Corona Virus

ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကုသ ထိုးေဆး Remdesivir ေဆး အလုံးေရ (၁၀၀၀၀) ထပ္မံဝယ္ယူမည္

ရန္ကုန္၊ ေအာက္တိုဘာ ၁၃ ရက္

ျမန္မာႏိုင္ငံအတြက္ အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ကုသထိုးေဆး Remdesivir အလုံးေရ တစ္ေသာင္း ထပ္မံဝယ္ယူမည္ျဖစ္ၿပီး အဆိုပါေဆးမ်ားေရာက္ရွိလာပါက ေဆး

အလုံးေရ သုံးေသာင္း ဝန္းက်င္ရွိလာမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက မဇၩိမကို ေျပာသည္။

မူလက အိႏၵိယမွ မွာယူထားသည့္ ေဆးအလုံးေရ တစ္ေသာင္းခြဲအနက္ အလုံးေရ ရွစ္ေထာင္ဝန္းက်င္ ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ လက္ရွိတြင္ လႉဒါန္းမႈႏွင့္

ဝယ္ယူမႈမွ ရရွိသည့္ ေဆးအလုံးေရ တစ္ေသာင္းဝန္းက်င္ရွိေနေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က ပထမအေခါက္တည္းက အလႉရွင္ သုံးေထာင္လႉၿပီးကတည္းက တစ္ခါတည္း တစ္ေသာင္းခြဲမွာလိုက္တာေပါ့။ အခုလက္ထဲကို ခုနစ္ေထာင္ နဲ႔

ရွစ္ေထာင္ဝန္းက်င္ေလာက္ေရာက္ၿပီ။ အိႏၵိယက ေလယာဥ္တိုက္႐ိုက္မရွိေတာ့ ေလယာဥ္နည္းနည္းျပန္ေစာင့္ရတာေပါ့။ အဲ့ဒီမွာယူထားတာေရာက္ရင္ ဒီတစ္ပတ္၊

ႏွစ္ပတ္အတြင္းကို တစ္ေသာင္းခြဲျပည့္မယ္။ အဲ့ဒီအျပင္ အခုေနာက္ထပ္ တစ္ေသာင္းထပ္မွာဖို႔ လုပ္ေနတယ္။ ေပါင္းရင္ ႏွစ္ေသာင္းခြဲေပါ့။ အရင္လႉထားတာနဲ႔ဆို

သုံးေသာင္းေလာက္ျဖစ္သြားပါမယ္” ဟု ေဒါက္တာ သန္းႏိုင္စိုးက ေျပာသည္။

အဆိုပါ ေဆးကို လူတစ္ဦးလွ်င္ ၆ လုံးႏႈန္းထိုးႏွံေပးရျခင္းျဖစ္ၿပီး လူနာ၏ ေရာဂါအေျခအေနလိုအပ္မႈအရ သမားေတာ္ႀကီးမ်ားက ထိုးႏွံကုသေပးေနျခင္းျဖစ္ေၾကာင္း

ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

“လူတစ္ေယာက္ကို ေျခာက္လုံးသုံးရတယ္ဆိုေတာ့ အလုံး ေျခာက္ေထာင္ရွိတယ္ဆိုရင္ေတာင္ လူတစ္ေထာင္အတြက္ပဲ ရမယ္ေပါ့ေနာ္။ အသက္အ႐ြယ္က ေဆး

ေပးႏိုင္တဲ့အသက္အ႐ြယ္ျဖစ္ရမယ္။ ေအာက္စီဂ်င္သုံးေနရတဲ့သူ ျဖစ္ရမယ္။ ၿပီးရင္ ေသြးထဲမွာရွိတဲ့ ေသြးနီဥအေနအထားေတြလည္း ၾကည့္ရတယ္။ ေနာက္ခံေရာဂါ

အေနအထားေရာ၊ ဒီေဆးေပးလိုက္လို႔ေရာ ရလဒ္ျပန္ေကာင္းလာပါ့မလား။ အဲ့ဒီလိုအခ်က္ေတြအပါအဝင္ သတ္မွတ္ခ်က္ေတြနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး ေပးရတာ။

လူတိုင္းအတြက္မလိုအပ္ဘူး။ ဒီေဆးက နတ္ေဆးလည္း မဟုတ္ဘူး။ ဒီေဆးေပးလိုက္လို႔ ျပန္ေကာင္းလာတဲ့ႏႈန္းကို သက္သာေစတယ္။ ဒါေပမယ့္ ခႏၶာကိုယ္ထဲမွာ

တုံ႔ျပန္မႈအႀကီးအက်ယ္ျဖစ္ၿပီး ပ်က္စီးတဲ့သူဆိုရင္ ေသဆုံးမႈႏႈန္းေပၚမွာ သိသာတဲ့ ရလဒ္မရွိဘူး။ သမားေတာ္ႀကီးေတြ၊ ဆရာဝန္ႀကီးေတြ၊ ကြၽမ္းက်င္မႈဆိုင္ရာေတြ အ

မ်ားႀကီးနဲ႔ သုံးစြဲရတဲ့ေဆးမ်ိဳးျဖစ္တဲ့အတြက္ မိမိဘာသာဝယ္ယူသုံးစြဲဖို႔ မသင့္ေတာ္ပါဘူး” ဟု ေျပာသည္။

