က်န္းမာေရး

“ပန္းနာရင္ၾကပ္ဗိုက္ေအာင့္ျခင္းႏွင့္နားကိုက္ေဝဒနာေပ်ာက္ကင္းေသာ ရွမ္းနံနံ”

Zawgyi

ရွမ္းနံနံံ သာ ေျပာရတယ္၊ ရွမ္းေတြပဲစားၾကတဲ့ ဟင္းခတ္မဟုတ္ပါဘူး။ မြန္ဟင္းေတြမွာလည္းပါတယ္၊ ရခိုင္ဟင္းေတြမွာလည္းပါ

တယ္၊ျမန္မာဟင္းေတြမွာလည္းပါတယ္၊ ျမန္မာႏိုင္ငံအနံွ႔အျပားက ေနရာေဒသအမ်ိဳးမ်ိဳးရဲ႕ ေဒသအစားအစာေတြမွာ ပါဝင္ေလ့ရွိပါ

တယ္။

ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသုံးမ်ားတယ္ဆိုေပမယ့္ က်ိဳက္ထီး႐ိုးေတာင္ေပၚမွာ စားခဲ့ရတဲ့ မုန႔္ဟင္းခါးမွာ ရွမ္းနံနံေတြႏိုင္းခ်င္း

ထည့္စားၾကတာေတြ႕ဖူးတယ္။ရွမ္းနံနံက အစိမ္းပဲစားစား၊ ဟင္းထဲပဲ ခတ္ခတ္ အညႇီေပ်ာက္တယ္၊ ဟင္းအနံ႔ကိုပိုေမႊးေစတယ္ေလ။

အစကေတာ့ ျမန္မာမွာပဲ သုံးၾကတယ္ထင္ေနတာ။ သူ႔နာမည္က ရွမ္းနံနံဆိုတာကိုး။ဒၚေပမယ့္ သူ႔အေၾကာင္းရွာၾကည့္လိုက္ေတာ့မွ

မကၠဆီကိုနဲ႔ ေတာင္အေမရိကမွာေရာ၊ ကာေရးဘီးယား၊ လက္တင္အေမရိကတို႔မွာပါ အသုံးမ်ားတာသိလိုက္ရတယ္။

ထိုင္းဟင္းလ်ာေတြမွာဆို နံနံပင္အျမစ္၊ ရွမ္းနံနံအျမစ္ေတြေထာင္းထည့္ေတာ့ ေမႊးေနေရာ။ သူတို႔ေတြဆီမွာ ဘယ္ေရာဂါေတြ

အတြက္ သုံးၾကလဲဆိုေတာ့ –ပန္းနာရင္က်ပ္၊ ဗိုက္ေအာင့္ျခင္း၊ နားကိုက္ေဝဒနာ။

အစာေျခစနစ္ျပႆနာေတြ( သန္ထတာ၊ ဝမ္းပ်က္တာ) ေႁမြ သို႔မဟုတ္ အင္းဆက္ အကိုက္ခံရတာ အဖ်ားတက္တာ ငွက္ဖ်ားေရာဂါ တို႔

အတြက္ ကုသနည္းအျဖစ္ေတာင္ ထည့္သြင္းအသုံးျပဳၾကပါတယ္။

အ႐ြက္မွာတင္မဟုတ္ဘဲအျမစ္မွာပါ အာဟာရဓာတ္ျပည့္စုံေနတဲ့ ရွမ္းနံနံဟာ သံဓာတ္၊ riboflavin၊ carotene၊ ဗီတာမင္ A၊ C နဲ႔

၊ ဗီတာမင္ B1 ၊ B2 တို႔ပါဝင္ေနတာျဖစ္ပါတယ္။

ပ႐ိုတင္းနဲ႔ ကာဗိုဟိုက္ဒရိတ္ေတြပါဝင္တာလည္းမနည္းတဲ့အတြက္ သက္သတ္လြတ္သမားေတြအတြက္လည္း အေထာက္အကူျဖစ္ေစပါ

တယ္။ ခံတြင္းပ်က္ေနသူေတြအတြက္လည္း အစာစားခ်င္စိတ္ျဖစ္ေအာင္ ႏႈိးဆြေပးႏိုင္ပါတယ္။

ဘယ္လိုအက်ိဳးေက်းဇူးေတြရွိတာလဲ – မရွိမျဖစ္အေရးပါတဲ့ဲ အာဟာရဓာတ္ေတြပါဝင္တယ္။တုပ္ေကြးျဖစ္တဲ့အခါ သက္သာေစတယ္၊

