ႏိုင္ငံတကာသတင္း

လာမယ့္ရက္မ်ားအတြင္း ပဲရစ္ရွိ ေဆးရံုေတြမွာ အထူးၾကပ္မတ္ ကုသမႈ ခံယူရမယ့္ Covid-19 လူနာ အေရအတြက္မ်ား ျမင့္တက္လာႏိုင္

လာမယ့္ရက္မ်ားအတြင္း ပဲရစ္ရွိ ေဆးရံုေတြမွာ အထူးၾကပ္မတ္ ကုသမႈ ခံယူရမယ့္ Covid-19 လူနာ အေရအတြက္မ်ား ျမင့္တက္လာႏိုင္

ျပင္သစ္ႏိုင္ငံမွာ ျမင့္တက္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္းေတြ ေႏွးေကြးလာေစဖို႔အတြက္ ထိန္းခ်ဳပ္မႈ အစီအမံအသစ္ေတြ ျပဳလုပ္ဖို႔ ျပင္ဆင္ေနၿပီး

ပဲရစ္ၿမိဳ႕ရွိ ေဆးရံုေတြမွာေတာ့ လာမယ့္သီတင္းပတ္အတြင္း အထူးၾကပ္မတ္ကုသေရး( intensive care ) ကုတင္ ၉၀ ရာခိုင္ႏႈန္းမွာ Covid-19 လူနာေတြနဲ႔

ျပည့္နက္လာႏုိင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

လာမယ့္ ေအာက္တိုဘာ ၂၄ ရက္ေန႔ ၀န္းက်င္မွာ အထူးၾကပ္မတ္ ကုသမႈ ခံယူရမယ့္ Covid-19 ကူးစက္လူနာ အေရအတြက္ အနည္းဆံုး ၈၀၀ မွ ၁၀၀၀ ထိ

ရွိလာႏိုင္ၿပီး ၄င္းဟာ လက္ရွိ intensive care ကုတင္အေရအတြက္ရဲ႕ ၇၀ ရာခိုင္ႏႈန္းမွ ၉၀ ရာခိုင္ႏႈန္းထိကို ကိုယ္စားျပဳေၾကာင္း ပဲရစ္ၿမိဳ႕ရွိ ေဆးရံု ၃၉ ခုရဲ႕

အႀကီးအကဲ Martin Hirsch က Parisien သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

Covid-19 ကူးစက္မႈ ျမင့္တက္လာတာနဲ႔အမွ် ေဆးရံုေတြကို ဖိအားေပးလာျခင္းေၾကာင့္ ထပ္မံခ်မွတ္မယ့္ ကန္႔သတ္ခ်က္ အစီအမံ အသစ္မွာ ပဲရစ္ၿမိဳ႕နဲ႔ ဗိုင္းရပ္စ္

ကူးစက္မႈႏႈန္း ျမင့္မားေနတဲ့ အျခားၿမိဳ႕ေတြမွာ ညမထြက္ရ ကာဖ်ဴးအမိန္႔မ်ား ပါ၀င္သြားႏိုင္ေၾကာင္း မီဒီယာမွ ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။

ပဲရစ္ၿမိဳ႕နဲ႔ ကူးစက္မႈႏႈန္း ျမင့္မားတဲ့ အျခားၿမိဳ႕ေတြမွာ ဘားေတြ ပိတ္ဆို႔ထားရၿပီး အားကစားခန္းမေတြကို သြားလာျခင္းမ်ား သိသိသာသာေလွ်ာ့ခ်ထားကာ ေစ်း၀ယ္

စင္တာေတြနဲ႔ အျခားျပဇတ္ရံုေတြမွာ လူစုလူေ၀း ျပဳလုပ္ျခင္းမ်ား ကန္႔သတ္ထားေၾကာင္း သိရပါတယ္။

ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ေသဆံုးသူ ၉၄ ဦး၊ အထူးၾကပ္မက္ကုသမႈ ( intensive care ) ခံယူရသူ ၁၇၁ ဦး ထပ္