Remdesivir ေဆးကို ေရာဂါျပင္းျပင္းထန္ထန္ခံစားေနရသူမ်ားအတြက္ သုံးစြဲေနၿပီး ေဆးရွိေနသည့္အေနအထားအရ ေဝဒနာရွင္ ေထာင္ဂဏန္းအတြက္သာ အ

သုံးျပဳႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ေဆးထပ္မံရရွိေအာင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္းကိုလည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေအာက္တိုဘာ

လ ၁၂ ရက္ေန႔ည ျပည္သူသို႔ အစီရင္ခံတင္ျပသည့္ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

credit;

Unicode

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်

မြန်မာနိုင်ငံအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကုသထိုးဆေး Remdesivir အလုံးရေ တစ်သောင်း ထပ်မံဝယ်ယူမည်ဖြစ်ပြီး အဆိုပါဆေးများရောက်ရှိလာပါ

က ဆေးအလုံးရေ သုံးသောင်း ဝန်းကျင်ရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက မဇ္ဈိမ

ကို ပြောသည်။

မူလက အိန္ဒိယမှ မှာယူထားသည့် ဆေးအလုံးရေ တစ်သောင်းခွဲအနက် အလုံးရေ ရှစ်ထောင်ဝန်းကျင် ရောက်ရှိနေပြီဖြစ်သောကြောင့် လက်ရှိတွင်

လှူဒါန်းမှုနှင့် ဝယ်ယူမှုမှ ရရှိသည့် ဆေးအလုံးရေ တစ်သောင်းဝန်းကျင်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့က ပထမအခေါက်တည်းက အလှူရှင် သုံးထောင်လှူပြီးကတည်းက တစ်ခါတည်း တစ်သောင်းခွဲမှာလိုက်တာပေါ့။ အခုလက်ထဲကို ခုနစ်

ထောင် နဲ့ ရှစ်ထောင်ဝန်းကျင်လောက်ရောက်ပြီ။ အိန္ဒိယက လေယာဉ်တိုက်ရိုက်မရှိတော့ လေယာဉ်နည်းနည်းပြန်စောင့်ရတာပေါ့။ အဲ့ဒီမှာယူထားတာ

ရောက်ရင် ဒီတစ်ပတ်၊ နှစ်ပတ်အတွင်းကို တစ်သောင်းခွဲပြည့်မယ်။ အဲ့ဒီအပြင် အခုနောက်ထပ် တစ်သောင်းထပ်မှာဖို့ လုပ်နေတယ်။ ပေါင်းရင် နှစ်

သောင်းခွဲပေါ့။ အရင်လှူထားတာနဲ့ဆို သုံးသောင်းလောက်ဖြစ်သွားပါမယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

အဆိုပါ ဆေးကို လူတစ်ဦးလျှင် ၆ လုံးနှုန်းထိုးနှံပေးရခြင်းဖြစ်ပြီး လူနာ၏ ရောဂါအခြေအနေလိုအပ်မှုအရ သမားတော်ကြီးများက ထိုးနှံကုသပေးနေခြင်း

ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

“လူတစ်ယောက်ကို ခြောက်လုံးသုံးရတယ်ဆိုတော့ အလုံး ခြောက်ထောင်ရှိတယ်ဆိုရင်တောင် လူတစ်ထောင်အတွက်ပဲ ရမယ်ပေါ့နော်။ အသက်အရွယ်က

ဆေးပေးနိုင်တဲ့အသက်အရွယ်ဖြစ်ရမယ်။ အောက်စီဂျင်သုံးနေရတဲ့သူ ဖြစ်ရမယ်။ ပြီးရင် သွေးထဲမှာရှိတဲ့ သွေးနီဥအနေအထားတွေလည်း ကြည့်ရတယ်။

နောက်ခံရောဂါအနေအထားရော၊ ဒီဆေးပေးလိုက်လို့ရော ရလဒ်ပြန်ကောင်းလာပါ့မလား။ အဲ့ဒီလိုအချက်တွေအပါအဝင် သတ်မှတ်ချက်တွေနဲ့ တိုက်ဆိုင်

စစ်ဆေးပြီး ပေးရတာ။ လူတိုင်းအတွက်မလိုအပ်ဘူး။ ဒီဆေးက နတ်ဆေးလည်း မဟုတ်ဘူး။ ဒီဆေးပေးလိုက်လို့ ပြန်ကောင်းလာတဲ့နှုန်းကို သက်သာစေ

တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုအကြီးအကျယ်ဖြစ်ပြီး ပျက်စီးတဲ့သူဆိုရင် သေဆုံးမှုနှုန်းပေါ်မှာ သိသာတဲ့ ရလဒ်မရှိဘူး။ သမားတော်ကြီး

တွေ၊ ဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်မှုဆိုင်ရာတွေ အများကြီးနဲ့ သုံးစွဲရတဲ့ဆေးမျိုးဖြစ်တဲ့အတွက် မိမိဘာသာဝယ်ယူသုံးစွဲဖို့ မသင့်တော်ပါဘူး” ဟု ပြောသည်။

Remdesivir ဆေးကို ရောဂါပြင်းပြင်းထန်ထန်ခံစားနေရသူများအတွက် သုံးစွဲနေပြီး ဆေးရှိနေသည့်အနေအထားအရ ဝေဒနာရှင် ထောင်ဂဏန်းအတွက်သာ

အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဆေးထပ်မံရရှိအောင်လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က

အောက်တိုဘာလ ၁၂ ရက်နေ့ည ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။