Corona Virus

ရင္နင့္ေအာင္ ခံစားခဲ့ရတဲ့ ပရဟိတသမား တစ္ေယာက္ရဲ့ ဆြံ႕အသြားခ့ဲရတ့ဲ ရင္တြင္း အျဖစ္အပ်က္ပါ

ဒီေန႔ အသစ္ေရာက္လာတဲ့ patients ေတြကို Patients Registerလုပ္ရတာ ကိုယ့္စိတ္ထဲအေတာ္ထိခိုက္ရတယ္။

အသစ္ေရာက္လာတဲ့patientsေတြထဲမွာ ၃ႏွစ္ကေလးေလးေတြ၊ ၁၀လကေလးေလးေတြ၊၃လကေလးေတြေရာ၊ေနာက္ဆုံးဗ်ာ ေမြးတာ၇ရက္

ပဲရွိေသးတဲ့ကေလးေလးေတြေတာင္ ပါပါေသးတယ္။ေလာကႀကီးက ျဖဴလားမဲလားေတာင္ဘာမွန္းမသိတဲ့ကေလးေလးေတြ ဒီကပ္ေရာဂါ

ရဲ႕သားေကာင္ေတြ ျဖစ္မွန္းမသိ တစိမ့္စိမ့္ျဖစ္လာခဲ့ရၿပီ။

သားအမိသားအဖေလးေယာက္ရွိတာ အေဖက Negativeျဖစ္လို႔ က်န္ခဲ့ရၿပီးေတာ့ က်န္တဲ့အေမရယ္ ၇ႏွစ္႐ြယ္ကေလးသားေလးရယ္

၃ႏွစ္အ႐ြယ္ သမီးေလးတို႔သားအမိေတြရဲ႕ သူစိမ္းဆန္တဲ့ေနရာတစ္ခုမွာအားငယ္ေနတဲ့မ်က္လုံးေတြ၊ အခန္းမေလာက္ေတာ့လို႔ သားအဖ

သုံးေယာက္ကို အေဖက တစ္ခန္း၊သားေလးနဲ႔သမီးေလးက တစ္ခန္း မတတ္သာလို႔ထားရတဲ့အခါ ကေလးေတြရဲ႕ အားငယ္ေနရွာတဲ့မ်က္ႏွာ

ေလးေတြ၊ အေဖတစ္ေယာက္ရဲ႕ငါ့သားသမီးေလးေတြ အဆင္ေျပပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြကို စာရင္းသြင္းရင္ ျမင္ေနရတဲ့ က်ေနာ္။

PPEဝတ္ထားလို႔ ေခြၽးေတြတ႐ြဲ႐ြဲနဲ႔ ပူေလာင္အိုက္စပ္မႈေတြကို က်ေနာ္ေမ့သြားခဲ့တယ္။က်ေနာ့္ရဲ႕ faceshiledနဲ႔ goggleေအာက္က မ်က္

ရည္ေတြဟာ PPE ဝတ္ထားလို႔ ပူေလာက္အိုက္စပ္မႈေၾကာင့္က်လာတဲ့ ေခြၽးစက္ေတြလား၊ သူတို႔ရဲ႕စိုးရိမ္ေၾကာင့္ၾကအားငယ္မႈေတြကို က်

ေနာ္ကိုယ္တိုင္ ထပ္တူခံစားရၿပီးက်လာတဲ့ မ်က္ရည္စက္ေတြလားက်ေနာ္ကိုယ္တိုင္ေတာင္ မသဲကြဲေတာ့ပါဘူးဗ်ာ။

မိမိကိုယ္တိုင္က ေဆး႐ုံဆင္းရက္ျပည့္ခဲ့ၿပီးျဖစ္ေပမဲ့ သားေလးက ဆင္းရက္မျပည့္ေသးလို႔ ကိုယ္တိုင္က ပိုးကင္စင္ၿပီးျဖစ္ေပမဲ့ သားေလး

ၾေကာင့္ positiveလူနာေတြၾကားမွာဆက္ေနရတဲ့အေဖ၊ မိခင္ႀကီး အသက္၈၀ ေက်ာ္ေနၿပီ၊ျပဳစုမဲ့သူမရွိလို႔ မိမိကိုယ္တိုင္ pအျဖစ္ခံၿပီး မိခင္

ၾကီးကိုလာေစာင့္ေရွာက္တဲ့ အသက္၆၀ ေက်ာ္ သမီး၊ ဒီလိုအနစ္နာခံတဲ့ အေဖမ်ိဳးေတြ ၊ဒီလိုသမီးေတြကိုေနာက္ထပ္ဘယ္တစ္ဦးတစ္ေယာက္

