က်န္းမာေရး

ေဆးျဖစ္ေပမဲ့ေဘးလည္းျဖစ္ေစတတ္လို႔သိထားသင့္ေသာေဆးဖက္ဝင္အပင္မ်ားရဲေဘးထြက္ဆိုးက်ိဳးမ်ား

ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္ဟု ဆိုေသာ္လည္းေလာကနိယာမ သေဘာအရ အေကာင္းနဲ႔အဆိုးကေတာ့ အၿမဲဒြန္တြဲလ်က္ ရွိေနၾကစၿမဲပါ။

တခ်ိဳ႕သစ္ပင္ေတြမွာလူသားတို႔၏က်န္းမာေရးအတြက္အားသာခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားရွိၾကပါတယ္။

သို႔ေသာ္ လူတစ္ဦးနဲ႔တစ္ဦး ႀကံ့ခိုင္မႈစြမ္းရည္ခ်င္း မတူညီၾကတာေၾကာင့္ ၎အပင္ေတြရဲ႕ ေဆးဝါး မ်ားဟာ ကိုယ္ထဲကိုေရာက္ရွိလာတဲ့အခါ

ခႏၶာကိုယ္တြင္း ေသြးသားစနစ္နဲ႔ အေျပာင္းအလဲကို ျဖစ္ေစတတ္တာေၾကာင့္ သတိျပဳသုံးစြဲတတ္ဖို႔ လိုပါတယ္။ သို႔ပါ၍ သတ္မွတ္ေဖာ္ၫႊန္းထားေသာ

ပမာဏထက္ပို၍ မမွီဝဲ မသုံးစြဲသင့္ေၾကာင္း ေအာက္ပါအတိုင္း အသိေပး မွ်ေဝလိုက္ရပါတယ္။

(၁) ရွားေစာင္းလက္ပပ္

(က) ရွားေစာင္းလက္ပပ္ပင္၏ ဂ်ယ္လီ (အႏွစ္) ထဲတြင္ ပါဝင္ေသာ ေအာက္ဆီဂ်င္ဓာတ္တစ္မ်ိဳးက အေရျပားေပၚရွိ ဆဲလ္မ်ားကို

အလိုလို ျပဳျပင္ေပးႏိုင္စြမ္းရွိတာေၾကာင့္ မီးေလာင္နာ၊ အေရၾကည္ဖုနာ၊ ထိခိုက္ရွနာ၊

ေနေလာင္ဒဏ္ရာတို႔ကို ေကာင္းစြာကုသေပးႏိုင္ပါတယ္။ သို႔ေသာ္ ခြဲစိတ္အနာ ခ်ဳပ္႐ိုးမ်ား ကိုေတာ့ အနာေကာင္းစြာမက်က္ေသးခင္မွာ မလိမ္းသင့္ပါဘူး။

အနာက်က္ေႏွးသြားေစပါတယ္။

(ခ) အပင္၏ Enzymes မ်ားထဲတြင္ ဝမ္းသက္ေစေသာအစြမ္းသတၱိ ပါရွိျခင္းေၾကာင့္အူမႀကီးနံရံရွိ အခြၽဲအက်ိမ်ားကိုတိုးပြားေစကာ အူကိုသန႔္စင္ေစၿပီးဝမ္း

မခ်ဳပ္ေစပါဘူး။

သို႔ေသာ္ အပင္ကိုအေျခာက္ ထား၍ ဝမ္းေပ်ာ့ေဆးအျဖစ္ အၿမဲစားသုံးလွ်င္ေတာ့ အက်င့္ပါသြားတတ္ပါတယ္။

(၂) စမုန္မ်ိဳးႏွင့္စမုန္နက္

စမုံမ်ိဳးက ႏွလုံးကိုၿငိမ္းေအးေစၿပီး ေအာ့အန္ျခင္းကို ေပ်ာက္ကင္းေစတဲ့ အျပင္ အစာကိုေၾကညႇက္ေစပါတယ္။

စမုန္နက္က အေအးမိျခင္း၊ ဝမ္းသြားျခင္း၊ ေရငတ္ျခင္း၊ ဝမ္းကိုက္ျခင္းတို႔ကို ေပ်ာက္ကင္းေစပါတယ္။

