ဆယ္လီသတင္း

မီးမီးခဲ ကြယ္လြန္မႈအေပၚ သမီးေလးအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ ထူးအယ္လင္း

18 October 2020

အဆိုေတာ္ မီးမီးခဲ ကြယ္လြန္သြားၿပီးေနာက္ က်န္ခဲ့တဲ့ သူတို႔ရဲ႕ တဦးတည္းေသာ သမီးေလးအတြက္ စိတ္မေကာင္းျဖစ္တယ္လို႔ ထူးအယ္

လင္းက ဆိုပါတယ္။

“က်ေနာ့္ သမီးဆီက သတင္းဝင္လာတယ္။ ပါးပါး မိုးမိုးဆုံးၿပီ ဆိုၿပီး ေျပာတယ္။ စိတ္မေကာင္းပါဘူး။ ဘာေၾကာင့္ စိတ္မေကာင္းျဖစ္တာလဲ

ဆိုရင္ က်ေနာ့္ သမီးအတြက္ စိတ္မေကာင္းျဖစ္တာ။ က်ေနာ္တို႔က်ေတာ့ ၿပီးသြားၿပီေလ။ သူ႔မွာလည္း မိသားစု ရွိသလို က်ေနာ့္မွာလည္း

မိသားစုအသစ္ ရွိတယ္။ က်ေနာ္ အဘက္ဘက္ကို ၾကည့္ၿပီးေတာ့ ပို႔စ္တင္လိုက္ေသးတယ္။ ေကာင္းရာသုဂတိလားပါေစလို႔”

“က်ေနာ္ ကားေမာင္းေနရင္းနဲ႔ ေရးၿပီး တင္လိုက္တာ။ ဒါေပမဲ့ က်ေနာ္ျပန္ စဥ္းစားတယ္။ သူႀကိဳက္မွာ မဟုတ္ဘူး။ သူ႔မွာလည္း မိသားစု ရွိ

တယ္၊ က်ေနာ့္မွာလည္း မိသားစု ရွိတယ္။ နားလည္မႈတခုနဲ႔ ေပးရင္ ေပးထားလိမ့္မယ္။ သူတို႔စိတ္ထဲမွာ ႀကိဳက္မွာ မဟုတ္ဘူး။ အားလုံးက

သူ႔မိသားစုနဲ႔သူ ရွိေနတာကိုး။ ဒါေၾကာင့္မို႔ က်ေနာ့္ ပို႔စ္ကို ျပန္ဖ်က္လိုက္တယ္”လို႔ ထူးအယ္လင္းက ေျပာပါတယ္။

ဆက္လက္ၿပီး ထူးအယ္လင္းက မိခင္ မရွိေတာ့တဲ့ သမီးေလးအတြက္ သူကိုယ္တိုင္ကပဲ သမီးအေပၚ ဖခင္လို၊ မိခင္လို ေစာင့္ေရွာက္ေပးဖို႔

ျပင္ဆင္ရမယ္လို႔ ဆိုပါတယ္။

“အခု က်ေနာ္က သူ႔ကို စိတ္မေကာင္းေတာ့ စိတ္မေကာင္းဘူး။ ဒါေပမဲ့ က်ေနာ္ပိုၿပီး စိတ္မေကာင္းျဖစ္ရမွာ က်ေနာ့္ သမီးအတြက္ က်ေနာ္

စိတ္မေကာင္းျဖစ္ရမွာ။ သမီး ေမေမ မရွိေတာ့ဘူး။ အေဖကလည္း ပါးပါးပဲ၊ အေမလည္း ပါးပါးပဲ။ ဒါေၾကာင့္မို႔ က်ေနာ့္ သမီးအတြက္ က်

ေနာ္ ျပင္ဆင္ရမယ္”လို႔ ထူးအယ္လင္းက ေျပာပါတယ္။

သမီးျဖစ္သူ လိုအပ္တာကို ျဖည့္ဆည္းေပးဖို႔ သမီးကို ခြန္အားေပးျဖစ္တယ္လို႔လည္း ထူးအယ္လင္းက ဆိုပါတယ္။

