ဆယ်လီသတင်း
ဘေ့စ်ဘောတုတ်ကြီးကိုင်ပြီးဖေဖေမြင့်မြတ်လိုဂိုဏ်းစတားအိုက်တင်အပြည့်နဲ့တွေရတဲ့ မြတ်သူ
credit;
Unicode
ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော မြင့်မြတ်က သရုပ်ဆောင် အမူအယာ အထူးကောင်းမွန်ပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ
သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ မြင့်မြတ်ရဲ့ သရုပ်ဆောင် ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး
လာမယ့်နှစ်ရဲ့ အကယ်ဒမီစာရင်းမှာလည်း “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တစ်ပြေးနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်
ကတော့ သူချစ်တဲ့ မိသားစုလေးနဲ့အတူတူ နေထိုင်ရင်း အားပေးနေကြတဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ကြိုးစား
လုပ်ကိုင်နေတာပဲဖြစ်ပါတယ်
လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားတဲ့ မြင့်မြတ်ကတော့ သူငယ်ချင်းတွေနဲ့ စီးပွားရေးအလုပ်တွေကို
လုပ်ကိုင်နေသလို မိသားစုအတွက်လည်း အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ သားလေး မြတ်သူကလည်း တစ်နေ့တစ်ခြား
ချစ်စရာကောင်းလာခဲ့ကာ ဖေဖေမြင့်မြတ်နဲ့ အနီးကပ်နေခွင့်ပိုရရှိနေတာကြောင့် ဖေဖေ့ရဲ့ အိုက်တင်အမူအယာအတိုင်း လုပ်ပြတတ်နေပြီ
ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မြတ်သူလေးကို ဘေ့စ်ဘောတုတ်ကြီးကိုင်ပြီး ဖေဖေမြင့်မြတ်လို ဂိုဏ်းစတားအိုက်တင်အပြည့်နဲ့ တွေ့ရ
ပြန်ပါတယ်။
မြင့်မြတ်ကတော့ သူ့ရဲ့သားလေး မြတ်သူကြောင့် နေ့ရက်တိုင်းမှာ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့သားလေး မြတ်သူကိုကြည့်ပြီး အသည်းတယားယားဖြစ်နေကြမယ် ထင်ပါတယ်နော်။
credit;