သို႔ေသာ္ ဆရာဝန္၏ ႀကီးၾကပ္လမ္းၫႊန္ခ်က္မပါဘဲ ၎တို႔ကို ရက္သတၱ ၆ ပတ္ထက္ပို၍ မစား သင့္ပါဘူး။

(၃) ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာ ဟင္းလ်ာအစားအစာမ်ားအတြက္ အဓိကက်ေသာ ေဆးဖက္ဝင္ ဟင္းခတ္အေမႊးအႀကိဳင္ ျဖစ္ပါတယ္။ သို႔ေသာ္

(က) ၾကက္သြန္ျဖဴဟာ ေသြးကြၽဲေစတာေၾကာင့္ ေသြးမခဲေဆး စားေနရသူ မ်ားဟာ ခြဲစိပ္ကုသမႈမျပဳမီ ၾကက္သြန္ျဖဴကိုမစားသင့္ပါဘူး။

(ခ) Hypoglyeeamic (ေခၚ) #ေသြးထဲမွာဂလူးကို႔စ္နည္း၍ ေဆးစားေနရသူမ်ားဟာ ၾကက္သြန္ျဖဴကို #လုံးဝမစားသင့္ပါဘူး။

(၄) #င႐ုတ္ေကာင္း

င႐ုတ္ေကာင္းက ပန္းနာ၊ သလိပ္၊ ေလထိုးေလေအာင့္တို႔ကို ေခ်ဖ်က္ေပးႏိုင္သလို သည္းေျခေရာဂါ၊ ဝမ္းကိုက္ျခင္း၊ ေခြၽးမထြက္ျခင္း၊

ဝမ္းခ်ဳပ္ျခင္း၊ ေသြးဆုတ္ ေသြးပုပ္အတြင္းပူေသာ အနာတို႔ကိုလည္း သက္သာေျဖေလ်ာ့ေပးႏိုင္ပါတယ္။ သို႔ေသာ္…

(က) င႐ုတ္ေကာင္းကို ေန႔စဥ္ ၃၀၀ မီလီဂရမ္ထက္ပို၍ မစားသင့္ေပ။

(ခ) အရက္ေသစာႏွင့္တြဲ၍ မမွီဝဲပါႏွင့္။

(ဂ) အသည္းေရာဂါသမားမ်ားဟာ င႐ုတ္ ေကာင္းစားျခင္းမွ ေရွာင္သင့္ပါတယ္။

(ဃ) င႐ုတ္ေကာင္းဟာ ႂကြက္သားေတြကို ေပ်ာ့ေပ်ာင္းႏိုင္စြမ္းရွိတာေၾကာင့္ ယာဥ္ေမာင္းသူမ်ားႏွင့္ စက္ကိရိယာကိုင္တြယ္ရသူမ်ားဟာလည္း င႐ုတ္ေကာင္း မစား

သင့္ပါဘူး။

(၅) ႏြယ္ခ်ိဳ

ႏြယ္ခ်ိဳက အသံကိုၾကည္လင္ေစၿပီး ေခ်ာင္းဆိုးနဲ႔သလိပ္နာေရာဂါကို ေပ်ာက္ေစပါတယ္။ ေလနာေရာဂါ ကိုႏိုင္ပါတယ္။ လူကိုဆူၿဖိဳးေစၿပီး အားျဖစ္ေစပါတယ္။

သို႔ေသာ္

(က) ႏြယ္ခ်ိဳကို ရက္သတၱ ၄-၆ ပတ္ ထက္ပို၍ စြဲမစားသင့္ပါဘူး။ ပို၍စားမိပါက ခႏၶာကိုယ္ထဲမွာ ေရေအာင္းႏိုင္ပါတယ္။

(ခ) ဆီးခ်ိဳေသြးတိုးႏွလုံးအသည္းနဲ႔ေက်ာက္ကပ္ေရာဂါရွိသူမ်ား အထူးေရွာင္ရွားသင့္ပါတယ္။

(ဂ) ႏြယ္ခ်ိဳဟာ ခႏၶာ ကိုယ္တြင္း ပိုတက္စီယမ္ဓာတ္ကို ေလ်ာ့နည္းေစတာေၾကာင့္ ပိုတက္စီယမ္အားနည္းသူမ်ား မစားသင့္ ပါဘူး။

