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ကွာရတင်းဝင်နေသူ စုစုပေါင်း ၁၈ ဦးရှိပြီးမောင်းခမ်းကျေးရွာတွင် ၂ ဦး ၊နောင်ပိုအောင်ကျေးရွာတွင် ၂ ဦး နှင့် အမှတ် ၁ အထက်တန်းကျောင်းကွာရ

တင်းစင်တာတွင် ၁၄ ဦးရှိသည်။

credit;