Corona Virus










ခဲ့ကြောင်းသိရသည်။


credit;

Unicode

ဘားအံမြို့သရက်တောကျောင်းတိုက်တွင် သံဃာတော် ၄၈ပါး COVID-19 ရောဂါဖြစ်

ကရင်ပြည်နယ်၊ဘားအံမြို့သရက်တောကျောင်းတိုက်ရှိသံဃာတော် ၄၈ပါးတွင် ကိုဗစ်ရောဂါ တွေ့ရှိရကြောင်း မာဃလူမှုကူညီရေး

အသင်း(သံလွင်အနောက်)မှတာဝန်ရှိသူတစ်ဦးကပြည်မြန်မာကိုပြောသည်။

“ခုပိုးတွေ့သံဃာစုစုပေါင်းက ၄၈ပါးရှိပါတယ်၊စဖြစ်တာက အဲဒီသရက်တောကျောင်း တိုက် က သံဃာတော် လေးပါး၊နာမကျန်းဖြစ်လို့

ဆေးရုံပို့ပြီဆေးစစ်ရာကနေပိုးစတွေတာပါ၊အဲဒါနဲ့ကရင်ပြည်နယ်ကျန်းမာရေးဌာနကကျောင်းတိုက်တစ်တိုက်လုံးကို ညတွင်းချင်း Swabယူပြီး

စစ်ဆေးလိုက်တော့ ၂၂ပါးတွေ့တယ်၊မနေ့က မနက် က၂၂ပါးထပ်တွေ့တယ်၊အားလုံးဆိုရင်တော့၄၈ပါး၊ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားတာ

ပါ”ဟုအဆိုပါတာဝန်ရှိသူကပြောသည်။

ကိုဗစ်ရောဂါကူးစက်ခံရသည့်သံဃာတော်များအားဘားအံပြည်သူ့ဆေးရုံကြီးနှင့်ဘားအံတိုင်းရင်းဆေးရုံ သို့ ဆေးကုသမှုခံယူရန်

ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)

credit;