“မိတ္ေဆြေတြအေနနဲ႔ စိတ္မေကာင္းျဖစ္တာကို နားလည္ပါတယ္။ စိတ္မေကာင္းျဖစ္တယ္ဆိုရင္ သူ႔အတြက္ ရည္စူးၿပီး ကုသိုလ္ေရးလုပ္ေပး

ၾကပါလို႔ ေျပာခ်င္တယ္။ က်ေနာ္တို႔အားလုံး ေသမ်ိဳးပါ။ က်ေနာ္လည္း ေသဦးမွာ။ က်ေနာ့္ သမီးေလးကို ဘယ္လို ခြန္အားေပးစကားေျပာရ

လဲ ဆိုေတာ့ ပါးပါးလည္း စိတ္မေကာင္းဘူး။ ဒါေပမဲ့ ပါးပါးရွိေသးတယ္ေနာ္၊ သမီးလိုတာေျပာ။ က်ေနာ္ အားလုံးျဖည့္ဆည္းေပးမယ္”လို႔

ျေပာပါတယ္။

သမီးေလးက ထူးအယ္လင္းနဲ႔ အတူေနတာ ျဖစ္ၿပီး မိခင္ျဖစ္သူ မီးမီးခဲနဲ႔ေတာ့ သမီးေလးက အဆက္အသြယ္ ရွိတယ္လို႔ ေျပာပါတယ္။

“က်ေနာ့္ သမီးက က်ေနာ္နဲ႔ ေနတာပါ။ မီးခဲနဲ႔ စကြဲကတည္းက က်ေနာ္နဲ႔ ရွိတာပါ။ သူ႔အေမနဲ႔ အခ်ိတ္အဆက္ေတာ့ ရွိတယ္။ သူ႔ကို

တပင္တိုင္ျမနန္း ထားတာပါ။ သူ႔အေမနဲ႔ ေနတာ မဟုတ္ပါဘူး။ က်ေနာ္ စိတ္မေကာင္းတာ သမီးအတြက္ပါ။ ဒါေပမဲ့ သမီးအတြက္

ဘာေတြ ျပန္လုပ္ေပးရမလဲ ျပင္ဆင္ရလဲ ဒါပဲ စဥ္းစားတယ္”လို႔ ထူးအယ္လင္းက ေျပာပါတယ္။

အဆိုေတာ္ မီးမီးခဲကေတာ့ ကင္ဆာေရာဂါ ေဝဒနာနဲ႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔က ၾသစေတးလ်ႏိုင္ငံ စံေတာ္ခ်ိန္ ည ၉ နာရီ ၃၁

မိနစ္ အခ်ိန္မွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာေတာ့ မီးမီးခဲဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ ရွိၿပီ ျဖစ္ပါတယ္။

အဆိုေတာ္ ထူးအယ္လင္းနဲ႔ သမီးေလး ျဖဴျဖဴစင္စင္လင္း (ဓာတ္ပုံ – Htoo El Lynn’s Facebook)

credit;

Unicode

18 October 2020

အဆိုတော် မီးမီးခဲ ကွယ်လွန်သွားပြီးနောက် ကျန်ခဲ့တဲ့ သူတို့ရဲ့ တဦးတည်းသော သမီးလေးအတွက် စိတ်မကောင်းဖြစ်တယ်လို့ ထူး

အယ်လင်းက ဆိုပါတယ်။

“ကျနော့် သမီးဆီက သတင်းဝင်လာတယ်။ ပါးပါး မိုးမိုးဆုံးပြီ ဆိုပြီး ပြောတယ်။ စိတ်မကောင်းပါဘူး။ ဘာကြောင့် စိတ်မကောင်းဖြစ်တာ

လဲ ဆိုရင် ကျနော့် သမီးအတွက် စိတ်မကောင်းဖြစ်တာ။ ကျနော်တို့ကျတော့ ပြီးသွားပြီလေ။ သူ့မှာလည်း မိသားစု ရှိသလို ကျနော့်

မှာလည်း မိသားစုအသစ် ရှိတယ်။ ကျနော် အဘက်ဘက်ကို ကြည့်ပြီးတော့ ပို့စ်တင်လိုက်သေးတယ်။ ကောင်းရာသုဂတိလားပါစေ

လို့”

