ႏိုင္ငံတကာသတင္း

ဥေရာပမွာ Covid-19 ကူးစက္မႈေၾကာင့္ ေသဆံုးသူ ၂ သိန္းခြဲေက်ာ္လြန္လာ

ဥေရာပမွာ Covid-19 ကူးစက္မႈေၾကာင့္ ေသဆံုးသူ ၂ သိန္းခြဲေက်ာ္လြန္လာ

ဥေရာပမွာ တနဂၤေႏြေန႔ ( ေအာက္တိုဘာ ၁၈ ရက္ေန႔ ) က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၂၅၀၀၀၀ ေက်ာ္

ထိ ရွိလာခဲ့ၿပီး အစၥေရးနဲ႔ ၾသစေၾတးလ်ရဲ႕ ဒုတိယ အႀကီးမားဆံုးၿမိဳ႕ျဖစ္တဲ့ မဲလ္ဘုန္းမွာေတာ့ တင္းက်ပ္တဲ့ ပိတ္ဆို႔ကန္႔သတ္မႈေတြကို တစ္

ျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့လာခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပႏိုင္ငံေတြမွာ ယခုသီတင္းပတ္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၄၄ ရာခိုင္ႏႈန္းထိ ထပ္တိုးလာျခင္းနဲ႔အတူ ဗိုင္းရပ္စ္ကူးစက္

ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေန႔စဥ္ဘ၀ ကန္႔သတ္ခ်က္ေတြကို တင္းက်ပ္လာခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ သန္းေပါင္းမ်ားစြာေသာ ေနထိုင္သူေတြအတြက္ ညမထြက္ရ ကာဖ်ဴးအမိန္႔ကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စတင္ခဲ့ၿပီး ဆြစ္ဇာ

လန္ႏိုင္ငံမွာေတာ့ ႏိုင္ငံသားေတြအားလံုး အမ်ားျပည္သူသက္ဆိုင္ရာ ေနရာေတြမွာ ႏွာေခါင္းစည္း ( mask ) ေတြ ၀တ္ဆင္ၾကဖို႔ လုိအပ္

တယ္လို႔ သိရပါတယ္။

အစၥေရးႏိုင္ငံမွ ေနအိမ္မွ ၁ ကီလိုမီတာေက်ာ္ထိ ခရီးသြားလာမႈ တားျမစ္ျခင္း အပါအ၀င္ ျပင္းထန္ရက္စက္တဲ့ အျခားအစီအမံေတြနဲ႔ ၄င္းရဲ႕

ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းကို ၿငိမ္သက္ေအာင္ စီမံႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာေတာ့ အဆိုပါ ကန္႔သတ္ခ်က္ေတြကို ရုပ္သိမ္းကာ မူႀကိဳ

ေက်ာင္းမ်ား၊ ကမ္းေျခမ်ားနဲ႔ ပန္းျခံေတြကို ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕မွာေတာ့ အရွိန္အဟုန္ျမင့္ တိုးတက္လာတဲ့ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး သံုးလအတြင္း ပထ

မဆံုးအေနနဲ႔ ၿမိဳ႕ရွိ ေနထိုင္သူ ၅ သန္းနီးပါးကို တစ္ေန႔အတြင္း ၂ နာရီေက်ာ္ၾကာထိ အိမ္အျပင္ထြက္ သြားလာခြင့္ျပဳခဲ့ပါတယ္။ ခိုင္လံုတဲ့

အေၾကာင္းျပခ်က္ရွိမွသာ ေနအိမ္မွ ၂၅ ကီလိုမီတာ ( ၁၅ မိုင္ ) ထိ ခရီးသြားလာခြင့္ျပဳကာ စားေသာက္ဆိုင္နဲ႔ အျခားစီးပြားေရး လုပ္

ငန္းေတြကိုေတာ့ ပိတ္ဆို႔ထားဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

သို႔ေပမယ့္လည္း ဥေရာပဟာ အခုဆိုရင္ေတာ့ ဗိုင္းရပ္စ္ကူးစက္မႈ စိုးရိမ္ဖြယ္ အေျခအေနကို ေရာက္ရွိလာေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

credit;

Unicode

ဥရောပမှာ Covid-19 ကူးစက်မှုကြောင့် သေဆုံးသူ ၂ သိန်းခွဲကျော်လွန်လာ

ဥရောပမှာ တနင်္ဂနွေနေ့ ( အောက်တိုဘာ ၁၈ ရက်နေ့ ) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း

၂၅၀၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး အစ္စရေးနဲ့ သြစတြေးလျရဲ့ ဒုတိယ အကြီးမားဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမှာတော့ တင်းကျပ်တဲ့ ပိတ်ဆို့

ကန့်သတ်မှုတွေကို တစ်ဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့တယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံတွေမှာ ယခုသီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၄၄ ရာခိုင်နှုန်းထိ ထပ်တိုးလာခြင်းနဲ့အတူ ဗိုင်းရပ်စ်

ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ်ဘ၀ ကန့်သတ်ချက်တွေကို တင်းကျပ်လာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ သန်းပေါင်းများစွာသော နေထိုင်သူတွေအတွက် ညမထွက်ရ ကာဖျူးအမိန့်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဆွ

စ်ဇာလန်နိုင်ငံမှာတော့ နိုင်ငံသားတွေအားလုံး အများပြည်သူသက်ဆိုင်ရာ နေရာတွေမှာ နှာခေါင်းစည်း ( mask ) တွေ ဝတ်ဆင်

ကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံမှ နေအိမ်မှ ၁ ကီလိုမီတာကျော်ထိ ခရီးသွားလာမှု တားမြစ်ခြင်း အပါအဝင် ပြင်းထန်ရက်စက်တဲ့ အခြားအစီအမံတွေ

နဲ့ ၎င်းရဲ့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ငြိမ်သက်အောင် စီမံနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အဆိုပါ ကန့်သတ်ချက်တွေကို

ရုပ်သိမ်းကာ မူကြိုကျောင်းများ၊ ကမ်းခြေများနဲ့ ပန်းခြံတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာတော့ အရှိန်အဟုန်မြင့် တိုးတက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး သုံးလ

အတွင်း ပထမဆုံးအနေနဲ့ မြို့ရှိ နေထိုင်သူ ၅ သန်းနီးပါးကို တစ်နေ့အတွင်း ၂ နာရီကျော်ကြာထိ အိမ်အပြင်ထွက် သွားလာခွင့်ပြုခဲ့ပါ

တယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှသာ နေအိမ်မှ ၂၅ ကီလိုမီတာ ( ၁၅ မိုင် ) ထိ ခရီးသွားလာခွင့်ပြုကာ စားသောက်ဆိုင်နဲ့

အခြားစီးပွားရေး လုပ်ငန်းတွေကိုတော့ ပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း ဥရောပဟာ အခုဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်တယ်လို့ သိရ

ပါတယ်။

credit;