Corona Virus

သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဧရာဝတီစင္တာ C ကိုဗစ္အထူးၾကပ္မတ္ ကုသေဆာင္မ်ားတြင္ အေရးေပၚလူနာ ၁၀၀ ေက်ာ္ကို ကုသေပးေန

သုဝဏၰေဘာလုံးကြင္း ကိုဗစ္အထူးၾကပ္မတ္ကုသေဆာင္မ်ားတြင္ အေရးေပၚလူနာ ၁၀၀ေက်ာ္ကို ကုသေပးေန
======================================

ရန္ကုန္တိုင္းေဒသႀကီး ၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဧရာဝတီစင္တာ C ကိုဗစ္အထူးၾကပ္မတ္ ကုသေဆာင္မ်ားတြင္ အေရးေပၚလူနာ ၁၀၀

ေက်ာ္ကို ဆရာဝန္၊ သူနာျပဳမ်ား ႏွင့္ ေစတနာ့ဝန္ထမ္း ၂၅၀ေက်ာ္တို႔ ကအနီးကပ္ ၾကပ္မတ္ကုသမႈမ်ားကို ေပးလွ်က္ရွိေနေၾကာင္း က်န္း

မာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

ႏိုင္ငံတကာေဘာလုံးပြဲမ်ား လက္ခံက်င္းပရာ သုဝဏၰေဘာလုံးကြင္း Promotion Area အတြင္း၌ ယာယီအေဆာက္အအုံးမ်ားေဆာက္၍

ကိုဗစ္ကုသေရးစင္တာအျဖစ္ ဖြင့္လွစ္ထားသည့္ ဧရာဝတီစင္တာC အထူးၾကပ္မတ္ကုသေဆာင္၌ အေရးပၚလူနာမ်ားကို ေအာက္တိုဘာလ

ဒုတိယအပတ္မွစ၍ ကုသမႈမ်ား ေပးေနျခင္းျဖစ္သည္။

“ကိုဗစ္ကူးစက္ခံရတဲ့ လူတိုင္းက ကုသမႈမလိုပါဘူး။ ၁၀၀ မွာ ၈၀ ေလာက္က ဘာမွလုပ္ေပးစရာ မလိုပါဘူး။ ၁၅ ရာခိုင္ႏႈန္းက ေအာက္

ဆီဂ်င္လိုတဲ့ အဆင့္ျဖစ္ၿပီး က်န္ ၅ရာခိုင္ႏႈန္းေသာ လူေတြက အသက္ရႉ စက္ေတြ လိုအပ္တဲ့ အေျခအေနျဖစ္ပါတယ္။ သူတို႔ကို အထူး

ၾကပ္မတ္ေဆာင္ေတြမွာ ႀကိဳးစားၿပီး ကယ္ဆယ္ကုသေပးေနပါတယ္”ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

ကိုဗစ္အေရးေပၚလူနာမ်ားအား အထူးၾကပ္မတ္ကုသမႈမ်ား ေပးႏိုင္ရန္ အစိုးရေဆး႐ုံမ်ား၌တိုးခ်ဲ႕ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရွိႏိုင္ၿပီးသည့္အျပင္

ကိုဗစ္ကုသေရး စင္တာမ်ား၌လည္း အထူးၾကပ္မတ္ေဆာင္မ်ားကို တိုးခ်ဲ႕ျပင္ဆင္ေဆာင္႐ြက္ထားခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ဧရာဝတီစင္တာအေနျဖင့္ အထူးၾကပ္မတ္ကုသေဆာင္ ICU/HDU ကုတင္ ၇၅ ကုတင္ဆံ့ကို ဦးစြာ တည္ေဆာက္ခဲ့ၿပီး ေနာက္

ထပ္ ICU/HDU ကုတင္ ၅၀ ဆံ့ အထူးၾကပ္မတ္ကုသေဆာင္ကို ထပ္မံတိုးခ်ဲ႕ျပင္ဆင္ထားသျဖင့္ ယခုအခါ ICU/HDU လူနာ (၁၂၅)ဦး

အထိ တိုးျမႇင့္လက္ခံ ကုသေပးႏိုင္ၿပီ ျဖစ္သည္။

အဆိုပါ ဧရာဝတီစင္တာ အထူးၾကပ္မတ္ကုသေဆာင္ ICU/HDU စင္တာမ်ားတြင္ ပါေမာကၡေဒါက္တာျမစိုး ဦးေဆာင္ေသာ ဆရာဝန္၊ သူနာ