ကိုမွ် ထပ္ၿပီးမထိခိုက္မနစ္နာေစခ်င္ေတာ့ပါဘူး။

ေနာက္ထပ္ဘယ္တစ္ဦးတစ္ေယာက္ကိုမွ ဒီကပ္ဆိုးကိုထပ္မႀကဳံေစခ်င္ေတာ့ဘူး။

က်ေနာ့္တို႔ ျမင္ေတြ႕ေနရတဲ့ သူတို႔ရဲ႕အားငယ္မႈေတြ တစ္ခါမွမသိတဲ့သူစိမ္းေတြနဲ႔အတူေနေနရတဲ့ စိုးရိမ္စိတ္ေတြ၊ ဒါေတြ ကို က်ေနာ္တို႔

အၿမဲ ျမင္ေတြေနရတာဟာ က်ေနာ္တို႔ ႐ုပ္ခႏၶာပင္ပန္းရတာထက္ ပိုၿပီးေတာ့ စိတ္ပင္ပန္းရပါတယ္။

က်ေနာ္သာ အရာရာ ၿပီးေျမႇာက္ခဲ့မယ္ဆိုရင္ က်ေနာ္တစ္ေယာက္ထဲပဲ သူတို႔ထမ္းထားရတဲ့အရာေတြကို လက္လႊဲယူလိုက္ခ်င္မိပါတယ္။

အေဖေတြ အေမေတြက positiveျဖစ္လို႔ ေဆး႐ုံလာတက္ရတဲ့အခါ က်ေနာ့္ရဲ႕ chatboxကေန သူတို႔ရဲ႕မိဘေတြကို ဂ႐ုစိုက္ေပးပါလို႔

လာေတာင္းပန္တိုလွ်ိဳေနရွာတဲ့ သားသမီးေတြရဲ႕ ကို႔မိဘအဆင္ေျပပါ့မလားဆိုတဲ့စိုးရိမ္စိတ္ေတြဟာ က်ေနာ္တို႔ ရင္ထဲမွာတကယ္ထိထိခိုက္

ခိုက္ ရင္ထဲ ခံစားရတယ္။ ဒီကပ္ဆိုးကို အျမန္ဆုံးၿပီးျပတ္ေစခ်င္လွပါၿပီ။ အမ်ိဳးသမီးေတြ၊ကေလးေတြ၊မိဘေတြ ၊အစ္မေတြရဲ႕ အားငယ္ေနတဲ့

မ်က္လုံးေတြ ၊ စိုးရိမ္စိတ္ေတြကို က်ေနာ္တို႔ ေနာက္ထပ္ျမင္ႏိုင္စြမ္းမရွိေတာ့သလို ျမင္လဲမျမင္ခ်င္ေတာ့ပါဘူး။

ဒါေၾကာင့္လဲ ဒီကပ္ဆိုးႀကီးကို ျမန္ျမန္ဆန္ဆန္ ၿပီးေစခ်င္လွပါၿပီ။

က်ေနာ္တို႔ေတြဟာ ကိုယ္ျဖစ္မွ ကိုယ္သိၾကတာမ်ိဳးပါ။ က်ေနာ္တို႔ေတြတစ္ေယာက္ခ်င္းစီတိုင္းက က်န္းမာေရးဝန္ႀကီးဌာနကခ်မွတ္ထားတဲ့

အမိန္႔ေတြ၊စည္းမ်ဥ္းစည္းကမ္းေတြ ေဆာင္ရန္ေရွာင္ရန္ေတြကိုသာ တိတိက်က် လိုက္နာၾကမယ္ဆိုရင္ အခု က်ေနာ္တို႔ညီအကိုေမာင္ႏွမေတြ

ခံစားေတြ႕ႀကဳံေနရတဲ့ အရာေတြက သိသိသာသာႀကီးေလ်ာ့နည္းသြားမွာပါ။ ေက်းဇူးျပဳ၍ပါ သူမ်ားရဲ႕အခက္ခဲစိတ္အားငယ္မႈေတြကို ကိုယ္

ခ်င္းစာေပးၾကပါ။

က်ေနာ္တို႔ ဒီေန႔လိုက္နာလိုက္တဲ့စည္းကမ္းတစ္ခုဟာ ေနာက္ဒီလိုလူေတြ ထပ္မရွိလာေစဖို႔အတြက္အခြင့္ေရးတစ္ခုပါပဲ။ လုပ္ၾကပါ။စာနာၾက

ပါ။ပူေပါင္းၾကပါ။ လိုက္နာၾကပါ။ က်ေနာ္တို႔ေတြ ခပ္ခြာခြာေနပါ။ maskတပ္ပါ။ လက္ေဆးပါ။ လိုအပ္မွအျပင္ထြက္ပါ။

