ျပည္တြင္းသတင္း

ဖားကန႔္ၿမိဳ႕နယ္ COVID -19 က်န္းမာေရးစစ္ေဆးေရးဂိတ္မွ အဝင္အထြက္ စစ္ေဆးမႈကို မေက်နပ္၍ မီးသတ္စခန္းအတြင္း ဓားျဖင့္ ဝင္ခုတ္၊ တစ္ဦးေသ၊ ေလးဦး စိုးရိမ္ရ

ဖားကန႔္ၿမိဳ႕နယ္၊ COVID -19 က်န္းမာေရးစစ္ေဆးေရးဂိတ္မွ အဝင္အထြက္ စစ္ေဆးရာတြင္ တာဝန္ ရွိသူမ်ားက ဆိုဆုံးမခဲ့မႈကို မေက်

နပ္၍ ႏိုဝင္ဘာလ ၁ ရက္ည ၉ နာရီအခ်ိန္ခန႔္က ကုေဋေမွာ္ေက်း႐ြာ ရွိ လုံးခင္းတပ္ခြဲ (၃) ကုေဋေမွာ္အရန္မီးသတ္တပ္ဖြဲ႕စခန္းအတြင္းသို႔

ဝင္ေရာက္၍ ဓားျဖင့္ခုတ္မႈျဖစ္ ပြားခဲ့ရာ အရပ္သားတစ္ဦးေသဆုံးခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ ဝင္ သုံးဦးႏွင့္ အရပ္သားတစ္ဦး စိုးရိမ္ရသည့္ အေျခ

အေနတြင္ ရွိေနေၾကာင္း ကုေဋေမွာ္ေက်း႐ြာ လုံးခင္းတပ္ခြဲ (၃) ကုေဋေမွာ္အရန္မီး သတ္တပ္ဖြဲ႕ မွ သိရသည္။

“မေန႔က ညပိုင္း ၉ နာရီေလာက္က ကြၽန္ေတာ္႐ုံးခန္းထဲမွာ ထိုင္ေနတဲ့အခ်ိန္မွာ ေက်ာ္ခိုင္ဆိုတဲ့ေရမ ေဆး ေလာပန္းကေအာ္ဟစ္ဆဲဆိုၿပီး

ဝင္လာတာ၊ က်ေနာ္ထြက္ၾကည့္ေတာ့ သူက ၿငိမ္ေနတာနဲ႔ ကြၽန္ ေတာ္လည္း ကိုယ့္အလုပ္ကို ျပန္လုပ္ေနတာ၊ ခဏေနေတာ့ ေအာ္ၾကဟစ္ၾ

ကအသံေတြ ထပ္ၾကားရ တယ္၊ အဲဒီမွာသူက ပတ္ၿပီး ဓားနဲ႔ လိုက္ထိုးေနတယ္၊ အဲဒီလို ျဖစ္ခဲ့တာေၾကာင့္ က်ေနာ္တို႔မီးသတ္ တပ္ဖြဲ႕က

တပ္ဖြဲ႕ဝင္ သုံးေယာက္နဲ႔ အရပ္သား ႏွစ္ေယာက္ ဒဏ္ရာေတြနဲ႔ လဲၿပီး က်န္ခဲ့တာ၊ ဓားထိုး ခံရသူေတြကို ေဆး႐ုံကို ပို႔တဲ့အခ်ိန္မွာ တစ္ဦး

က ေသသြားတယ္၊ က်န္တဲ့သူေတြကေတာ့ စိုးရိမ္ရတဲ့ အေျခအ ေနမွာ ရွိေနပါတယ္”ဟု ကုေဋေမွာ္႐ြာအရန္မီးသတ္တပ္ဖြဲ႕မွ စာေရးျဖစ္သူ

ကိုေဇာ္မိုးက ေျပာသည္။

ဓားျဖင့္ အထိုးခံခဲ့ရသူမ်ားမွာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖစ္သည့္ အသက္ ၂၄ ႏွစ္အ႐ြယ္ ဒီးရမ္ဆာရ္၊ အသက္ ၂၀ အ႐ြယ္ မြန္းေအာင္၊