(၆) တ႐ုတ္နံနံ

တ႐ုတ္နံနံပင္ထဲမွာ ေဘးဥပဒ္ျဖစ္ေစေသာ ကိုလက္စထေရာ လုံးဝမပါရွိဘဲ ေကာင္းက်ိဳးျပဳေသာ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား၊

ဗီတာမင္သတၱဳဓာတ္မ်ားနဲ႔ ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္တို႔ ႂကြယ္ဝ စြာပါရွိတဲ့အျပင္

ကင္ဆာကိုတိုက္ဖ်က္ႏိုင္ေသာ accetylenics, phenolic acids ႏွင့္ coumarins ဓာတ္ေပါင္းစုမ်ား ပါဝင္ေနတာေၾကာင့္ ကင္ဆာအဖုအက်ိတ္မ်ား ႀကီး

ထြားပ်ံ႕ႏွံ႔ျခင္းမွ ကာကြယ္ေပးၿပီး

အံ့ၾသဖြယ္ေကာင္းစြာ အနာမ်ားကိုလည္း က်က္ေစပါတယ္။ အထူးသျဖင့္ အူမႀကီးကင္ဆာ၊ အစာအိမ္ ကင္ဆာ၊ သားအိမ္ေခါင္း ကင္ဆာႏွင့္ အမ်ိဳးသားမ်ားဆီး

က်ိတ္ကင္ဆာတို႔ကို ဟန႔္တားေပးႏိုင္ ပါတယ္။

သို႔ေသာ္ တ႐ုတ္နံနံပင္က ေဆးအျဖစ္မွီဝဲရင္ ဆီးမ်ားမ်ား သြားေစတာေၾကာင့္ ေက်ာက္ကပ္ေရာဂါ သည္မ်ားနဲ႔ သည္းေျခအိတ္ ေဝဒနာသည္မ်ားအတြက္

အထူးေရွာင္ရွားသင့္ပါတယ္။

(၇) ပင္စိမ္းပင္

ပင္စိမ္း႐ြက္ထဲတြင္ပါရွိေသာ သဘာဝဓာတ္ေပါင္းစုတစ္မ်ိဳးက ဦးေႏွာက္စြမ္းေဆာင္ခ်က္ကို တိုးတက္ ေကာင္းမြန္ေစသည့္အျပင္စိတ္ဓာတ္က်ျခင္း၊

စိတ္ဖိစီးျခင္းနဲ႔ အယ္လ္ဇိုင္းမားေရာဂါတို႔ကို ထိထိ ေရာက္ေရာက္ ကုသေပးႏိုင္ပါတယ္။

ဒါ့ျပင္ ပင္စိမ္း႐ြက္ဟာ ကေလးငယ္မ်ားရဲ႕ ဉာဏ္ရည္စြမ္းအားကို တိုးတက္ျမင့္မားေစႏိုင္လို႔ အ႐ြယ္သုံးပါးမေ႐ြး စားသုံးသင့္ပါတယ္။

သို႔ေသာ္ ေသြးထဲမွာ ဂလူးကို႔စ္နည္းေနသူမ်ား၊ အတက္ေရာဂါရွိသူမ်ားနဲ႔ ဝက္႐ူးျပန္ေရာဂါရွိသူမ်ားကေတာ့ ပင္စိမ္းကို မစားသင့္ပါ ဘူး။

(၈) ခ်င္း (ဂ်င္း)

ခ်င္းဟာ အစာေၾကညက္လြယ္ျခင္း၊ ဆီးနဲ႔ဝမ္းကို႐ႊင္ေစျခင္း၊ ခံတြင္းၿမိန္ျခင္း၊ သုက္ကိုပြားေစျခင္း၊ အဆိပ္အေတာက္ကို ေျပေပ်ာက္ေစျခင္း၊

ေခ်ာင္းဆိုးပန္းနာကို ေပ်ာက္ေစျခင္း၊ ေရာင္ရမ္းနာမ်ားကို ေပ်ာက္ကင္းျခင္း၊ အသံၾကည္လင္ျခင္း၊

ေလနာေရာဂါကိုႏိုင္ျခင္းစတဲ့ က်န္းမာေရးအာနိသင္ေတြ ေပး စြမ္းႏိုင္ပါတယ္။ သို႔ေသာ္ ခ်င္းဟာ သည္းေျခရည္ကို ပိုထြက္ေစတာေၾကာင့္

