ဆယ်လီသတင်း

သူမကွယ်လွန်ခင်က ပရိသတ်တွေကိုဖျော်ဖြေဖို့ Live Show နောက်ကွယ်မှာ ဆေးသွင်းရင်းတန်းလန်းနဲ့ သီချင်းလေ့ကျင့်နေခဲ့တဲ့ မီးမီးခဲရဲ့ဗီဒီယို













Video ကြည့်ရန်

credit;

Unicode

မနေ့ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲတစ်

ယောက် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူမဆုံးပါးသွားတဲ့ သတင်းဟာ အနုပညာရှင်တွေရော ပရိသတ်တွေကို

အလွန်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ မီးမီးခဲတစ်ယောက် သူမကွယ်လွန်ခင်က နောက်ဆုံးပွဲမှာ ပရိသတ်တွေကိုဖျော်ဖြေဖို့အတွက်

Live Show နောက်ကွယ်မှာ ဆေးသွင်းရင်းတန်းလန်းနဲ့ သီချင်းလေ့ကျင့်နေခဲ့တဲ့ ဗီဒီယိုလေးကိုအမှတ်တရအနေနဲ့ ချပြလာခဲ့ပါတယ်။

ဟန်ထူးဈာန်ကတော့ “ကျွန်တော်မနေ့က ပြောပြတဲ့ သူ့ပရိတ်သတ်တွေအတွက် နောက်ဆုံးအနေနဲ့ ပြန်လာပြီး Live Show ရဲ့

နောက်ကွယ်က သီချင်းလေ့ကျင့်နေတဲ့ Video လေးပါLive Show ပြီးခါစ ပွဲအတွက် အစ်မကြိုးစားသွားမှု့တွေကိုပြောပြရင်း

ကျွန်တော်တို့ကို အနုပညာနဲ့ပတ်သတ်ရင်အမြဲသွန်သင်ဆုံးမပေးတတ်တဲ့ ကိုပိ ဒီ Video File လေးပြတုန်းကလည်း တော်တော်စိတ်မ

ကောင်းဖြစ်ခဲ့ရသလို အစ်မရဲ့ကြိုစားမှု့နဲ့စိတ်ဓာတ်ကြံ့ခိုင်မှု့ကိုအတုယူခဲ့မိပါတယ် “ဆိုပြီး ရေးသားထားပါတယ်။

ဟန်ထူးဈာန်ကတော့ ” ဝမ်းနည်းသတိရနေကြတဲ့ ကျွန်တော်အပါအဝင်အစ်မ ပရိတ်သတ်များအတွက်ရည်ရွယ်ပြီးVideo File လေး

ကို အခုလိုတင်ခွင့်ပေးပြီးပို့ပေးလာတဲ့ ကိုပိ ကိုလည်းကျေးဇူးတင်ပါတယဘုရားသခင်ရင်ခွင်မှာပျော်ရွှင်ပါစေအစ်မ “ဆိုပြီး လူမှုကွန်

ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မီးမီးခဲရဲ့ ဆေးပုလင်းချိတ်ရင်း သီချင်းလေ့ကျင့်

နေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Video ကြည့်ရန်

credit;