အသက္ ၂၁ ႏွစ္အ႐ြယ္ ေဖရန္ဆန္း၊ အသက္ ၂၄ ႏွစ္အ႐ြယ္ ကိုေအာင္ျမင့္ဦး၊ အသက္ ၃၇ ႏွစ္အ႐ြယ္ ကိုတူးမိုင္ တို႔ျဖစ္ၿပီး

ကိုေအာင္ျမင့္ဦးမွာ ေသဆုံးခဲ့သည္။

ျဖစ္စဥ္မွာ ကုေဋေမွာ္ေက်း႐ြာေန ေရမေဆးေလာပန္း ကိုေက်ာ္ခိုင္ဆိုသူ၏ တပည့္ျဖစ္သူတစ္ဦးကို COVID -19 က်န္းမာေရး စစ္ေဆးေရး

ဂိတ္တြင္ တာဝန္က်ေနသည့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ဂိတ္ အဝင္အထြက္ ကိစၥျဖင့္ ဆိုဆုံးမမႈ ျပဳလုပ္ခဲ့သည္ကို တပည့္ျဖစ္သူက ကိုေက်ာ္

ခိုင္အား ျပန္လည္ တိုင္တန္းခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမ်ားအရ သိရသည္။

“ကိုေက်ာ္ခိုင္ရဲ႕ ေရမေဆးက စစ္ေဆးေရးဂိတ္မွာ သူ႔ကို စစ္ေဆးခဲ့တာနဲ႔ပတ္သက္ၿပီးေတာ့ ၿပီးခဲ့တဲ့ ငါးရက္ေလာက္က မီးသတ္႐ုံးထဲကို

လာၿပီး ဓားနဲ႔ ေသာင္းက်န္းတယ္၊ မူးေနၿပီးေတာ့ ဆဲတယ္၊ အဲဒါကို က်ေနာ္တို႔က ကိုဗစ္ဥကၠ႒ကို ထိန္းခိုင္း ခဲ့တာ ရွိတယ္၊ အဲဒီရန္ၿငိဳး

ေၾကာင့္ ကိုေက်ာ္ခိုင္က က်ေနာ္တို႔ မီးသတ္႐ုံးကို လာတာ၊ သူ႔မွာ ဘာမွမပါေၾကာင္း ေဘာင္းဘီခြၽတ္ျပခဲ့ပါေသးတယ္၊ ၿပီးေတာ့မွ ဒီးရမ္

ဆာရ္ဆိုတဲ့ကေလးကို စထိုုးပါတယ္၊ အဲဒီလိုကေန ေဘးကေန ဝင္ဆြဲသူ ေတြကိုပါ ဓားနဲ႔ ဆက္ထိုးခဲ့ တာ”ဟု ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့သည့္

ကုေဋေမွာ္႐ြာ အရန္မီးသတ္တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ဦးသက္ႏိုင္ဦးက ေျပာသည္ ။

ထိုသို႔ တပည့္ျဖစ္သူအား ဆိုဆုံးမခဲ့သည္ကို မေက်ပ္နပ္သျဖင့္ ကိုေက်ာ္ခိုင္က အရက္ေသစာေသာက္ စားမူးယစ္ၿပီး ႏိုဝင္ဘာလ ၁ရက္ည

၉ နာရီ အခ်ိန္ခန႔္က ကုေဋေမွာ္ေက်း႐ြာရွိ လုံးခင္းတပ္ခြဲ (၃)၊ ကုေဋေမွာ္အရန္ မီးသတ္တပ္ဖြဲ႕စခန္းအတြင္းသို႔ ဝင္ေရာက္၍ “မေက်နပ္

ဘူး၊ ငါ့တပည့္ကို ႐ိုက္ခဲ့တဲ့ ေကာင္ေတြထုတ္ေပး”ဟု ေအာ္ဟစ္ ဆဲဆိုကာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအား ဓားျဖင့္ ဝင္ထိုးခဲ့ျခင္းျဖစ္ ေၾကာင္း

