ျပည္တြင္းသတင္း

အရွင္လတ္လတ္ ငရဲခံစားေနရေသာ သနားစဖြယ္ ကေလးမေလး

အေဖကဆိုက္ကားဆရာ ခုေတာ့အသက္ႀကီးလို႔မနင္းႏိုင္ေတာ့ဘူး။အေမကလည္း ကေလးေမြး ထမင္းခ်က္ ဒီအဆင့္။ ဆင္းရဲသားေတြပီပီ

စားအိုးကႀကီး ေမြးထားတာက(၉)ေယာက္ေတာင္။ တစ္ေယာက္မွ ရွစ္တန္းမေရာက္။ နည္းနည္းႀကီးေက်ာင္းထြက္။အလုပ္သမားျဖစ္။

ေနတာက စက္႐ုံအလုပ္သမားတန္းလ်ား။ အမေတြ စက္႐ုံမွာလုပ္သူလုပ္ အျပင္ထြက္အလုပ္ လုပ္သူလုပ္ဆိုေတာ့ စားဖို႔ကေျပလည္တယ္ မ

ဆိုးဘူးေပါ့။

ကံၾကမၼာဖန္လာေတာ့ ကေလးက အ႐ိုးကင္ဆာျဖစ္၊ေဆး႐ုံတက္ကု ေငြမရွိေတာ့ ၂၀ က်ပ္တိုးနဲ႔ဆြဲ။

အတိုးဆပ္ရင္းနဲ႔ ေခတ္သစ္ကြၽန္လုံးလုံးျဖစ္။ဒီၾကားထဲ ကိုဗစ္ကျဖစ္ စက္႐ုံကပိတ္။အတိုးအရင္း မေျပာနဲ႔ ထမင္းခ်မ္းခဲကိုငပိနဲ႔စားရဖို႔အႏိုင္ႏိုင္

ျဖစ္။ ဒီၾကားထဲ ေပါင္ျဖတ္ထားရတဲ့သမီးေလးကနာက်င္မႈဒါဏ္မခံစားႏိုင္ေတာ့ ေျမာက္ဥကၠလာပေဆး႐ုံကို အေရးေပၚတင္ၿပီး ကုသမႈလုပ္

ေပါ့ေလ။ေပါင္ျဖတ္ထားတဲ့ အ႐ိုးကင္ဆာသည္ သမီးေလးကိုေဆး႐ုံတင္သြားေတာ့ လက္ထဲေငြ(၂)ေသာင္းက်ပ္ပါသြားတယ္တဲ့။

က်ေနာ္နဲ႔ သစ္သီးဆိုင္မွာ အေၾကာင္းဖန္လို႔ဆုံမိတာက လက္ထဲမွာ ေငြ(၁၈၀၀)ပဲက်န္ေတာ့လို႔ သူ႔နဲ႔တစ္ခ်ိန္က အလုပ္တူတူတြဲလုပ္ဖူးတဲ့

မိတ္ေဆြျဖစ္တဲ့သစ္သီးဆိုင္ပိုင္ရွင္ဆီမွာ အကူညီလာေတာင္းတဲ့အခ်ိန္ က်ေနာ္ကသစ္သီးဝယ္ရင္းနဲ႔ဆုံမိၾကတာ။သစ္သီးဆိုင္ပိုင္ရွင္ေဒၚစိန္က

က်ေနာ္သနားတက္မွန္း ကူညီေပးတက္မွန္းသိေတာ့ က်ေနာ့ကိုဇာတ္စုံခင္းျပ။

က်ေနာ္က သစ္သီးဆိုင္ပိုင္ရွင္ကို က်ေနာ္တို႔ျမတ္စြာဘုရားရွင္ေဟာၾကားခဲ့တာ မရွိဆင္းရဲသားကို ေပးကမ္းစြန႔္ႀကဲ လႉဒါန္းရျခင္းဟာ

မဂၤလာမည္၏လို႔ေဟာခဲ့တယ္ေဒၚစိန္လႉပါ ေျပာတာနဲ႔ သစ္သီးသည္ဆိုင္ရွင္လည္း ေငြ(၁)သိန္းက်ပ္ကိုလႉဒါန္း။

တကယ္ေတာ့ ေဒၚစိန္ဝတ္ထားတဲ့အက်ႌဟာ ၃ေထာင္တန္ထက္မပိုဘူးဆိုတာ က်ေနာ္ေကာင္းေကာင္းသိပါတယ္။ကပ္ေစးနဲတယ္ေလ။က်ေနာ္

