နိုင်ငံတကာသတင်း
——————————-
အောက်တိုဘာ ၂၉
credit;
Unicode
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ပြင်သစ်မှာ လေးပတ်ကြာ တစ်နိုင်ငံလုံး Lock down အစီအမံသစ် ချမှတ်
——————————-
အောက်တိုဘာ ၂၉
ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အပြင်းအထန် တိုက်ဖျက်ရေးအတွက် ကြာသပတေးနေ့ သန်းခေါင်ယံကစပြီး တစ်လ
ကြာ တစ်နိုင်ငံလုံး Lockdown အစီအမံသစ် ချမှတ်မယ်လို့ သမ္မတ မက်ခရွန်က ကြေညာသွားပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရုပ်သံမိန့်ခွန်းမှာ သမ္မတ မက်ခရွန်က ကိုဗစ် ၁၉ တိုက်ဖျက်ဖို့အတွက် စုပေါင်း အားထုတ်မှု တစ်ခု
လုပ်ရမယ်လို့ တောင်းဆိုခဲ့ပြီး ဗိုင်းရပ်စ် ထိန်းချုပ်ဖို့မကြာသေးခင်က ကြိုးပမ်းမှုတွေဟာ အသုံးဝင်ပေမယ့် မလုံလောက်သေးဘူးလို့
ပြောပါတယ်။
“ခက်ခဲတဲ့ အစီအမံတွေ ချမှတ်ရမယ်” ဗိုင်းရပ်စ်နဲ့အတူ နေထိုင်ရဖို့ ရှိနေတယ်လို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ဖူးတယ်။
ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ပြီးပြီ။ ငါတို့ဗျူဟာနဲ့ သတင်းအချက်အလက်တွေ ကောင်းကောင်းရတယ်လို့ ယူဆတယ်။ ဒါပေမဲ့ ဥ
ရောပအိမ်နီးချင်းနိုင်ငံတွေလိုပဲ ဗိုင်းရပ်စ်ပျံ့နှံ့မှု မြန်ဆန်နေတာကိုလည်း ဝန်ခံရမယ်။ ခုလို ဗိုင်းရပ်စ် ပျံ့နှံ့မှု အရမ်းမြန်ဆန်
လွန်းတာကြောင့် ဥရောပတစ်ခွင်လုံး အံ့အားသင့်နေရတယ်”လို့ မက်ခရွန်က ပြောကြားသွားပါတယ်.
ဒုတိယလှိုင်းဟာ အရင်ကထက်ပိုပြီး ခက်ခဲနေပြီး လူသေဆုံးမှုတွေ အများဆုံး ဖြစ်သွားနိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။
credit;