Corona Virus

မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ကိုဗစ္ပိုးေတြ႕လူနာ သုံးဦး ထြက္ေျပး ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ ႏွစ္စီးအား ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ကိုဗစ္ပိုးေတြ႕လူနာ သုံးဦး ထြက္ေျပး ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ ႏွစ္စီးကို ေအာက္တိုဘာလ ၁၇ ရက္

ည ၁၀ နာရီအခ်ိန္ခန႔္က ေနာင္ခ်ိဳၿမိဳ႕အဝင္တြင္ တားဆီးကာ ဖမ္းဆီး ရမိခဲ့ေၾကာင္း ေနာင္ခ်ိဳၿမိဳ႕အေျခစိုက္ ပရဟိတအဖြဲ႕တာဝန္ရွိသူက

ျပည္ျမန္မာကို ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕တြင္ ေနထိုင္သူ (၁၂)ဘီးကုန္တင္ယာဥ္ ယာဥ္အမွတ္ 9I/……ယာဥ္ ေမာင္း၊ ယာဥ္လိုက္ ႏွင့္ 4H/……

ယာဥ္ေမာင္း သုံးဦးတို႔သည္ မူဆယ္ၿမိဳ႕နယ္ က်င္ဆန္းေက်ာ့ က်န္းမာ ေရးစစ္ေဆးစခန္းတြင္ က်န္းမာေရးစစ္ေဆးခံၿပီး အေျဖမရမီ မိမိ

တို႔သေဘာျဖင့္ မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာခဲ့ၾကျခင္းျဖစ္သည္။

“သူတို႔က မူဆယ္အထြက္ က်င္ဆန္းေက်ာ့ က်န္းမာေရးစစ္ေဆးစခန္းမွာ Swab ေတြယူတယ္။ အေျဖမ ေပၚခင္မွာ သူတို႔က ကိုယ့္သေဘာ

နဲ႔ကိုယ္ ကားေမာင္းၿပီးထြက္လာၾကတယ္။ ထြက္လာၿပီးေနာက္ပိုင္း အေျဖရတဲ့အခါမွာ သက္ဆိုင္ရာက သူတို႔က Positive ေတြ႕တယ္။

လိုက္ရွာေတာ့မေတြ႕ေတာ့ အေၾကာင္း ၾကားၿပီး ေနာက္ပိုင္း သူတို႔က ေက်ာက္မဲတိုးဂိတ္ကိုျဖတ္လာၿပီလို႔ သတင္းရၿပီးေနာက္ပိုင္း အေထြေ

ထြအုပ္ ခ်ဳပ္ေရူ ဦးစီးဌာနရယ္၊ က်န္းမာေရးဦးစီးဌာနရယ္၊ ပရဟိတအဖြဲ႕ေတြရယ္က သူတို႔ဆီသြားၿပီးေတာ့ PPE ဝတ္ခိုင္းတယ္

Quarantine ဝင္ေစခဲ့ပါတယ္” ဟု ယင္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ အဆိုပါ ပိုးေတြ႕လူနာ သုံးဦးအား ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ Quarantine Center သို႔ပို႔ေဆာင္ ထားၿပီး ယင္းတို႔၏ လက္ရွိ

က်န္းမာေရးအေျခအေနသည္ေကာင္းမြန္လ်က္ရွိေၾကာင္း၊ ဖ်ားျခင္း၊ နာျခင္း၊ လည္ေခ်ာင္းနာျခင္းမ်ား၊ ေခ်ာင္းဆိုးျခင္းမ်ား မရွိေၾကာင္းလည္း

သိရသည္။

credit;

Unicode

မူဆယ်မြို့မှ မန္တလေးမြို့သို့ ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထွက်ပြေး မောင်းနှင်လာသည့် ကုန်တင်ယာဉ် နှစ်စီးကို အောက်တိုဘာလ

၁၇ ရက် ည ၁၀ နာရီအချိန်ခန့်က နောင်ချိုမြို့အဝင်တွင် တားဆီးကာ ဖမ်းဆီး ရမိခဲ့ကြောင်း နောင်ချိုမြို့အခြေစိုက် ပရဟိတအဖွဲ့

တာဝန်ရှိသူက ပြည်မြန်မာကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့တွင် နေထိုင်သူ (၁၂)ဘီးကုန်တင်ယာဉ် ယာဉ်အမှတ် 9I/……ယာဉ် မောင်း၊ ယာဉ်လိုက် နှင့်

4H/…… ယာဉ်မောင်း သုံးဦးတို့သည် မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျန်းမာ ရေးစစ်ဆေးစခန်းတွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရ

မီ မိမိတို့သဘောဖြင့် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာခဲ့ကြခြင်းဖြစ်သည်။

“သူတို့က မူဆယ်အထွက် ကျင်ဆန်းကျော့ ကျန်းမာရေးစစ်ဆေးစခန်းမှာ Swab တွေယူတယ်။ အဖြေမ ပေါ်ခင်မှာ သူတို့က ကိုယ့်

သဘောနဲ့ကိုယ် ကားမောင်းပြီးထွက်လာကြတယ်။ ထွက်လာပြီးနောက်ပိုင်း အဖြေရတဲ့အခါမှာ သက်ဆိုင်ရာက သူတို့က Positive

တွေ့တယ်။ လိုက်ရှာတော့မတွေ့တော့ အကြောင်း ကြားပြီး နောက်ပိုင်း သူတို့က ကျောက်မဲတိုးဂိတ်ကိုဖြတ်လာပြီလို့ သတင်းရပြီး

နောက်ပိုင်း အထွေထွေအုပ် ချုပ်ရေူ ဦးစီးဌာနရယ်၊ ကျန်းမာရေးဦးစီးဌာနရယ်၊ ပရဟိတအဖွဲ့တွေရယ်က သူတို့ဆီသွားပြီးတော့ PPE ဝတ်

ခိုင်းတယ် Quarantine ဝင်စေခဲ့ပါတယ်” ဟု ယင်းကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ပိုးတွေ့လူနာ သုံးဦးအား နောင်ချိုမြို့နယ်ရှိ Quarantine Center သို့ပို့ဆောင် ထားပြီး ယင်းတို့၏

လက်ရှိ ကျန်းမာရေးအခြေအနေသည်ကောင်းမွန်လျက်ရှိကြောင်း၊ ဖျားခြင်း၊ နာခြင်း၊ လည်ချောင်းနာခြင်းများ၊ ချောင်းဆိုးခြင်းများ မ

ရှိကြောင်းလည်း သိရသည်။

credit;