ျပည္တြင္းသတင္း

ေ႐ႊဘိုခ႐ိုင္ကုတင္(၂၀၀)ဆံ့ျပည္သူ႔ေဆး႐ုံႀကီးတြင္ အမႊာပူးကေလးမိခင္မွ သုံးမႊာပူးကေလးငယ္မ်ား ေအာင္ျမင္စြာေမြးဖြား

ေ႐ႊဘိုခ႐ိုင္ကုတင္(၂၀၀)ဆံ့ျပည္သူ႔ေဆး႐ုံႀကီးတြင္ အမႊာပူးကေလးမိခင္မွ သုံးမႊာပူးကေလးငယ္မ်ား ေအာင္ျမင္စြာေမြးဖြား

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္ကုတင္(၂၀၀)ဆံ့ျပည္သူ႔ေဆး႐ုံႀကီးတြင္ ယေန႔ေနလည္ (၂)နာရီေက်ာ္က အမႊာပူးကေလးမိခင္မွ သုံးမႊာ

ပူးကေလးငယ္မ်ား ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ေၾကာင္း ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေစာသက္လ်ာေအာင္ ထံမွသိရသည္။

အဆိုပါ သုံးမႊာပူးကေလးမိခင္မွာ ေ႐ႊဘိုၿမိဳ႕နယ္ ေသာင္ထြဋ္ကိုင္းေက်း႐ြာမွ အသက္(၃၆)ႏွစ္အ႐ြယ္ မျဖဴေအး ျဖစ္ၿပီ ၎ကို

ေ႐ႊဘိုခ႐ိုင္ျပည္သူ႔‌ေဆး႐ုံႀကီးမွ သားဖြားမီးယပ္အထူးကုဆရာဝန္ ေဒါက္တာျမသၪၨႏြယ္ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားက ယေန႔ေနလည္

(၂)နာရီ (၅၂)မိနစ္က ပထမ‌ကေလးငယ္ကိုလည္ေကာင္း၊ (၂)နာရီ (၅၃)မိနစ္က ဒုတိယကေလးငယ္ကိုလည္ေကာင္း၊ (၂)နာရီ(၅၃)

မိနစ္က တတိယကေလးငယ္ကို လည္ေကာင္း အသီးသီးေအာင္ျမင္စြာ ခြဲစိတ္ ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္းသိရၿပီး

ကေလးငယ္(၃)ဦးစလုံး မိန္းကေလးမ်ား ျဖစ္ေၾကာင္းႏွင့္ ကေလးမ်ား ေပါင္ခ်ိန္ျပည့္မွီၿပီး မိခင္ပါက်န္းမာလ်က္ရွိေၾကာင္း ေ႐ႊဘိုခ႐ိုင္ျပည္

သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေစာသက္လ်ာေအာင္ မွေျပာၾကားသည္။

ထိုအမ်ိဳးသမီး မျဖဴေအး သည္ ပထမအႀကိမ္မီးဖြား‌ရာမွ မိန္းကေလး တစ္ဦး၊ ဒုတိယအႀကိမ္ မီးဖြားရာမွ မိန္းကေလး အမႊာပူးႏွင့္

ယခုအႀကိမ္ မီးဖြားရာမွ မိန္းကေလး သုံးမႊာပူး ေမြးဖြားခဲ့ေၾကာင္း သိရသည္။

credit;

Unicode

ရွှေဘိုခရိုင်ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် အမွှာပူးကလေးမိခင်မှ သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နေလည် (၂)နာရီကျော်က အမွှာပူးကလေးမိခင်

မှ သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်

ထံမှသိရသည်။

အဆိုပါ သုံးမွှာပူးကလေးမိခင်မှာ ရွှေဘိုမြို့နယ် သောင်ထွဋ်ကိုင်းကျေးရွာမှ အသက်(၃၆)နှစ်အရွယ် မဖြူအေး ဖြစ်ပြီ ၎င်းကို

ရွှေဘိုခရိုင်ပြည်သူ့‌ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြသဉ္ဇနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နေ

လည် (၂)နာရီ (၅၂)မိနစ်က ပထမ‌ကလေးငယ်ကိုလည်ကောင်း၊ (၂)နာရီ (၅၃)မိနစ်က ဒုတိယကလေးငယ်ကိုလည်ကောင်း၊

(၂)နာရီ(၅၃)မိနစ်က တတိယကလေးငယ်ကို လည်ကောင်း အသီးသီးအောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကြောင်းသိရပြီး

ကလေးငယ်(၃)ဦးစလုံး မိန်းကလေးများ ဖြစ်ကြောင်းနှင့် ကလေးများ ပေါင်ချိန်ပြည့်မှီပြီး မိခင်ပါကျန်းမာလျက်ရှိကြောင်း ရွှေဘို

ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် မှပြောကြားသည်။

ထိုအမျိုးသမီး မဖြူအေး သည် ပထမအကြိမ်မီးဖွား‌ရာမှ မိန်းကလေး တစ်ဦး၊ ဒုတိယအကြိမ် မီးဖွားရာမှ မိန်းကလေး အမွှာပူးနှင့်

ယခုအကြိမ် မီးဖွားရာမှ မိန်းကလေး သုံးမွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။

credit;