ဆယ်လီသတင်း
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ဦးကျော်သူနဲ့ ထွန်းကိုကို
အောက်တိုဘာ ၂၅ ၊ ၂၀၂၀ ။
ကြောင်း သိရပါတယ်။
သာယာလျက် ရှိပါသည်”
Kyaw Thu’s Facebook
credit;
Unicode
ဦးကျော်သူနဲ့ ထွန်းကိုကို နှစ်ဦးစလုံး နေကောင်း ကျန်းမာလျက်ရှိ
အောက်တိုဘာ ၂၅ ၊ ၂၀၂၀ ။
COVID-19 ရောဂါကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ တက်ရောက်နေရတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)
ဥက္ကဋ္ဌ ဦးကျော်သူနဲ့ သရုပ်ဆောင် ထွန်းကိုကိုတို့ဟာ ကျန်းမာရေး စစ်ဆေးမှုများ နေ့စဉ်ပုံမှန် ခံယူလျက်ရှိပြီး နှစ်ဦးစလုံး နေ
ကောင်း ကျန်းမာကြောင်း သိရပါတယ်။
ဦးကျော်သူကတော့ ညစဉ် မေတ္တာပို့၊ အမျှပေးဝေမှုများ ပြုလုပ်နေပြီး အပြန်အလှန် မေတ္တာပို့၊ အမျှဝေခြင်းအားဖြင့် သူ့
အတွက် ကုထုံးသစ်အောင်မြင်ခဲ့ရပြီလို့ ဆိုပါတယ်။
“ယမန်နေ့ညက မေတ္တာများ လိုအပ်ပါသည်။ ကျနော်တို့ဘက်ကလည်း ကောင်းမှု အစုစုကို အမျှပေးဝေပါမည်။ အပြန်အလှန်
မေတ္တာပို့ အမျှဝေခြင်းဖြင့် ကျနော့်အတွက် ကုထုံးသစ် အောင်မြင်ခဲ့ရပါပြီ။ ယနေ့ နံနက်တွင် ထွန်းကိုကိုကော၊ ကျနော်ပါ
ကျန်းမာရေး အခြေအနေ သာယာလျက် ရှိပါသည်”
“ညလုံးပေါက် မေတ္တာများ၊ ကုသိုလ်တော်များ မျှဝေပေးကြသည့် ဓမ္မမိတ်ဆွေ သူတော်ကောင်းများ၊မိတ်ဆွေ သူငယ်ချင်း၊
သားသမီးများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ သက်ရှည်ကျန်းမာချမ်းသာ သောကကင်းဝေး ငြိမ်းချမ်းသာယာ ဝပြောကြပါ
စေ။ ဆက်လက်၍ အပြန်အလှန်၊ အသွားအပြန် မေတ္တာများ မျှဝေကြပါစို့ ခင်ဗျာ”လို့ ကျော်သူက ဆိုပါတယ်။
ကုသပေးတဲ့ ဆရာဝန်၊ ဆရာဝန်မကြီးများကလည်း ဆေး၊ ကုထုံး၊ အကြင်နာ၊ စေတနာ ၊မေတ္တာ၊ ကိုယ်ချင်းစာနာစိတ်တို့
အပြင်”Fighting U Kyaw Thu” ၊ “Fighting Tun Ko Ko” ဟူ၍ သူတို့၏ PPE အကာအကွယ် ဝတ်စုံ ကျောဘက်မှာ ရေးသား
ကာ ကုသပေးခြင်းဟာလည်း လူနာများအတွက် အထူးခံနိုင်ရည် အင်အားဖြစ်စေတယ်လို့ ကျော်သူက ဆိုပါတယ်။
Kyaw Thu’s Facebook
credit;