ပြည်တွင်းသတင်း


———————————–

အောက်တိုဘာ ၂၈













creedit;

Unicode

ကိုဗစ်အလွန်ကာလအတွင်း အမေရိကန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည်
———————————–

အောက်တိုဘာ ၂၈

ကိုဗစ်အလွန်ကာလအတွင်း အမေရိကန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဖြစ် ကြောင်း အမေရိကန်

နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား က ပြောကြားခဲ့

ကြောင်းသိရပါတယ်။

အဆိုပါ ဒီအက်ဖ်စီသည် အမေရိကန်အစိုးရကချမှတ်ခဲ့သည့် Better Utilization of Investments Leading to

Development Act (BUILD) အရ၂၀၁၉ခုနှစ်တွင်တည်ထောင်ခဲ့သည့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံ

များက စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာကဏ္ဍ များတွင်ရင်ဆိုင်နေရသည့် စိန်ခေါ်မှု

များကိုကူညီဖြေရှင်းနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကိုဗစ်အလွန်ကာလများတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ် ရေး

ကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍ များတွင် အမေရိ ကန်ပြည် ထောင်စုအနေဖြင့်ပူးပေါင်းဆောင်ရွက်

ရန် အလားအလာများကို ဆွေးနွေး ပြီး အမေရိ ကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး

အတွက် လိုအပ်သော နည်းပညာအကူအညီများကို ဆက်လက်အထောက်အပံ့ပေးလို ကြောင်းလည်း ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား

ဦးဆောင်သော အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်

ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

credit;