“ကျနော် ကားမောင်းနေရင်းနဲ့ ရေးပြီး တင်လိုက်တာ။ ဒါပေမဲ့ ကျနော်ပြန် စဉ်းစားတယ်။ သူကြိုက်မှာ မဟုတ်ဘူး။ သူ့မှာလည်း

မိသားစု ရှိတယ်၊ ကျနော့်မှာလည်း မိသားစု ရှိတယ်။ နားလည်မှုတခုနဲ့ ပေးရင် ပေးထားလိမ့်မယ်။ သူတို့စိတ်ထဲမှာ ကြိုက်

မှာ မဟုတ်ဘူး။ အားလုံးက သူ့မိသားစုနဲ့သူ ရှိနေတာကိုး။ ဒါကြောင့်မို့ ကျနော့် ပို့စ်ကို ပြန်ဖျက်လိုက်တယ်”လို့ ထူးအယ်လင်းက

ပြောပါတယ်။

ဆက်လက်ပြီး ထူးအယ်လင်းက မိခင် မရှိတော့တဲ့ သမီးလေးအတွက် သူကိုယ်တိုင်ကပဲ သမီးအပေါ် ဖခင်လို၊ မိခင်လို

စောင့်ရှောက်ပေးဖို့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

“အခု ကျနော်က သူ့ကို စိတ်မကောင်းတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျနော်ပိုပြီး စိတ်မကောင်းဖြစ်ရမှာ ကျနော့် သမီးအတွက် ကျ

နော် စိတ်မကောင်းဖြစ်ရမှာ။ သမီး မေမေ မရှိတော့ဘူး။ အဖေကလည်း ပါးပါးပဲ၊ အမေလည်း ပါးပါးပဲ။ ဒါကြောင့်မို့ ကျနော့် သမီး

အတွက် ကျနော် ပြင်ဆင်ရမယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

သမီးဖြစ်သူ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့ သမီးကို ခွန်အားပေးဖြစ်တယ်လို့လည်း ထူးအယ်လင်းက ဆိုပါတယ်။

“မိတ်ဆွေတွေအနေနဲ့ စိတ်မကောင်းဖြစ်တာကို နားလည်ပါတယ်။ စိတ်မကောင်းဖြစ်တယ်ဆိုရင် သူ့အတွက် ရည်စူးပြီး ကုသိုလ်ရေးလုပ်

ပေးကြပါလို့ ပြောချင်တယ်။ ကျနော်တို့အားလုံး သေမျိုးပါ။ ကျနော်လည်း သေဦးမှာ။ ကျနော့် သမီးလေးကို ဘယ်လို ခွန်အားပေး

စကားပြောရလဲ ဆိုတော့ ပါးပါးလည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ပါးပါးရှိသေးတယ်နော်၊ သမီးလိုတာပြော။ ကျနော် အားလုံး

ဖြည့်ဆည်းပေးမယ်”လို့ ပြောပါတယ်။

သမီးလေးက ထူးအယ်လင်းနဲ့ အတူနေတာ ဖြစ်ပြီး မိခင်ဖြစ်သူ မီးမီးခဲနဲ့တော့ သမီးလေးက အဆက်အသွယ် ရှိတယ်လို့ ပြောပါတယ်။

“ကျနော့် သမီးက ကျနော်နဲ့ နေတာပါ။ မီးခဲနဲ့ စကွဲကတည်းက ကျနော်နဲ့ ရှိတာပါ။ သူ့အမေနဲ့ အချိတ်အဆက်တော့ ရှိတယ်။ သူ့

ကို တပင်တိုင်မြနန်း ထားတာပါ။ သူ့အမေနဲ့ နေတာ မဟုတ်ပါဘူး။ ကျနော် စိတ်မကောင်းတာ သမီးအတွက်ပါ။ ဒါပေမဲ့ သမီးအတွက်

ဘာတွေ ပြန်လုပ်ပေးရမလဲ ပြင်ဆင်ရလဲ ဒါပဲ စဉ်းစားတယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါ ဝေဒနာနဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁

မိနစ် အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မီးမီးခဲဟာ အသက် ၃၇ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

အဆိုတော် ထူးအယ်လင်းနဲ့ သမီးလေး ဖြူဖြူစင်စင်လင်း (ဓာတ်ပုံ – Htoo El Lynn’s Facebook)

credit;