တိုးလာေၾကာင္း ႏိုင္ငံက်န္းမာေရး ေအဂ်င္စီမွ ေဖာ္ျပခ်က္အရ သိရပါတယ္။ ျပင္သစ္ႏိုင္ငံမွာ အခုဆိုရင္ေတာ့ intensive care လူနာ စုစုေပါင္း ၁၅၃၉ ဦးထိ

ရွိေနၿပီး ကူးစက္လူနာ ၇၅၆၄၇၂ ဦး၊ ေသဆံုးသူ ၃၂၉၄၂ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

credit;

Unicode

လာမယ့်ရက်များအတွင်း ပဲရစ်ရှိ ဆေးရုံတွေမှာ အထူးကြပ်မတ် ကုသမှု ခံယူရမယ့် Covid-19 လူနာ အရေအတွက်များ မြင့်တက်လာနိုင်

ပြင်သစ်နိုင်ငံမှာ မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းတွေ နှေးကွေးလာစေဖို့အတွက် ထိန်းချုပ်မှု အစီအမံအသစ်တွေ ပြုလုပ်ဖို့

ပြင်ဆင်နေပြီး ပဲရစ်မြို့ရှိ ဆေးရုံတွေမှာတော့ လာမယ့်သီတင်းပတ်အတွင်း အထူးကြပ်မတ်ကုသရေး( intensive care ) ကုတင် ၉၀ ရာခိုင်နှုန်းမှာ

Covid-19 လူနာတွေနဲ့ ပြည့်နက်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့ ဝန်းကျင်မှာ အထူးကြပ်မတ် ကုသမှု ခံယူရမယ့် Covid-19 ကူးစက်လူနာ အရေအတွက် အနည်းဆုံး ၈၀၀ မှ

၁၀၀၀ ထိ ရှိလာနိုင်ပြီး ၎င်းဟာ လက်ရှိ intensive care ကုတင်အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိကို ကိုယ်စားပြုကြောင်း ပဲ

ရစ်မြို့ရှိ ဆေးရုံ ၃၉ ခုရဲ့ အကြီးအကဲ Martin Hirsch က Parisien သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Covid-19 ကူးစက်မှု မြင့်တက်လာတာနဲ့အမျှ ဆေးရုံတွေကို ဖိအားပေးလာခြင်းကြောင့် ထပ်မံချမှတ်မယ့် ကန့်သတ်ချက် အစီအမံ အသစ်မှာ ပဲရစ်မြို့နဲ့

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားနေတဲ့ အခြားမြို့တွေမှာ ညမထွက်ရ ကာဖျူးအမိန့်များ ပါဝင်သွားနိုင်ကြောင်း မီဒီယာမှ ဖော်ပြချက်များအရ သိရပါတယ်။

ပဲရစ်မြို့နဲ့ ကူးစက်မှုနှုန်း မြင့်မားတဲ့ အခြားမြို့တွေမှာ ဘားတွေ ပိတ်ဆို့ထားရပြီး အားကစားခန်းမတွေကို သွားလာခြင်းများ သိသိသာသာလျှော့ချထားကာ

ဈေးဝယ်စင်တာတွေနဲ့ အခြားပြဇတ်ရုံတွေမှာ လူစုလူဝေး ပြုလုပ်ခြင်းများ ကန့်သတ်ထားကြောင်း သိရပါတယ်။

နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၉၄ ဦး၊ အထူးကြပ်မက်ကုသမှု ( intensive care ) ခံယူရသူ ၁၇၁

ဦး ထပ်တိုးလာကြောင်း နိုင်ငံကျန်းမာရေး အေဂျင်စီမှ ဖော်ပြချက်အရ သိရပါတယ်။ ပြင်သစ်နိုင်ငံမှာ အခုဆိုရင်တော့ intensive care လူနာ စုစုပေါင်း

၁၅၃၉ ဦးထိ ရှိနေပြီး ကူးစက်လူနာ ၇၅၆၄၇၂ ဦး၊ သေဆုံးသူ ၃၂၉၄၂ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

credit;