ျပဳ၊ ေစတနာ့ဝန္ထမ္း (၂၅၀)ေက်ာ္က လူနာမ်ားကို အနီးကပ္ၾကပ္မတ္ ကုသေပးလ်က္ရွိေနေၾကာင္းသိရသည္။

credit;

Unicode

သုဝဏ္ဏဘောလုံးကွင်း ကိုဗစ်အထူးကြပ်မတ်ကုသဆောင်များတွင် အရေးပေါ်လူနာ ၁၀၀ကျော်ကို ကုသပေးနေ
======================================

ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဧရာဝတီစင်တာ C ကိုဗစ်အထူးကြပ်မတ် ကုသဆောင်များတွင် အရေးပေါ်လူနာ

၁၀၀ကျော်ကို ဆရာဝန်၊ သူနာပြုများ နှင့် စေတနာ့ဝန်ထမ်း ၂၅၀ကျော်တို့ ကအနီးကပ် ကြပ်မတ်ကုသမှုများကို ပေးလျှက်ရှိနေ

ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက

ပြောသည်။

နိုင်ငံတကာဘောလုံးပွဲများ လက်ခံကျင်းပရာ သုဝဏ္ဏဘောလုံးကွင်း Promotion Area အတွင်း၌ ယာယီအဆောက်အအုံးများ

ဆောက်၍ ကိုဗစ်ကုသရေးစင်တာအဖြစ် ဖွင့်လှစ်ထားသည့် ဧရာဝတီစင်တာC အထူးကြပ်မတ်ကုသဆောင်၌ အရေးပါ်လူနာများကို

အောက်တိုဘာလ ဒုတိယအပတ်မှစ၍ ကုသမှုများ ပေးနေခြင်းဖြစ်သည်။

“ကိုဗစ်ကူးစက်ခံရတဲ့ လူတိုင်းက ကုသမှုမလိုပါဘူး။ ၁၀၀ မှာ ၈၀ လောက်က ဘာမှလုပ်ပေးစရာ မလိုပါဘူး။ ၁၅ ရာခိုင်နှုန်းက

အောက်ဆီဂျင်လိုတဲ့ အဆင့်ဖြစ်ပြီး ကျန် ၅ရာခိုင်နှုန်းသော လူတွေက အသက်ရှူ စက်တွေ လိုအပ်တဲ့ အခြေအနေဖြစ်ပါတယ်။ သူ

တို့ကို အထူးကြပ်မတ်ဆောင်တွေမှာ ကြိုးစားပြီး ကယ်ဆယ်ကုသပေးနေပါတယ်”ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ကိုဗစ်အရေးပေါ်လူနာများအား အထူးကြပ်မတ်ကုသမှုများ ပေးနိုင်ရန် အစိုးရဆေးရုံများ၌တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ထားရှိနိုင်ပြီး

သည့်အပြင် ကိုဗစ်ကုသရေး စင်တာများ၌လည်း အထူးကြပ်မတ်ဆောင်များကို တိုးချဲ့ပြင်ဆင်ဆောင်ရွက်ထားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ဧရာဝတီစင်တာအနေဖြင့် အထူးကြပ်မတ်ကုသဆောင် ICU/HDU ကုတင် ၇၅ ကုတင်ဆံ့ကို ဦးစွာ တည်ဆောက်ခဲ့ပြီး

နောက်ထပ် ICU/HDU ကုတင် ၅၀ ဆံ့ အထူးကြပ်မတ်ကုသဆောင်ကို ထပ်မံတိုးချဲ့ပြင်ဆင်ထားသဖြင့် ယခုအခါ ICU/HDU လူနာ

(၁၂၅)ဦးအထိ တိုးမြှင့်လက်ခံ ကုသပေးနိုင်ပြီ ဖြစ်သည်။

အဆိုပါ ဧရာဝတီစင်တာ အထူးကြပ်မတ်ကုသဆောင် ICU/HDU စင်တာများတွင် ပါမောက္ခဒေါက်တာမြစိုး ဦးဆောင်သော ဆရာဝန်၊

သူနာပြု၊ စေတနာ့ဝန်ထမ်း (၂၅၀)ကျော်က လူနာများကို အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိနေကြောင်းသိရသည်။

credit;