သိရသည္။

ထို႔ေနာက္ ဓားျဖင့္ ဝင္ထိုးသည္ကို ဝင္ေရာက္ဆြဲသည့္ အရပ္သားႏွစ္ဦးျဖစ္ေသာ ကိုတူးမိုင္ႏွင့္ ကို ေအာင္ျမင့္ဦးတို႔ကိုပါ ဓားျဖင့္ ဆက္

လက္ ထိုးခဲ့ျခင္းေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖစ္သည့္ ဒီးရမ္ ဆာရ္တြင္ ဝမ္းဗိုက္ ခ်က္ေအာက္ ၂လက္မခန႔္ ထိုးသြင္းျပတ္ရွဒဏ္ရာ၊

မြန္းေအာင္တြင္ ဝဲဘက္ရင္ အုံေအာက္ အက်ယ္ ၂လက္မခန႔္ ထိုးသြင္းျပတ္ရွဒဏ္ရာ၊ ေဖရန္ဆန္း တြင္ ခ်က္အထက္ ဝမ္းဗိုက္ ၂လက္

မခန႔္ ထိုးသြင္းဒဏ္ရာႏွင့္ အရပ္သား မ်ားျဖစ္သည့္ ကိုေအာင္ျမင့္ဦးတြင္ ယာဘက္ ဝမ္းဗိုက္ ၁လက္မခန႔္ ထိုးသြင္းျပတ္ရွဒဏ္ရာ၊ ကိုတူးမိုင္

ဝမ္းဗိုက္ ခ်က္ဝဲဘက္ ၁ လက္မခန႔္ ထိုးသြင္းျပတ္ရွ ဒဏ္ရာတို႔ ရရွိခဲ့ သျဖင့္ ဒဏ္ရာရရွိခဲ့သူမ်ားကို ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို

႔ေဆာင္ေပးခဲ့ရာ ကိုေအာင္ျမင့္ဦးမွာ ဓားျဖင့္အထိုးခံရေသာ ဒဏ္ရာေၾကာင့္ ညတြင္းခ်င္း ေသဆုံးခဲ့ၿပီး က်န္သူမ်ားမွာ လည္း စိုးရိမ္ဖြယ္

ရွိေနေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကုေဋေမွာ္႐ြာ အရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ခံတပ္ၾကပ္ႀကီး ဦးရဲထြန္းက တရားလိုျပဳလုပ္၍ လုံးခင္းနယ္ေျမရဲစ

ခန္းတြင္ အမႈဖြင့္လွစ္ခဲ့ရာ (ပ)၁၄၅/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ (အျပင္းအထန္ နာက်င္ေစမႈ) ျဖင့္ ကနဦး အမႈဖြင့္လွစ္ေပးခဲ့ၿပီး ျပစ္

မႈက်ဴးလြန္သူ ကိုေက်ာ္ခိုင္း အား လုံးခင္းနယ္ေျမရဲစခန္းမွ ညတြင္းခ်င္း ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ယခုအခါ လူတစ္ဦးေသဆုံးခဲ့သျဖင့္ ကနဦးဖြင့္လွစ္ထားသည့္ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ (အျပင္းအထန္ နာက်င္ေစမႈ)အျပင္ ရာဇသတ္ႀကီး

ပုဒ္မ ၃၀၂ (လူသတ္မႈ) ျဖင့္ပါ လုံးခင္းနယ္ေျမရဲစခန္းက အမႈဖြင့္ လွစ္ထားေၾကာင္း သိရသည္။

credit;

Unicode

ဖားကန့်မြို့နယ်၊ COVID -19 ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ အဝင်အထွက် စစ်ဆေးရာတွင် တာဝန် ရှိသူများက ဆိုဆုံးမခဲ့မှုကို မ

ကျေနပ်၍ နိုဝင်ဘာလ ၁ ရက်ည ၉ နာရီအချိန်ခန့်က ကုဋေမှော်ကျေးရွာ ရှိ လုံးခင်းတပ်ခွဲ (၃) ကုဋေမှော်အရန်မီးသတ်တပ်ဖွဲ့

စခန်းအတွင်းသို့ ဝင်ရောက်၍ ဓားဖြင့်ခုတ်မှုဖြစ် ပွားခဲ့ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဝင် သုံးဦးနှင့် အရပ်သားတစ်

