ဆယ္လီသတင္း

ေဝဠဳေက်ာ္ရဲ႕ ေစတနာ့ဝန္ထမ္းအဖြဲ႕သားမ်ားကို ကိုယ္တိုင္ထုတ္လုပ္တဲ့ ငွက္သိုက္မ်ား လႉဒါန္းရင္း အားေပးခဲ့တဲ့ ေမသန္းႏု

သရုပ္ေဆာင္ အကယ္ဒမီ ေမသန္းနုကေတာ့ အနုပညာေလာကမွာ ဒီေန့အခ်ိန္ထိတိုင္ ေအာင္ျမင္မႈရရိွေနတဲ့ ဝါရင့္ သမၻာရင့္မင္းသမီးၾကီး

တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေမသန္းနုကေတာ့ ျပီးခဲ့တဲ့လပိုင္းေတြက အနုပညာေလာကနဲ့ ခဏတာ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ျပီး

အခုဆိုရင္ ပံုမွန္အတိုင္း အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေမသန္းနုက ျမိတ္ျမိဳ့သူတစ္ေယာက္ပီပီ သူမရဲ့

ေဒသထြက္ ျမိတ္အစားအစာေတြကို ေရာင္းခ်ေနလ်က္ရိွပါတယ္။

ဒီကေန့မွာေတာ့ ေမသန္းနုက သူမရဲ့ ကိုယ္ပိုင္စားေသာက္ကုန္လုပ္ငန္းမွ ထြက္ရိွတဲ့ ေရႊဆင့္ ( ျမိတ္) ငွက္သိုက္နဲ့ ငပိေထာင္းဗူးမ်ားကို

COVID 19 ထိန္းခ်ဳပ္ေရးအတြက္ လုပ္အားေပးေနၾကတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း အဖြဲ့သားမ်ားထံသို့ လွဴဒါန္းေပးခဲ့တယ္လို့ သိရပါတယ္။

ေဖာင္ေဒးရွင္း ဥကၠဌျဖစ္သူ ေဝဠဳေက်ာ္ကလည္း စီနီယာအစ္မၾကီး ေမသန္းနုရဲ့ လွဴဒါန္းမႈကို ဝမ္းေျမာက္စြာ လက္ခံျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာ

မ်က္နွာမွာ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေမသန္းနုကေတာ့ COVID 19 ထိန္းခ်ဳပ္ေရးအတြက္ လုပ္အားေပးေနၾကတဲ့ ေစတနာ့ဝန္ထမ္းမ်ားကို သူမတတ္နိုင္တဲ့ဘက္ကေန အားေပး

ကူညီေပးခဲ့တာ ျဖစ္ပါတယ္။ ေမသန္းနုတစ္ေယာက္ အနုပညာအလုပ္ေတြမွသာမက စီးပြားေရးအလုပ္ေတြမွာလည္း ေအာင္ျမင္တိုးတက္ပါ

ေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ

လို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Lu Kyaw Foundation’s fb

credit;

Unicode

ဝေဠုကျော်ရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့သားများကို ကိုယ်တိုင်ထုတ်လုပ်တဲ့ ငှက်သိုက်များ လှူဒါန်းရင်း အားပေးခဲ့တဲ့ မေသန်းနု

သရုပ်ဆောင် အကယ်ဒမီ မေသန်းနုကတော့ အနုပညာလောကမှာ ဒီနေ့အချိန်ထိတိုင် အောင်မြင်မှုရရှိနေတဲ့ ဝါရင့် သမ္ဘာရင့်

မင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေသန်းနုကတော့ ပြီးခဲ့တဲ့လပိုင်းတွေက အနုပညာလောကနဲ့ ခဏတာ အဆက်အသွယ်ပြတ်

တောက်သွားခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မေသန်းနုက မြိတ်မြို့သူတစ်

ယောက်ပီပီ သူမရဲ့ ဒေသထွက် မြိတ်အစားအစာတွေကို ရောင်းချနေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ မေသန်းနုက သူမရဲ့ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းမှ ထွက်ရှိတဲ့ ရွှေဆင့် ( မြိတ်) ငှက်သိုက်နဲ့ ငပိ

ထောင်းဗူးများကို COVID 19 ထိန်းချုပ်ရေးအတွက် လုပ်အားပေးနေကြတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သားများထံသို့ လှူဒါန်းပေးခဲ့

တယ်လို့ သိရပါတယ်။ ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ဝေဠုကျော်ကလည်း စီနီယာအစ်မကြီး မေသန်းနုရဲ့ လှူဒါန်းမှုကို ဝမ်းမြောက်

စွာ လက်ခံပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

မေသန်းနုကတော့ COVID 19 ထိန်းချုပ်ရေးအတွက် လုပ်အားပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများကို သူမတတ်နိုင်တဲ့ဘက်ကနေ

အားပေးကူညီပေးခဲ့တာ ဖြစ်ပါတယ်။ မေသန်းနုတစ်ယောက် အနုပညာအလုပ်တွေမှသာမက စီးပွားရေးအလုပ်တွေမှာလည်း အောင်မြင်

တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Lu Kyaw Foundation’s fb

credit;