Corona Virus

















မာရေးဝန်ထမ်းတွေအပြင်ဒီအဖွဲ့ကလူတွေနဲ့ Volunteers တွေလည်း အဓိကနေရာကပါတယ်…အချိန်ရော လူရောအကုန်ပေးဆပ်ပြီးအသက်နဲ့ရင်းပြီးတော့လုပ်နြေ

ကရတာ…အခုလိုအခြေအနေဖြစ်တော့ အကုန်လုံးစိုးရိမ်ရပြီ…အဲဒီအမျိုးသားသာ Positive ထွက်လာခဲ့ရင်မလွယ်တော့…ပရဟိတညီအစ်ကိုတွေဆီမှာ









ထားဝယ်မြို့ကြီးကံကောင်ပါစေ…ကျန်းမာရေးဝန်ထမ်းနဲ့ ပရဟိတညီအစ်ကိုများ ကိုဗစ်ဘေးကကင်းဝေးကြပါစေ…

credit;

Unicode

ထားဝယ်မှာပထမဆုံး positive လူနာနဲ့ ထိတွေ့သူ ၄၀ ကျော်ကိုစစ်လိုက်တာ ၁၆ ယောက်မှာ ပိုးတွေ့

ဒီနေ့ထားဝယ်အခြေအနေကတော့ သိကြတဲ့အတိုင်း ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာလည်းထိတွေ့မှုမရှိတဲ့Positive လူနာနဲ့ ထိတွေ့သူ ၄၀ ကျော်ကိုစစ်

လိုက်တာ၁၆ ယောက်မှာ ပိုးတွေ့ခဲ့တယ်…တရက်တည်း positive ၁၆ ယောက်တွေ့တာ ထားဝယ်မှာပထမဆုံးပဲ…ပိုပြီးကြောက်စရာကောင်းတာက

ဒီ ၁၆ ယောက် ရဲ့မူလအရင်းခံ ပိုးတွေ့သူကအပေါ်မှာပြောထားသလို History မရှိတဲ့သူဖြစ်နေတာမို့…အရင် History မရှိတဲ့ပိုးတွေ့လူနာ ၂ ယောက်

မှာတယောက်က အဝေးပြေးဝင်းထဲကားရေဆေးပြီး အခြားကျပန်းအလုပ်တွေလည်းလုပ်တယ်သိရတယ်…

နောက်တယောက်က ထားဝယ်နယ်တလျောက်လှည့်ပြီးပျားရည်လိုက်ရောင်းတဲ့သူ…အခုအသစ်တွေ့တဲ့ပိုးတွေ့လူနာတွေကလည်းသူနဲ့အတူနေထိုင်တဲ့လိုင်းခန်းက

အများဆုံးပဲ…သူတို့နယ်လှည့်ရောင်းတုန်းကလူဘယ်နှယောက်နဲ့ ထိတွေ့ခဲလည်းမသိသလိုအခုပိုးတွေ့သူလူနာအသစ် ၁၆ ယောက်နဲ့ ထိတွေ့ခဲ့သူတွေရော

ဘယ်လောက်ရှိအုံးမယ်မသိသေး…အခြေအနေမကောင်းရင် Positive တွေထပ်ထွက်လာနိုင်တဲ့အနေအထားရှိနေသေးတယ်…ဒီနေရာမှာအရေးကြီးတာ

တခုပြောချင်တယ်…ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူတွေကို Quarantime လုပ်ဖို့လိုက်ခေါ် တဲ့အချိန်မှာ အချို့ကအသိစိတ်ရှိရှိပူးပေါင်းပေးပေမယ့် အချို့က ဘာ

လို့လာခေါ် ရတာလဲဆိုပြီးပြသနာရှာတာမလိုက်တာတွေရှိခဲ့တယ်လို့သိရတယ်…အဆိုးဝါးဆုံးကတော့ ဒီနေ့ပိုးတွေ့တဲ့အမျိုးသမီးတယောက်ကိုမနေ့ကပိုးတွေ့လူနာ

နဲ့ထိတွေ့မှုရှိလို့ Quarantime ဝင်ဖို့သွားခေါ် တဲ့အချိန်မှာ ပြသနာရှာပြီးအသာတကြည်မလိုက်တဲ့အပြင်ယောကျာ်းဖြစ်သူက ကျန်းမာရေးဝန်ထမ်းနဲ့ပရဟိတ

အဖွဲ့တွေကို Quarantime မဝင်ဖို့ပိုက်ဆံဘယ်လောက်ပေးရမလဲဆိုပြီးယိသဲ့သဲ့ပြောတာ ဖုန်းဆက်ဆဲဆိုတာကြုံရတယ်လို့သိရတယ်…ဒီထက်ဆိုးတာက