ဦး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ကုဋေမှော်ကျေးရွာ လုံးခင်းတပ်ခွဲ (၃) ကုဋေမှော်အရန်မီး သတ်တပ်ဖွဲ့ မှ သိရ

သည်။

“မနေ့က ညပိုင်း ၉ နာရီလောက်က ကျွန်တော်ရုံးခန်းထဲမှာ ထိုင်နေတဲ့အချိန်မှာ ကျော်ခိုင်ဆိုတဲ့ရေမ ဆေး လောပန်းကအော်ဟစ်

ဆဲဆိုပြီး ဝင်လာတာ၊ ကျနော်ထွက်ကြည့်တော့ သူက ငြိမ်နေတာနဲ့ ကျွန် တော်လည်း ကိုယ့်အလုပ်ကို ပြန်လုပ်နေတာ၊ ခဏနေတော့

အော်ကြဟစ်ကြအသံတွေ ထပ်ကြားရ တယ်၊ အဲဒီမှာသူက ပတ်ပြီး ဓားနဲ့ လိုက်ထိုးနေတယ်၊ အဲဒီလို ဖြစ်ခဲ့တာကြောင့် ကျနော်တို့

မီးသတ် တပ်ဖွဲ့က တပ်ဖွဲ့ဝင် သုံးယောက်နဲ့ အရပ်သား နှစ်ယောက် ဒဏ်ရာတွေနဲ့ လဲပြီး ကျန်ခဲ့တာ၊ ဓားထိုး ခံရသူတွေကို ဆေးရုံကို

ပို့တဲ့အချိန်မှာ တစ်ဦးက သေသွားတယ်၊ ကျန်တဲ့သူတွေကတော့ စိုးရိမ်ရတဲ့ အခြေအ နေမှာ ရှိနေပါတယ်”ဟု ကုဋေမှော်ရွာ

အရန်မီးသတ်တပ်ဖွဲ့မှ စာရေးဖြစ်သူ ကိုဇော်မိုးက ပြောသည်။

ဓားဖြင့် အထိုးခံခဲ့ရသူများမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဒီးရမ်ဆာရ်၊ အသက် ၂၀ အရွယ် မွန်းအောင်၊

အသက် ၂၁ နှစ်အရွယ် ဖေရန်ဆန်း၊ အသက် ၂၄ နှစ်အရွယ် ကိုအောင်မြင့်ဦး၊ အသက် ၃၇ နှစ်အရွယ် ကိုတူးမိုင် တို့ဖြစ်ပြီး ကို

အောင်မြင့်ဦးမှာ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ကုဋေမှော်ကျေးရွာနေ ရေမဆေးလောပန်း ကိုကျော်ခိုင်ဆိုသူ၏ တပည့်ဖြစ်သူတစ်ဦးကို COVID -19 ကျန်းမာရေး

စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် မီးသတ်တပ်ဖွဲ့ဝင်များက ဂိတ် အဝင်အထွက် ကိစ္စဖြင့် ဆိုဆုံးမမှု ပြုလုပ်ခဲ့သည်ကို

တပည့်ဖြစ်သူက ကိုကျော်ခိုင်အား ပြန်လည် တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

“ကိုကျော်ခိုင်ရဲ့ ရေမဆေးက စစ်ဆေးရေးဂိတ်မှာ သူ့ကို စစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ငါးရက်လောက်က မီးသတ်ရုံးထဲကို

လာပြီး ဓားနဲ့ သောင်းကျန်းတယ်၊ မူးနေပြီးတော့ ဆဲတယ်၊ အဲဒါကို ကျနော်တို့က ကိုဗစ်ဥက္ကဋ္ဌကို ထိန်းခိုင်း ခဲ့တာ ရှိတယ်၊ အဲဒီ

ရန်ငြိုးကြောင့် ကိုကျော်ခိုင်က ကျနော်တို့ မီးသတ်ရုံးကို လာတာ၊ သူ့မှာ ဘာမှမပါကြောင်း ဘောင်းဘီချွတ်ပြခဲ့ပါသေးတယ်၊ ပြီးတော့မှ