လည္းတက္ႏိုင္သေလာက္ကူညီေပးမယ္ေျပာၿပီး သူ႔သမီးအလတ္မ(အသီးဆိုင္က အကူေဈးသည္) ဆီကဖုန္းနံပါတ္ေတာင္း

က်ေနာ့ဖုန္းနံပါတ္ေပး အေရးႀကီးရင္ငါ့ဆီဆက္ပါမွာထားခဲ့တယ္။

ဒါနဲ႔ပဲ က်ေနာ္လည္း အပူေတြမ်ားေတာ့ဒီကေလးကိစၥေမ့ေနတာ။ ဟိုတစ္ေန႔က အသီးဆိုင္ေရာက္ေတာ့ ကေလးမေဆး႐ုံကျပန္ဆင္းလာၿပီ။

ဆရာဝန္ေတြ ျပန္လႊတ္လိုက္တယ္တဲ့။ဆရာဝန္ေတြလည္းသူ႔ကိုသနားလို႔ ကူညီေပးၾကတယ္ေျပာပါတယ္။ က်ေနာ္ေဆးပညာနားမလည္ေပမဲ့

ဒီကင္ဆာဆိုတာက ျပန္ေကာင္းစရာ အေၾကာင္းမရွိပါ။

အေႏွးလားအျမန္လား ေငြေၾကးနဲ႔ ကုသမႈအေပၚမွာပဲမူတည္ၿပီးအသက္ကေလး နည္းနည္းဆြဲဆန႔္လို႔ရတယ္ဆို႐ုံေလာက္ပဲလို႔နားလည္ထားၿပီး

သားပါ။ဒီလိုစားစရာေတာင္မရွိတဲ့လူတန္းစားအတြက္ေတာ့ေသမင္းႏွင့္ ပိုၿပီး နီးသထက္နီးလာေနၿပီဆိုတာေတာ့စိတ္မေကာင္းစြာနဲ႔ပဲ လက္ခံ႐ုံ

မွအပ ဘာကူညီေပးႏိုင္မလဲဆိုတာေလာက္ပဲ စဥ္းစားေပးလို႔ရပါတယ္။

အခုသူ႔အစ္မက Viber ကေနသူ႔ပုံေလးေတြပို႔ၿပီးက်ေနာ့ဆီအရဲစြန႔္ အကူညီေတာင္းလာပါတယ္။ကေလးမက အသက္ရႉမဝလို႔ ရပ္ကြက္

အကူအညီနဲ႔ေအာက္ဆီဂ်င္ေပးထားရပါတယ္။မနက္ျဖန္ေဆး႐ုံတင္ရပါမယ္ဆိုၿပီးေျပာလာတယ္။ပိုက္ဆံဘယ္ေလာက္ရွိလဲ ညီမေလးဆိုၿပီးက်ေ

နာ္ေမးေတာ့ ေဒၚစိန္လႉထားတဲ့ (၁)သိန္းက်ပ္ထဲကႏွစ္ေသာင္းေက်ာ္က်န္ပါေသးတယ္ အဲဒါနဲ႔ပဲေဆး႐ုံတင္မွာပါတဲ့ဗ်ာ။

စဥ္းစားသာၾကည့္ၾကပါေတာ့ဗ်ာ။ သူ႔အေမ သူ႔အမသူ႔အေဖေတြရဲ႕ ပူပင္ေသာကကိုမေျပာနဲ႔ က်ေနာ္အျပင္မွာ မျမင္ဖူး မေတြ႕ဖူး တစ္ခါမွမသိ

တဲ့လူတစ္ေယာက္ရဲ႕ရင္ထဲမွာေတာင္ အပူမီးကူးစက္ခံရပါတယ္။အမွန္တိုင္းေျပာရရင္ ဒီကေလးမဟာ ေလာကႀကီးကေန လပိုင္းအတြင္း

ထြက္ခြါသြားရမဲ့အေျခအေနလို႔ က်ေနာ္သုံးသပ္ ခံစားရပါတယ္။

သူရွင္သန္ေနတုန္းမွာ ေဝဒနာသက္သာေအာင္နဲ႔သူစားခ်င္တာေလးေတြ စားလို႔ရေအာင္အတြက္ပဲ က်ေနာ္တို႔ကူညီေပးႏိုင္မွာပါ။သူ႔နာမည္က