ယောကျာ်းလုပ်တဲ့သူကဇမ္ဗူသီရိအဖွဲ့ဆီလာပြီး ပြသနာလာရှာပါသတဲ့…အခုသူ့မိန်းမ Positive ထွက်တော့သူ့ယောကျာ်းလည်း Contact ဖြစ်ဇမ္ဗူသီရိအဖွဲ့

တွေလည်း Secondary Contact ဖြစ်ရောအခု ဇမ္ဗူသီရိတဖွဲ့ ရုံးမှာ Stay at office နေရပြီ…အပြင်ကိုလူနာသယ်ဖို့ကလွဲပြီးမထွက်ခိုင်းတော့ဘူး…

Positive သယ်တဲ့သူတွေရော အဲဒီအမျိုးသားနဲ့စကားပြောခဲ့သူတွေပါအိမ်မပြန်ဘဲနေနေရပြီ…ထားဝယ်မှာ ကိုဗစ်တိုက်ပွဲအတွက်ရှေ့တန်းကလုပ်နေရတာ

ကျန်းမာရေးဝန်ထမ်းတွေအပြင်ဒီအဖွဲ့ကလူတွေနဲ့ Volunteers တွေလည်း အဓိကနေရာကပါတယ်…အချိန်ရော လူရောအကုန်ပေးဆပ်ပြီးအသက်နဲ့ရင်းပြီးတော့

လုပ်နေကြရတာ…အခုလိုအခြေအနေဖြစ်တော့ အကုန်လုံးစိုးရိမ်ရပြီ…အဲဒီအမျိုးသားသာ Positive ထွက်လာခဲ့ရင်မလွယ်တော့…ပရဟိတညီအစ်ကိုတွေဆီ

မှာမတော်တဆတစုံတရာသာဖြစ်လာခဲ့ရင် ထားဝယ်ကိုဗစ်အရေးတော့ရင်ပူစရာပဲ…အိမ်လူနာဆိုပြီး History လိမ်လို့သွားသယ်ပေးရင်း Quarantime လည်း

ထိခဲ့ပြီးပြီ…တာဝန်ရှိလူကြီးမင်းများကလည်းကိုဗစ်နဲ့ပတ်သက်ပြီးအခုထိလျော့တိလျော့ရဲတွေဖြစ်နေတာအားရစရာလုံးဝမကောင်းတာတွေ့နေရတယ်…

ဒီလိုစည်းကမ်းမရှိတဲ့ ကိုယ့်အတွက်ပဲသိတဲ့လူတွေကိုဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကိုင်တွယ်တာတွေလုပ်ကြပါဗျာ…အခုထားဝယ်မှာတွေ့တဲ့ Positive တွေ

ကအရင်လို ရန်ကုန်ပြန်တို့ နိုင်ငံခြားပြန်တို့လို History ရှိတဲ့သူတွေ မဟုတ်တာမို့အရမ်းစိုးရိမ်ဖို့ကောင်းလာပြီ…အနံ့မရတဲ့လက္ခဏာရှိသူတွေလည်း

အရမ်းများလာပြီ…အခု Positive တွေ့သူတွေနဲ့ ထိတွေ့ခဲ့ဖူးသူတွေအနံ့မရဘူးဖြစ်နေသူတွေရှိရင်လည်းကြိတ်မကုဘဲ ဆေးရုံကိုသွားပြပါ…ပြင်ပဆေးခန်းကိုမ

ပြပါနဲ့…ပိုးရှိနေတဲ့လူနာကပြင်ပဆေးခန်းကိုသွားပြရင်အဲဒီမှာရှိတဲ့လူနာနဲ့ ဝန်ထမ်းတွေပါအန္တရာယ်ရှိပြီးထပ်ဆင့်ကူးစက်တာဖြစ်လာနိုင်တာမို့ပါ…(မနေ့

ကpositive ထွက်တဲ့တယောက်တောင်ပြင်ပဆေးခန်းမှာပြမိလို့ဝန်ထမ်းအချို့ Q ထိတယ်ကြားရပါတယ်)

မလိုအပ်ဘဲအပြင်မထွက်ပါနဲ့ Mask တပ်ကြပါ လက်ခဏခဏဆေးပါ Alcohol ပါတဲ့လက်သန့်ဆေးသုံးပါ ကိုယ့်ကိုယ်ကိုသံသယရှိရင် ဆေးရုံသွားပြပါ…

ထားဝယ်မြို့ကြီးကံကောင်ပါစေ…ကျန်းမာရေးဝန်ထမ်းနဲ့ ပရဟိတညီအစ်ကိုများကိုဗစ်ဘေးကကင်းဝေးပါစေ…

credit;