ဒီးရမ် ဆာရ်ဆိုတဲ့ကလေးကို စထိုုးပါတယ်၊ အဲဒီလိုကနေ ဘေးကနေ ဝင်ဆွဲသူ တွေကိုပါ ဓားနဲ့ ဆက်ထိုးခဲ့ တာ”ဟု ဖြစ်စဉ်ကို မြင်တွေ့

ခဲ့သည့် ကုဋေမှော်ရွာ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ကြပ် ဦးသက်နိုင်ဦးက ပြောသည် ။

ထိုသို့ တပည့်ဖြစ်သူအား ဆိုဆုံးမခဲ့သည်ကို မကျေပ်နပ်သဖြင့် ကိုကျော်ခိုင်က အရက်သေစာသောက် စားမူးယစ်ပြီး နိုဝင်ဘာလ ၁ရက်

ည ၉ နာရီ အချိန်ခန့်က ကုဋေမှော်ကျေးရွာရှိ လုံးခင်းတပ်ခွဲ (၃)၊ ကုဋေမှော်အရန် မီးသတ်တပ်ဖွဲ့စခန်းအတွင်းသို့ ဝင်ရောက်၍

“မကျေနပ်ဘူး၊ ငါ့တပည့်ကို ရိုက်ခဲ့တဲ့ ကောင်တွေထုတ်ပေး”ဟု အော်ဟစ် ဆဲဆိုကာ မီးသတ်တပ်ဖွဲ့ဝင်များအား ဓားဖြင့် ဝင်ထိုးခဲ့ခြင်း

ဖြစ် ကြောင်း သိရသည်။

ထို့နောက် ဓားဖြင့် ဝင်ထိုးသည်ကို ဝင်ရောက်ဆွဲသည့် အရပ်သားနှစ်ဦးဖြစ်သော ကိုတူးမိုင်နှင့် ကို အောင်မြင့်ဦးတို့ကိုပါ ဓားဖြင့်

ဆက်လက် ထိုးခဲ့ခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် ဒီးရမ် ဆာရ်တွင် ဝမ်းဗိုက် ချက်အောက် ၂လက်မခန့် ထိုးသွင်းပြတ်ရှ

ဒဏ်ရာ၊ မွန်းအောင်တွင် ဝဲဘက်ရင် အုံအောက် အကျယ် ၂လက်မခန့် ထိုးသွင်းပြတ်ရှဒဏ်ရာ၊ ဖေရန်ဆန်း တွင် ချက်အထက်

ဝမ်းဗိုက် ၂လက်မခန့် ထိုးသွင်းဒဏ်ရာနှင့် အရပ်သား များဖြစ်သည့် ကိုအောင်မြင့်ဦးတွင် ယာဘက် ဝမ်းဗိုက် ၁လက်မခန့် ထိုးသွင်း

ပြတ်ရှဒဏ်ရာ၊ ကိုတူးမိုင် ဝမ်းဗိုက် ချက်ဝဲဘက် ၁ လက်မခန့် ထိုးသွင်းပြတ်ရှ ဒဏ်ရာတို့ ရရှိခဲ့ သဖြင့် ဒဏ်ရာရရှိခဲ့သူများကို

ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ကိုအောင်မြင့်ဦးမှာ ဓားဖြင့်အထိုးခံရသော ဒဏ်ရာကြောင့် ညတွင်းချင်း သေဆုံးခဲ့ပြီး

ကျန်သူများမှာ လည်း စိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကုဋေမှော်ရွာ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံတပ်ကြပ်ကြီး ဦးရဲထွန်းက တရားလိုပြုလုပ်၍ လုံးခင်း

နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ (ပ)၁၄၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) ဖြင့် ကနဦး

အမှုဖွင့်လှစ်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကိုကျော်ခိုင်း အား လုံးခင်းနယ်မြေရဲစခန်းမှ ညတွင်းချင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယခုအခါ လူတစ်ဦးသေဆုံးခဲ့သဖြင့် ကနဦးဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု)အပြင်

ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့်ပါ လုံးခင်းနယ်မြေရဲစခန်းက အမှုဖွင့် လှစ်ထားကြောင်း သိရသည်။

credit;