ဝသန္တဲ့။ အသက္က ၁၃ႏွစ္ေက်ာင္းပညာက(၆)တန္း။ ေျချဖတ္ထားတာေတာင္ဇြဲမေလ်ာ့ပဲ ဝွီးခ်ဲနဲ႔ စာေမးပြဲသြားေျဖေသးတယ္လို႔ေျပာပါ

တယ္။ သူကပညာတအားတက္ခ်င္တာတဲ့ဗ်ာ။

က်ေနာ္ေတြးမိတယ္ လူျဖစ္ရတဲ့ဒုကၡဟာ တယ္မလြယ္ပါလား။ဆိုး႐ြားတဲ့ဘဝေတြ ဆိုး႐ြားတဲ့အေျခအေနေတြ ငါ့တို႔ႏိုင္ငံမွာ ဘာေၾကာင့္

ဒီေလာက္ထိေပါမ်ားေနရတာလဲလို႔ေမးရင္ ျမန္မာျပည္မွာလူျဖစ္လာတာကိုးလို႔ပဲ ေတြးတာပဲေကာင္းမယ္ထင္ပါတယ္ဗ်ာ။ဒီ အ႐ိုးကင္ဆာေဝ

ဒနာသည္မေလး ဝသန္ဟာရန္ကုန္မွာေမြးေပမဲ့ သူ႔အေဖ အေမ အမေတြရဲ႕ဇာတိက ဧရာဝတီတိုင္း ဟသၤာတဘက္ျခမ္း ေလးမ်က္ႏွာဇာတိ

လို႔သိရပါတယ္။

က်ေနာ္ကရခိုင္စစ္စစ္ဆိုေပမဲ့ ဧရာဝတီတစ္ခြင္ၿပဲၿပဲစင္ေအာင္ ႏွစ္ေပါင္းဆယ္ခ်ီသြားလာဖူးေတာ့ ဧရာဝတီသားဆိုရင္ ကိုယ့္ေဆြကိုယ့္မ်ိဳးလို

သေဘာထားမိပါတယ္။ဒီသနားစရာ ေဝဒနာသည္ကေလးမအတြက္ က်ေနာ္(၁)သိန္းက်ပ္မတည္ၿပီးလႉပါမယ္။က်ေနာ့မိတ္ေဆြမ်ားလည္း သ

နားေသာအားျဖင့္တက္ႏိုင္သေလာက္ပါဝင္ကူညီလႉဒါန္းေပးပါရန္ဝမ္းနည္းစြာျဖင့္ က်ေနာ္အလႉခံအပ္ပါတယ္။မနက္ျဖန္ ေျမာက္ဥကၠလာပေ

ဆး႐ုံႀကီးကိုက်ေနာ္ကိုယ္တိုင္ သြားေရာက္လႉဒါန္းေပးပါမည္။

ဓာတ္ပုံေတြကို သူ႔မိသားစုခြင့္ျပဳခ်က္ျဖင့္ေဖၚျပေပးပါသည္။

credit;

Unicode

အဖေကဆိုက်ကားဆရာ ခုတော့အသက်ကြီးလို့မနင်းနိုင်တော့ဘူး။အမေကလည်း ကလေးမွေး ထမင်းချက် ဒီအဆင့်။ ဆင်းရဲသားတွေပီပီ

စားအိုးကကြီး မွေးထားတာက(၉)ယောက်တောင်။ တစ်ယောက်မှ ရှစ်တန်းမရောက်။ နည်းနည်းကြီးကျောင်းထွက်။အလုပ်သမားဖြစ်။

နေတာက စက်ရုံအလုပ်သမားတန်းလျား။ အမတွေ စက်ရုံမှာလုပ်သူလုပ် အပြင်ထွက်အလုပ် လုပ်သူလုပ်ဆိုတော့ စားဖို့ကပြေလည်

တယ် မဆိုးဘူးပေါ့။

ကံကြမ္မာဖန်လာတော့ ကလေးက အရိုးကင်ဆာဖြစ်၊ဆေးရုံတက်ကု ငွေမရှိတော့ ၂၀ ကျပ်တိုးနဲ့ဆွဲ။

အတိုးဆပ်ရင်းနဲ့ ခေတ်သစ်ကျွန်လုံးလုံးဖြစ်။ဒီကြားထဲ ကိုဗစ်ကဖြစ် စက်ရုံကပိတ်။အတိုးအရင်း မပြောနဲ့ ထမင်းချမ်းခဲကိုငပိနဲ့စားရဖို့