ဒါေလးေတြက ေသးငယ္ေပမဲ့ ျမန္မာျပည္ႀကီး၊ကမာၻႀကီးကို ကယ္တင္ႏိုင္တယ္ဆိုတာယုံပါ။ က်ေနာ္တို႔အားလုံး တစ္ေယာက္ခ်င္းစီအသိသတိ

နဲ႔ပူေပါင္းၿပီး ဒီကပ္ဆိုးကိုတိုက္ထုတ္ၾကရေအာင္ပါ။

credit;

Unicode

ဒီနေ့ အသစ်ရောက်လာတဲ့ patients တွေကို Patients Registerလုပ်ရတာ ကိုယ့်စိတ်ထဲအတော်ထိခိုက်ရတယ်။

အသစ်ရောက်လာတဲ့patientsတွေထဲမှာ ၃နှစ်ကလေးလေးတွေ၊ ၁၀လကလေးလေးတွေ၊၃လကလေးတွေရော၊နောက်ဆုံးဗျာ မွေး

တာ၇ရက်ပဲရှိသေးတဲ့ကလေးလေးတွေတောင် ပါပါသေးတယ်။လောကကြီးက ဖြူလားမဲလားတောင်ဘာမှန်းမသိတဲ့ကလေးလေးတွေ ဒီ

ကပ်ရောဂါရဲ့သားကောင်တွေ ဖြစ်မှန်းမသိ တစိမ့်စိမ့်ဖြစ်လာခဲ့ရပြီ။

သားအမိသားအဖလေးယောက်ရှိတာ အဖေက Negativeဖြစ်လို့ ကျန်ခဲ့ရပြီးတော့ ကျန်တဲ့အမေရယ် ၇နှစ်ရွယ်ကလေးသားလေး

ရယ် ၃နှစ်အရွယ် သမီးလေးတို့သားအမိတွေရဲ့ သူစိမ်းဆန်တဲ့နေရာတစ်ခုမှာအားငယ်နေတဲ့မျက်လုံးတွေ၊

အခန်းမလောက်တော့လို့ သားအဖသုံးယောက်ကို အဖေက တစ်ခန်း၊သားလေးနဲ့သမီးလေးက တစ်ခန်း မတတ်သာလို့ထားရတဲ့အခါ

ကလေးတွေရဲ့ အားငယ်နေရှာတဲ့မျက်နှာလေးတွေ၊ အဖေတစ်ယောက်ရဲ့ငါ့သားသမီးလေးတွေ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ

ကို စာရင်းသွင်းရင် မြင်နေရတဲ့ ကျနော်။

PPEဝတ်ထားလို့ ချွေးတွေတရွဲရွဲနဲ့ ပူလောင်အိုက်စပ်မှုတွေကို ကျနော်မေ့သွားခဲ့တယ်။ကျနော့်ရဲ့ faceshiledနဲ့ goggleအောက်က

မျက်ရည်တွေဟာ PPE ဝတ်ထားလို့ ပူလောက်အိုက်စပ်မှုကြောင့်ကျလာတဲ့ ချွေးစက်တွေလား၊ သူတို့ရဲ့စိုးရိမ်ကြောင့်ကြအားငယ်မှု

တွေကို ကျနော်ကိုယ်တိုင် ထပ်တူခံစားရပြီးကျလာတဲ့ မျက်ရည်စက်တွေလားကျနော်ကိုယ်တိုင်တောင် မသဲကွဲတော့ပါဘူးဗျာ။

မိမိကိုယ်တိုင်က ဆေးရုံဆင်းရက်ပြည့်ခဲ့ပြီးဖြစ်ပေမဲ့ သားလေးက ဆင်းရက်မပြည့်သေးလို့ ကိုယ်တိုင်က ပိုးကင်စင်ပြီးဖြစ်ပေမဲ့သားလေး

ကြောင့် positiveလူနာတွေကြားမှာဆက်နေရတဲ့အဖေ၊ မိခင်ကြီး အသက်၈၀ ကျော်နေပြီ၊ပြုစုမဲ့သူမရှိလို့ မိမိကိုယ်တိုင် pအဖြစ်ခံပြီး

မိခင်ကြီးကိုလာစောင့်ရှောက်တဲ့ အသက်၆၀ ကျော် သမီး၊ ဒီလိုအနစ်နာခံတဲ့ အဖေမျိုးတွေ ၊ဒီလိုသမီးတွေကိုနောက်ထပ်ဘယ်တစ်ဦး

