Corona Virus

မဂၤလာဒုံ မွန္ဘီလူးစက္႐ုံတြင္ အလုပ္သမား ၃၀၀ ေက်ာ္ပိုးေတြ႕ ထားၿပီး စက္႐ုံရွိက်န္ အလုပ္သမားမ်ားအား ကိုဗစ္ရွိမရွိ အသုတ္လိုက္ စစ္ေဆးေန

မဂၤလာဒုံစက္မႈဇုန္ရွိ Myanmar Asia Optical မွန္ဘီလူးစက္႐ုံတြင္ အလုပ္သမား ၃၀၀ ေက်ာ္ ကိုဗစ္ ေရာပိုး ကူးစက္ခံထားရေၾကာင္း

ႏွင့္ လက္ရွိတြင္ စက္႐ုံရွိက်န္အလုပ္သမားမ်ားအား ဓာတ္ခြဲနမူနာမ်ား ရယူ၍ ကိုဗစ္ရွိ မရွိ အသုတ္လိုက္ စစ္ေဆးမႈျပဳလုပ္ေပးေနေၾကာင္း

မဂၤလာဒုံၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီဥကၠ႒ ဦးေဇာ္လင္းက ေျပာသည္။

စက္႐ုံအတြင္းရွိ ပိုးေတြ႕အတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္သူမ်ား ႏွင့္ သံသယလူနာမ်ားအား ဦးစားေပးစစ္ေဆးမႈမ်ားျပဳ

လုပ္ေပးေနၿပီး ယေန႔( ေအာက္တိုဘာလ ၂ဝရက္) နံနက္ပိုင္းတြင္လည္း အလုပ္သမား ၂ဝဝေက်ာ္၏ ဓာတ္ခြဲနမူမ်ားကို က်န္းမာေရးဝန္

ထမ္းမ်ားမွ လာေရာက္ယူခဲ့ေၾကာင္း သိရသည္။

”လက္ရွိမွာ Positive (ကိုဗစ္အတည္ျပဳ လူနာ) ၃ဝဝေက်ာ္ေလာက္ရွိတယ္။ ဒီေန႔လည္း အနီးကပ္ ထိ ေတြ႕ဆက္စပ္လူေတြကို Swab

( ဓာတ္ခြဲနမူနာ) ရယူထားပါတယ္။ Positive ေတြကိုေတာ့ လက္ရွိ သက္ဆိုင္ရာ ကိုဗစ္ကုသေရး စင္တာေတြကို ပို႔ထားပါတယ္” ဟု

ဦးေဇာ္လင္းကေျပာသည္။

အဆိုပါစက္႐ုံတြင္ ပိုးေတြ႕အတည္ျပဳလူနာမ်ား ႏွင့္ ထိေတြ႕ဆက္မႈရွိ သည့္ အလုပ္သမား ၇၀၀ ခန႔္ကို ကြာရန္တင္းစင္တာမ်ားသို႔ ပို႔၍

လည္းေကာင္း ၊ စက္႐ုံအတြင္း၌ သီးျခားကန႔္သတ္၍ လည္းေကာင္း အသြားအလာကန႔္သတ္ေစာင့္ၾကပ္ထားေၾကာင္း သိရသည္။

အဆိုပါစက္႐ုံတြင္ အလုပ္သမား ၅၀၀၀ ခန႔္ရွိၿပီး ရန္ကုန္ၿမိဳ႕၌ ေရာဂါပိုးကူးစက္မႈ ေန႔စဥ္အမ်ား အျပားေတြ႕ရွိလာရခ်ိန္တြင္ စက္႐ုံဘက္မွ

အလုပ္သမားမ်ားအား စက္တင္ဘာလ ၁၃ရက္မွစ၍ အျပင္သို႔ ေပးမထြက္ေတာ့ ဘဲ စက္႐ုံအတြင္း အသြားအလားကန႔္ထားၿပီး အလုပ္

လုပ္ေစခဲ့ေၾကာင္း သိရသည္။

”စက္႐ုံက စက္တင္ဘာလ ၁၃ရက္ကစၿပီး ကြၽန္ေတာ္တို႔ အျပင္မွာေနတဲ့သူေတြ အထဲမွာေနရမယ္တဲ့။ အထဲမွာ မေနခ်င္ဘူးဆိုရင္ လစာမဲ့

ခြင့္ယူခ်င္ယူတဲ့ ။ တခ်ိဳ႕လည္း ခြင့္ယူၾကတယ္။ ကြၽန္ေတာ္တို႔က ဘယ္ေန႔ ျပန္ဖြင့္မယ္ဆိုတာ မေသခ်ာ မေရရာနဲ႔ဆိုေတာ့ စက္႐ုံထဲမွာ

သြားေနခဲ့တာေပါ့။ ေနာက္ ႏွစ္ပ တ္နီးပါးေလာက္ အလုပ္လုပ္ခဲ့ၿပီး အစိုးရကစက္႐ုံ၊ အလုပ္႐ုံေတြစက္တင္ဘာ ၂၄ရက္မွာပိတ္ဖို႔ ေျပာ လာ