အနိုင်နိုင်ဖြစ်။ ဒီကြားထဲ ပေါင်ဖြတ်ထားရတဲ့သမီးလေးကနာကျင်မှုဒါဏ်မခံစားနိုင်တော့ မြောက်ဥက္ကလာပဆေးရုံကို အရေးပေါ်တင်ပြီး

ကုသမှုလုပ်ပေါ့လေ။ပေါင်ဖြတ်ထားတဲ့ အရိုးကင်ဆာသည် သမီးလေးကိုဆေးရုံတင်သွားတော့ လက်ထဲငွေ(၂)သောင်းကျပ်ပါသွားတယ်

တဲ့။

ကျနော်နဲ့ သစ်သီးဆိုင်မှာ အကြောင်းဖန်လို့ဆုံမိတာက လက်ထဲမှာ ငွေ(၁၈၀၀)ပဲကျန်တော့လို့ သူ့နဲ့တစ်ချိန်က အလုပ်တူတူတွဲလုပ်

ဖူးတဲ့မိတ်ဆွေဖြစ်တဲ့သစ်သီးဆိုင်ပိုင်ရှင်ဆီမှာ အကူညီလာတောင်းတဲ့အချိန် ကျနော်ကသစ်သီးဝယ်ရင်းနဲ့ဆုံမိကြတာ။သစ်သီးဆိုင်

ပိုင်ရှင်ဒေါ်စိန်က ကျနော်သနားတက်မှန်း ကူညီပေးတက်မှန်းသိတော့ ကျနော့ကိုဇာတ်စုံခင်းပြ။

ကျနော်က သစ်သီးဆိုင်ပိုင်ရှင်ကို ကျနော်တို့မြတ်စွာဘုရားရှင်ဟောကြားခဲ့တာ မရှိဆင်းရဲသားကို ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်းဟာ

မင်္ဂလာမည်၏လို့ဟောခဲ့တယ်ဒေါ်စိန်လှူပါ ပြောတာနဲ့ သစ်သီးသည်ဆိုင်ရှင်လည်း ငွေ(၁)သိန်းကျပ်ကိုလှူဒါန်း။

တကယ်တော့ ဒေါ်စိန်ဝတ်ထားတဲ့အကျႌဟာ ၃ထောင်တန်ထက်မပိုဘူးဆိုတာ ကျနော်ကောင်းကောင်းသိပါတယ်။ကပ်စေးနဲတယ်လေ။ကျ

နော်လည်းတက်နိုင်သလောက်ကူညီပေးမယ်ပြောပြီး သူ့သမီးအလတ်မ(အသီးဆိုင်က အကူဈေးသည်) ဆီကဖုန်းနံပါတ်တောင်း ကျနော့

ဖုန်းနံပါတ်ပေး အရေးကြီးရင်ငါ့ဆီဆက်ပါမှာထားခဲ့တယ်။

ဒါနဲ့ပဲ ကျနော်လည်း အပူတွေများတော့ဒီကလေးကိစ္စမေ့နေတာ။ ဟိုတစ်နေ့က အသီးဆိုင်ရောက်တော့ ကလေးမဆေးရုံကပြန်ဆင်းလာ

ပြီ။ ဆရာဝန်တွေ ပြန်လွှတ်လိုက်တယ်တဲ့။ဆရာဝန်တွေလည်းသူ့ကိုသနားလို့ ကူညီပေးကြတယ်ပြောပါတယ်။ ကျနော်ဆေးပညာနားမ

လည်ပေမဲ့ ဒီကင်ဆာဆိုတာက ပြန်ကောင်းစရာ အကြောင်းမရှိပါ။

အနှေးလားအမြန်လား ငွေကြေးနဲ့ ကုသမှုအပေါ်မှာပဲမူတည်ပြီးအသက်ကလေး နည်းနည်းဆွဲဆန့်လို့ရတယ်ဆိုရုံလောက်ပဲလို့နားလည်

ထားပြီးသားပါ။ဒီလိုစားစရာတောင်မရှိတဲ့လူတန်းစားအတွက်တော့သေမင်းနှင့် ပိုပြီး နီးသထက်နီးလာနေပြီဆိုတာတော့စိတ်မကောင်းစွာနဲ့

ပဲ လက်ခံရုံမှအပ ဘာကူညီပေးနိုင်မလဲဆိုတာလောက်ပဲ စဉ်းစားပေးလို့ရပါတယ်။

အခုသူ့အစ်မက Viber ကနေသူ့ပုံလေးတွေပို့ပြီးကျနော့ဆီအရဲစွန့် အကူညီတောင်းလာပါတယ်။ကလေးမက အသက်ရှူမဝလို့ ရပ်ကွက်