ေသြးတိုးက်ေစတယ္။ပန္းနာရင္က်ပ္ကို သက္သာေစတယ္၊အေရာင္က်ေစတယ္ – နာက်င္တာ၊ ေရာင္ရမ္းတာ၊ အဆစ္နာေရာဂါေတြကို

သက္သာေစတယ္၊အကိုက္အခဲေပ်ာက္ေစတယ္

Trimethylbenzaldehydes ပါဝင္လို႔ နာက်င္ကိုက္ခဲမႈကို သက္သာေစႏိုင္တယ္၊ နားကိုက္တာ၊ ဗိုက္ေအာင့္တာ၊ ေခါင္းကိုက္တာ

ေတြအတြက္ ရွမ္းနံနံေရေႏြးၾကမ္းကို ေသာက္သုံးၾကေလ့ရွိပါတယ္။ဆီးခ်ိဳက်ေစတယ္၊ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတယ္၊

အဖ်ားက်ေစတယ္၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းပ်က္ျခင္း၊ အေအးမိျခင္း၊ နမိုးနီးယား၊ ဗိုက္ေအာင့္ဗိုက္နာျခင္းေတြအတြက္ ရွမ္းနံနံံကို အသုံးျပဳေလ့

ရွိပါတယ္။ပင့္ကူကိုက္ခံရရင္ ရွမ္းနံနံ႐ြက္ကိုႀကိတ္ေျခၿပီးလိမ္းေပး၊ သက္သာတယ္လို႔ ဆိုၾကပါတယ္။

တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိေသးတယ္ဆိုေပမယ့္ ဒီေလာက္နဲ႔တင္ ရွမ္းနံနံကို စားသင့္ေနပါၿပီေနာ့။ေဈးမွာ

ေပါေတာ့ ဝယ္ရလည္းလြယ္တယ္၊ အိမ္မွာစိုက္ခ်င္လည္း အ႐ြက္ကိုသုံးၿပီးက်န္တဲ့အျမစ္ေလးေတြ ရွိတဲ့ပန္းအိုးထဲထည့္္စိုက္ထား

လိုက္႐ုံပဲ။ လိုမွခူးစားလို႔ိရတာေပါ့။

credit;

Unicode

ရှမ်းနံနံံ သာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါ

တယ်၊မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနံှ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါ

တယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေနိုင်းချင်း

ထည့်စားကြတာတွေ့ဖူးတယ်။ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကိုပိုမွှေးစေတယ်လေ။

အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ဒါ်ပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ

မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။

ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေ

အတွက် သုံးကြလဲဆိုတော့ –ပန်းနာရင်ကျပ်၊ ဗိုက်အောင့်ခြင်း၊ နားကိုက်ဝေဒနာ။

အစာခြေစနစ်ပြဿနာတွေ( သန်ထတာ၊ ဝမ်းပျက်တာ) မြွေ သို့မဟုတ် အင်းဆက် အကိုက်ခံရတာ အဖျားတက်တာ ငှက်ဖျားရောဂါ တို့

အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

အရွက်မှာတင်မဟုတ်ဘဲအမြစ်မှာပါ အာဟာရဓာတ်ပြည့်စုံနေတဲ့ ရှမ်းနံနံဟာ သံဓာတ်၊ riboflavin၊ carotene၊ ဗီတာမင် A၊ C နဲ့

၊ ဗီတာမင် B1 ၊ B2 တို့ပါဝင်နေတာဖြစ်ပါတယ်။

ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်တာလည်းမနည်းတဲ့အတွက် သက်သတ်လွတ်သမားတွေအတွက်လည်း အထောက်အကူဖြစ်စေပါ

တယ်။ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ – မရှိမဖြစ်အရေးပါတဲ့ဲ အာဟာရဓာတ်တွေပါဝင်တယ်။တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊

သွေးတိုးကျစေတယ်။ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကို

သက်သာစေတယ်၊အကိုက်အခဲပျောက်စေတယ်

Trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ

တွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။ဆီးချိုကျစေတယ်၊ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊

အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံံကို အသုံးပြုလေ့

ရှိပါတယ်။ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကိုကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။

တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။ဈေးမှာ

ပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီးကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲထည့််စိုက်ထား

လိုက်ရုံပဲ။ လိုမှခူးစားလို့ိရတာပေါ့။

credit;