ေတာ့ စက္႐ုံက ပိတ္ခဲ့တာ။ အလုပ္သမားေတြက စက္႐ုံထဲမွာပဲ ေနၾကရတာေပါ့ေနာ္။ ပထမဆုံး ပိုးေတြ႕တဲ့တစ္ေယာက္က အထဲမွာက

တည္းက ဖ်ားေနၿပီးေတာ့ သူ႔ကို သပ္သပ္ခြဲထားတာေပါ့။ ေနာက္ ေတာ့ အနံ႔ေပ်ာက္သြားေတာ့ သူ႔ကို ပို႔လိုက္တာ ၂၈ရက္မွာ ပို႔ေတြ႕

ေၾကာင္း ေၾကညာတာေပါ့။ ေနာက္ ေန႔မွာ စဖိုေဆာင္က ဝယ္ေတာ္တစ္ေယာက္က အနံ႔ေပ်ာက္သြားတယ္။ ေနာက္ ပိုးေတြ႕တဲ့ လူနာရဲ႕

အခန္းေဖာ္ ၉ေယာက္ကိုေရာ ေခၚသြားတယ္။ သူတို႔အထဲမွာလည္း ပိုးေတြ႕တာထပ္ေၾကညာလာေတာ့ ကြၽန္ေတာ္တို႔လည္း မေနရဲဘူး

ထြက္ေျပးလာတာ။ ကြၽန္ေတာ္တို႔က ရန္ကုန္ထဲက လူေတြဆိုေတာ့ ေျပးလို႔ လြယ္တယ္။ နယ္လူေတြက်ေတာ့ က်န္ခဲ့တာေပါ့ ” ဟု

အဆိုပါစက္႐ုံမွ စက္ျပင္ Leader ကိုမင္းမင္းထြန္းက ေျပာသည္။

အလုပ္သမား ေထာင္ခ်ီရွိသည့္ ထိုစက္႐ုံတြင္ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီးေနာက္ တစ္ေန႔တစ္ျခား ပိုးေတြ လူနာ မ်ားလာခဲ့ေသာေၾကာင့္ အ

လုပ္သမားမ်ားမွာ စက္႐ုံအတြင္း ဆက္မေနရဲေတာ့ဘဲ ရန္ကုန္မွ အလုပ္သမားမ်ားအပါအဝင္ တခ်ိဳ႕နယ္မွ အလုပ္သမားမ်ားပင္ နယ္မ်ားကို

ျပန္ေျပးမႈ မ်ားရွိသျဖင့္ လက္ရွိတြင္ စက္႐ုံအတြင္း၌ အလုပ္သမား ၂ဝဝဝခန႔္သာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

လက္ရွိတြင္ စက္႐ုံအတြင္းရွိ က်န္အလုပ္သမားမ်ားကို ကိုဗစ္စစ္ေဆးမႈမ်ား အသုတ္လိုက္ လာ ေရာက္လုပ္ေပးေနၿပီး အျပင္ရွိ အလုပ္

သမားမ်ားကိုလည္း ကိုဗစ္ ကိုဗစ္စစ္ေဆးမႈမ်ားကို ျပဳလုပ္၍ စက္႐ုံျပန္ဖြင့္ႏိုင္ ေတာင္းဆိုထားေၾကာင္း အလုပ္သမားမ်ား ထံမွ သိရသည္။

credit;

Unicode

မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical မှန်ဘီလူးစက်ရုံတွင် အလုပ်သမား ၃၀၀ ကျော် ကိုဗစ် ရောပိုး ကူးစက်ခံထား

ရကြောင်း နှင့် လက်ရှိတွင် စက်ရုံရှိကျန်အလုပ်သမားများအား ဓာတ်ခွဲနမူနာများ ရယူ၍ ကိုဗစ်ရှိ မရှိ အသုတ်လိုက်

စစ်ဆေးမှုပြုလုပ်ပေးနေကြောင်း မင်္ဂလာဒုံမြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက ပြောသည်။

စက်ရုံအတွင်းရှိ ပိုးတွေ့အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်သူများ နှင့် သံသယလူနာများအား ဦးစားပေးစစ်ဆေးမှု

များပြုလုပ်ပေးနေပြီး ယနေ့( အောက်တိုဘာလ ၂ဝရက်) နံနက်ပိုင်းတွင်လည်း အလုပ်သမား ၂ဝဝကျော်၏ ဓာတ်ခွဲနမူများကို

ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ယူခဲ့ကြောင်း သိရသည်။

”လက်ရှိမှာ Positive (ကိုဗစ်အတည်ပြု လူနာ) ၃ဝဝကျော်လောက်ရှိတယ်။ ဒီနေ့လည်း အနီးကပ် ထိ တွေ့ဆက်စပ်လူတွေကို

Swab ( ဓာတ်ခွဲနမူနာ) ရယူထားပါတယ်။ Positive တွေကိုတော့ လက်ရှိ သက်ဆိုင်ရာ ကိုဗစ်ကုသရေး စင်တာတွေကို ပို့ထားပါ