တစ်ယောက်ကိုမျှ ထပ်ပြီးမထိခိုက်မနစ်နာစေချင်တော့ပါဘူး။နောက်ထပ်ဘယ်တစ်ဦးတစ်ယောက်ကိုမှ ဒီကပ်ဆိုးကိုထပ်မကြုံစေချင်

တော့ဘူး။

ကျနော့်တို့ မြင်တွေ့နေရတဲ့ သူတို့ရဲ့အားငယ်မှုတွေ တစ်ခါမှမသိတဲ့သူစိမ်းတွေနဲ့အတူနေနေရတဲ့ စိုးရိမ်စိတ်တွေ၊ ဒါတွေ ကို ကျနော်တို့

အမြဲ မြင်တွေနေရတာဟာ ကျနော်တို့ ရုပ်ခန္ဓာပင်ပန်းရတာထက် ပိုပြီးတော့ စိတ်ပင်ပန်းရပါတယ်။

ကျနော်သာ အရာရာ ပြီးမြှောက်ခဲ့မယ်ဆိုရင် ကျနော်တစ်ယောက်ထဲပဲ သူတို့ထမ်းထားရတဲ့အရာတွေကို လက်လွှဲယူလိုက်ချင်မိပါ

တယ်။အဖေတွေ အမေတွေက positiveဖြစ်လို့ ဆေးရုံလာတက်ရတဲ့အခါ ကျနော့်ရဲ့ chatboxကနေ သူတို့ရဲ့မိဘတွေကို ဂရုစိုက်ပေးပါ

လို့ လာတောင်းပန်တိုလျှိုနေရှာတဲ့ သားသမီးတွေရဲ့ ကို့မိဘအဆင်ပြေပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေဟာ ကျနော်တို့ ရင်ထဲမှာ

တကယ်ထိထိခိုက်ခိုက် ရင်ထဲ ခံစားရတယ်။ ဒီကပ်ဆိုးကို အမြန်ဆုံးပြီးပြတ်စေချင်လှပါပြီ။ အမျိုးသမီးတွေ၊ကလေးတွေ၊မိဘတွေ ၊အစ်မ

တွေရဲ့ အားငယ်နေတဲ့မျက်လုံးတွေ ၊ စိုးရိမ်စိတ်တွေကို ကျနော်တို့ နောက်ထပ်မြင်နိုင်စွမ်းမရှိတော့သလို မြင်လဲမမြင်ချင်တော့ပါဘူး။

ဒါကြောင့်လဲ ဒီကပ်ဆိုးကြီးကို မြန်မြန်ဆန်ဆန် ပြီးစေချင်လှပါပြီ။

ကျနော်တို့တွေဟာ ကိုယ်ဖြစ်မှ ကိုယ်သိကြတာမျိုးပါ။ ကျနော်တို့တွေတစ်ယောက်ချင်းစီတိုင်းက ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထား

တဲ့အမိန့်တွေ၊စည်းမျဥ်းစည်းကမ်းတွေ ဆောင်ရန်ရှောင်ရန်တွေကိုသာ တိတိကျကျ လိုက်နာကြမယ်ဆိုရင် အခု ကျနော်တို့ညီအကို

မောင်နှမတွေခံစားတွေ့ကြုံနေရတဲ့ အရာတွေက သိသိသာသာကြီးလျော့နည်းသွားမှာပါ။ ကျေးဇူးပြု၍ပါ သူများရဲ့အခက်ခဲစိတ်အားငယ်မှု

တွေကို ကိုယ်ချင်းစာပေးကြပါ။

ကျနော်တို့ ဒီနေ့လိုက်နာလိုက်တဲ့စည်းကမ်းတစ်ခုဟာ နောက်ဒီလိုလူတွေ ထပ်မရှိလာစေဖို့အတွက်အခွင့်ရေးတစ်ခုပါပဲ။ လုပ်ကြပါ။

စာနာကြပါ။ပူပေါင်းကြပါ။ လိုက်နာကြပါ။ ကျနော်တို့တွေ ခပ်ခွာခွာနေပါ။ maskတပ်ပါ။ လက်ဆေးပါ။ လိုအပ်မှအပြင်ထွက်ပါ။

ဒါလေးတွေက သေးငယ်ပေမဲ့ မြန်မာပြည်ကြီး၊ကမ္ဘာကြီးကို ကယ်တင်နိုင်တယ်ဆိုတာယုံပါ။ ကျနော်တို့အားလုံး တစ်ယောက်ချင်းစီအသိ

သတိနဲ့ပူပေါင်းပြီး ဒီကပ်ဆိုးကိုတိုက်ထုတ်ကြရအောင်ပါ။

credit;