အကူအညီနဲ့အောက်ဆီဂျင်ပေးထားရပါတယ်။မနက်ဖြန်ဆေးရုံတင်ရပါမယ်ဆိုပြီးပြောလာတယ်။ပိုက်ဆံဘယ်လောက်ရှိလဲ ညီမလေးဆိုပြီး

ကျနော်မေးတော့ ဒေါ်စိန်လှူထားတဲ့ (၁)သိန်းကျပ်ထဲကနှစ်သောင်းကျော်ကျန်ပါသေးတယ် အဲဒါနဲ့ပဲဆေးရုံတင်မှာပါတဲ့ဗျာ။

စဉ်းစားသာကြည့်ကြပါတော့ဗျာ။ သူ့အမေ သူ့အမသူ့အဖေတွေရဲ့ ပူပင်သောကကိုမပြောနဲ့ ကျနော်အပြင်မှာ မမြင်ဖူး မတွေ့ဖူး တစ်ခါမှမ

သိတဲ့လူတစ်ယောက်ရဲ့ရင်ထဲမှာတောင် အပူမီးကူးစက်ခံရပါတယ်။အမှန်တိုင်းပြောရရင် ဒီကလေးမဟာ လောကကြီးကနေ လပိုင်း

အတွင်း ထွက်ခွါသွားရမဲ့အခြေအနေလို့ ကျနော်သုံးသပ် ခံစားရပါတယ်။

သူရှင်သန်နေတုန်းမှာ ဝေဒနာသက်သာအောင်နဲ့သူစားချင်တာလေးတွေ စားလို့ရအောင်အတွက်ပဲ ကျနော်တို့ကူညီပေးနိုင်မှာပါ။သူ့

နာမည်က ဝသန်တဲ့။ အသက်က ၁၃နှစ်ကျောင်းပညာက(၆)တန်း။ ခြေဖြတ်ထားတာတောင်ဇွဲမလျော့ပဲ ဝှီးချဲနဲ့ စာမေးပွဲသွားဖြေသေး

တယ်လို့ပြောပါတယ်။ သူကပညာတအားတက်ချင်တာတဲ့ဗျာ။

ကျနော်တွေးမိတယ် လူဖြစ်ရတဲ့ဒုက္ခဟာ တယ်မလွယ်ပါလား။ဆိုးရွားတဲ့ဘဝတွေ ဆိုးရွားတဲ့အခြေအနေတွေ ငါ့တို့နိုင်ငံမှာ ဘာကြောင့်ဒီ

လောက်ထိပေါများနေရတာလဲလို့မေးရင် မြန်မာပြည်မှာလူဖြစ်လာတာကိုးလို့ပဲ တွေးတာပဲကောင်းမယ်ထင်ပါတယ်ဗျာ။ဒီ အရိုးကင်ဆာ

ဝေဒနာသည်မလေး ဝသန်ဟာရန်ကုန်မှာမွေးပေမဲ့ သူ့အဖေ အမေ အမတွေရဲ့ဇာတိက ဧရာဝတီတိုင်း ဟင်္သာတဘက်ခြမ်း

လေးမျက်နှာဇာတိလို့သိရပါတယ်။

ကျနော်ကရခိုင်စစ်စစ်ဆိုပေမဲ့ ဧရာဝတီတစ်ခွင်ပြဲပြဲစင်အောင် နှစ်ပေါင်းဆယ်ချီသွားလာဖူးတော့ ဧရာဝတီသားဆိုရင် ကိုယ့်ဆွေကိုယ့်မျိုး

လို သဘောထားမိပါတယ်။ဒီသနားစရာ ဝေဒနာသည်ကလေးမအတွက် ကျနော်(၁)သိန်းကျပ်မတည်ပြီးလှူပါမယ်။ကျနော့မိတ်ဆွေများ

လည်း သနားသောအားဖြင့်တက်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းပေးပါရန်ဝမ်းနည်းစွာဖြင့် ကျနော်အလှူခံအပ်ပါတယ်။မနက်ဖြန်

မြောက်ဥက္ကလာပဆေးရုံကြီးကိုကျနော်ကိုယ်တိုင် သွားရောက်လှူဒါန်းပေးပါမည်။

ဓာတ်ပုံတွေကို သူ့မိသားစုခွင့်ပြုချက်ဖြင့်ဖေါ်ပြပေးပါသည်။

credit;