တယ်” ဟု ဦးဇော်လင်းကပြောသည်။

အဆိုပါစက်ရုံတွင် ပိုးတွေ့အတည်ပြုလူနာများ နှင့် ထိတွေ့ဆက်မှုရှိ သည့် အလုပ်သမား ၇၀၀ ခန့်ကို ကွာရန်တင်းစင်တာများသို့

ပို့၍ လည်းကောင်း ၊ စက်ရုံအတွင်း၌ သီးခြားကန့်သတ်၍ လည်းကောင်း အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား ၅၀၀၀ ခန့်ရှိပြီး ရန်ကုန်မြို့၌ ရောဂါပိုးကူးစက်မှု နေ့စဉ်အများ အပြားတွေ့ရှိလာရချိန်တွင် စက်ရုံ

ဘက်မှ အလုပ်သမားများအား စက်တင်ဘာလ ၁၃ရက်မှစ၍ အပြင်သို့ ပေးမထွက်တော့ ဘဲ စက်ရုံအတွင်း အသွားအလားကန့်ထားပြီး

အလုပ်လုပ်စေခဲ့ကြောင်း သိရသည်။

”စက်ရုံက စက်တင်ဘာလ ၁၃ရက်ကစပြီး ကျွန်တော်တို့ အပြင်မှာနေတဲ့သူတွေ အထဲမှာနေရမယ်တဲ့။ အထဲမှာ မနေချင်ဘူးဆိုရင်

လစာမဲ့ ခွင့်ယူချင်ယူတဲ့ ။ တချို့လည်း ခွင့်ယူကြတယ်။ ကျွန်တော်တို့က ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာ မသေချာ မရေရာနဲ့ဆိုတော့

စက်ရုံထဲမှာ သွားနေခဲ့တာပေါ့။ နောက် နှစ်ပ တ်နီးပါးလောက် အလုပ်လုပ်ခဲ့ပြီး အစိုးရကစက်ရုံ၊ အလုပ်ရုံတွေစက်တင်ဘာ ၂၄ရက်

မှာပိတ်ဖို့ ပြော လာ တော့ စက်ရုံက ပိတ်ခဲ့တာ။ အလုပ်သမားတွေက စက်ရုံထဲမှာပဲ နေကြရတာပေါ့နော်။ ပထမဆုံး ပိုးတွေ့တဲ့တစ်

ယောက်က အထဲမှာကတည်းက ဖျားနေပြီးတော့ သူ့ကို သပ်သပ်ခွဲထားတာပေါ့။ နောက် တော့ အနံ့ပျောက်သွားတော့ သူ့ကို ပို့လိုက်

တာ ၂၈ရက်မှာ ပို့တွေ့ကြောင်း ကြေညာတာပေါ့။ နောက် နေ့မှာ စဖိုဆောင်က ဝယ်တော်တစ်ယောက်က အနံ့ပျောက်သွားတယ်။

နောက် ပိုးတွေ့တဲ့ လူနာရဲ့ အခန်းဖော် ၉ယောက်ကိုရော ခေါ်သွားတယ်။ သူတို့အထဲမှာလည်း ပိုးတွေ့တာထပ်ကြေညာလာတော့

ကျွန်တော်တို့လည်း မနေရဲဘူး ထွက်ပြေးလာတာ။ ကျွန်တော်တို့က ရန်ကုန်ထဲက လူတွေဆိုတော့ ပြေးလို့ လွယ်တယ်။ နယ်လူတွေကျ

တော့ ကျန်ခဲ့တာပေါ့ ” ဟု အဆိုပါစက်ရုံမှ စက်ပြင် Leader ကိုမင်းမင်းထွန်းက ပြောသည်။

အလုပ်သမား ထောင်ချီရှိသည့် ထိုစက်ရုံတွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် တစ်နေ့တစ်ခြား ပိုးတွေ လူနာ များလာခဲ့

သောကြောင့် အလုပ်သမားများမှာ စက်ရုံအတွင်း ဆက်မနေရဲတော့ဘဲ ရန်ကုန်မှ အလုပ်သမားများအပါအဝင် တချို့နယ်မှ

အလုပ်သမားများပင် နယ်များကို ပြန်ပြေးမှု များရှိသဖြင့် လက်ရှိတွင် စက်ရုံအတွင်း၌ အလုပ်သမား ၂ဝဝဝခန့်သာ ကျန်ရှိ

တော့ကြောင်း သိရသည်။

လက်ရှိတွင် စက်ရုံအတွင်းရှိ ကျန်အလုပ်သမားများကို ကိုဗစ်စစ်ဆေးမှုများ အသုတ်လိုက် လာ ရောက်လုပ်ပေးနေပြီး အပြင်

ရှိ အလုပ်သမားများကိုလည်း ကိုဗစ် ကိုဗစ်စစ်ဆေးမှုများကို ပြုလုပ်၍ စက်ရုံပြန်ဖွင့်နိုင် တောင်းဆိုထားကြောင်း အလုပ်သမားများ

ထံမှ သိရသည်။

credit;