သည္းေျချဖစ္ေစ ေဆးအျဖစ္မွီဝဲလိုရင္ ကြၽမ္းက်င္သူ ဆရာဝန္တို႔၏ လမ္းၫႊန္မႈျဖင့္သာ သုံးစြဲသင့္ပါတယ္။

(၉) နႏြင္း

ေလ့လာဆန္းစစ္မႈ မွတ္တမ္းမ်ားအရ ကမာၻေပၚမွာ နႏြင္းမႈန႔္ အစားဆုံးသူမ်ားဟာ အိႏၵိယလူမ်ိဳးမ်ား ျဖစ္ၾကရာ ၎လူမ်ိဳးေတြမွာရင္သားကင္ဆာ၊

အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊

ျဖစ္ႏိုင္ေခ်လြန္စြာနည္းပါးေၾကာင္း၊ နႏြင္းမႈန႔္ကို ပန္းေဂၚဖီ(အျဖဴ)ႏွင့္ တြဲဖက္၍ခ်က္စားျခင္းက ဆီးက်ိတ္ကင္ဆာျဖစ္ျခင္းမွ ကာကြယ္ေပး ႏိုင္ေၾကာင္း၊

အိႏၵိယမွာ နႏြင္းမႈန႔္ကို မိ႐ိုးဖလာအရ စားသုံးလာခဲ့ၾကတာေၾကာင့္လည္း

ကေလးငယ္ေတြမွာ ေသြး ကင္ဆာျဖစ္ပြားႏႈန္း နည္းပါးေၾကာင္း၊ အဆိပ္အေတာက္ေျပေစကာ

အသည္းကိုေကာင္းက်ိဳးျပဳေၾကာင္း၊ ကိုယ္တြင္းကိုယ္ပ ေရာင္ရမ္းနာမ်ားအတြက္ လြန္စြာေဆးဖက္ဝင္ေၾကာင္း၊

အမ်ိဳးသမီးမ်ားရဲ႕ သားအိမ္ကိုသန႔္ေစေၾကာင္း၊ နႏြင္းမႈန႔္ကို ေန႔စဥ္ဟင္းလ်ာေတြမွာ စားသုံးေလ့ရွိတာေၾကာင့္လည္း

အိႏၵိယလူမ်ိဳးေတြမွာ ဦးေႏွာက္ဇရာေရာဂါ (ေခၚ) အယ္လ္ဇိုင္းေရာဂါ ျဖစ္သူဦးေရ လြန္စြာနည္းပါးေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။

သို႔ေသာ္ အစာအိမ္အက္ဆစ္အထြက္မ်ားသူမ်ား၊ အူယဥ္းနာေရာဂါ၊ သည္းေျခေက်ာက္ႏွင့္ သည္းေျခအိတ္ ပိတ္ဆို႔သူမ်ားကေတာ့ နႏြင္းစားသုံးမႈကို

ေရွာင္ရွားသင့္ပါတယ္။

credit;

Unicode

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်းလောကနိယာမ သဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက် ရှိနေကြစမြဲပါ။

တချို့သစ်ပင်တွေမှာလူသားတို့၏ကျန်းမာရေးအတွက်အားသာချက်တွေ တော်တော်များများရှိကြပါတယ်။

သို့သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါး များဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ

ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့ အပြောင်းအလဲကို ဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့ လိုပါတယ်။ သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော

ပမာဏထက်ပို၍ မမှီဝဲ မသုံးစွဲသင့်ကြောင်း အောက်ပါအတိုင်း အသိပေး မျှဝေလိုက်ရပါတယ်။

(၁) ရှားစောင်းလက်ပပ်

(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ (အနှစ်) ထဲတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို

အလိုလို ပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊

နေလောင်ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများ ကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။

အနာကျက်နှေးသွားစေပါတယ်။

(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသောအစွမ်းသတ္တိ ပါရှိခြင်းကြောင့်အူမကြီးနံရံရှိ အချွဲအကျိများကိုတိုးပွားစေကာ အူကိုသန့်စင်စေပြီးဝမ်း

မချုပ်စေပါဘူး။

သို့သော် အပင်ကိုအခြောက် ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါတယ်။

(၂) စမုန်မျိုးနှင့်စမုန်နက်

စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့ အပြင် အစာကိုကြေညှက်စေပါတယ်။

စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

သို့သော် ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစား သင့်ပါဘူး။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။ သို့သော်

(က) ကြက်သွန်ဖြူဟာ သွေးကျွဲစေတာကြောင့် သွေးမခဲဆေး စားနေရသူ များဟာ ခွဲစိပ်ကုသမှုမပြုမီ ကြက်သွန်ဖြူကိုမစားသင့်ပါဘူး။

(ခ) Hypoglyeeamic (ခေါ်) #သွေးထဲမှာဂလူးကို့စ်နည်း၍ ဆေးစားနေရသူများဟာ ကြက်သွန်ဖြူကို #လုံးဝမစားသင့်ပါဘူး။

(၄) #ငရုတ်ကောင်း

ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့်တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက်ခြင်း၊ ချွေးမထွက်ခြင်း၊

ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်အတွင်းပူသော အနာတို့ကိုလည်း သက်သာဖြေလျော့ပေးနိုင်ပါတယ်။ သို့သော်…

(က) ငရုတ်ကောင်းကို နေ့စဉ် ၃၀၀ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။

(ခ) အရက်သေစာနှင့်တွဲ၍ မမှီဝဲပါနှင့်။

(ဂ) အသည်းရောဂါသမားများဟာ ငရုတ် ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။

(ဃ) ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်းရှိတာကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရသူများဟာလည်း ငရုတ်ကောင်း မစား သင့်ပါဘူး။

(၅) နွယ်ချို

နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါ ကိုနိုင်ပါတယ်။ လူကိုဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။

သို့သော်

(က) နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ် ထက်ပို၍ စွဲမစားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်းနိုင်ပါတယ်။

(ခ) ဆီးချိုသွေးတိုးနှလုံးအသည်းနဲ့ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။

(ဂ) နွယ်ချိုဟာ ခန္ဓာ ကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစားသင့် ပါဘူး။

(၆) တရုတ်နံနံ

တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊

ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝ စွာပါရှိတဲ့အပြင်

ကင်ဆာကိုတိုက်ဖျက်နိုင်သော accetylenics, phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီး

ထွားပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပြီး

အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနှင့် အမျိုးသားများဆီး

ကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင် ပါတယ်။

သို့သော် တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများ သွားစေတာကြောင့် ကျောက်ကပ်ရောဂါ သည်များနဲ့ သည်းခြေအိတ် ဝေဒနာသည်များအတွက်

အထူးရှောင်ရှားသင့်ပါတယ်။

(၇) ပင်စိမ်းပင်

ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက် ကောင်းမွန်စေသည့်အပြင်စိတ်ဓာတ်ကျခြင်း၊

စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိ ရောက်ရောက် ကုသပေးနိုင်ပါတယ်။

ဒါ့ပြင် ပင်စိမ်းရွက်ဟာ ကလေးငယ်များရဲ့ ဉာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်သုံးပါးမရွေး စားသုံးသင့်ပါတယ်။

သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့ ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကို မစားသင့်ပါ ဘူး။

(၈) ချင်း (ဂျင်း)

ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကိုရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊

ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊

လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေး စွမ်းနိုင်ပါတယ်။ သို့သော် ချင်းဟာ သည်းခြေရည်ကို ပိုထွက်စေတာကြောင့်

သည်းခြေဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန်တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။

(၉) နနွင်း

လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများ ဖြစ်ကြရာ ၎င်းလူမျိုးတွေမှာရင်သားကင်ဆာ၊

အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊

ဖြစ်နိုင်ချေလွန်စွာနည်းပါးကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေး နိုင်ကြောင်း၊

အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်း

ကလေးငယ်တွေမှာ သွေး ကင်ဆာဖြစ်ပွားနှုန်း နည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေကာ

အသည်းကိုကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊

အမျိုးသမီးများရဲ့ သားအိမ်ကိုသန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ်ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း

အိန္ဒိယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ (ခေါ်) အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါးကြောင်း လေ့လာတွေ့ရှိရပါတယ်။

သို့သော် အစာအိမ်အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေကျောက်နှင့် သည်းခြေအိတ် ပိတ်ဆို့သူများကတော့ နနွင်းစားသုံးမှုကို

ရှောင်ရှားသင့်ပါတယ်။

credit;