ျပည္တြင္းသတင္း

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ရွိ အတၳရံျမစ္ကူးတံတား(စံပယ္ဂူ)ကို ႏိုဝင္ဘာလ ၃ ရက္တြင္ စတင္ ဖြင့္လွစ္မည္

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ရွိ အတၳရံျမစ္ကူးတံတား(စံပယ္ဂူ) ကို အဆင့္ဆင့္ စမ္းသပ္စစ္ေဆးၿပီး ျဖစ္သျဖင့္ ႏိုဝင္ဘာလ ၃ ရက္

နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ႏိုဝင္ဘာလ ၂ ရက္တြင္ ေျပာ

သည္။

အဆိုပါတံတားသည္ အရွည္ ၂၁၀၉ ေပ၊အက်ယ္ ၃၁ ေပ ၂ လက္မ၊ ေရလမ္း ကင္းလြတ္ အျမင့္ ၄၆ ေပႏွင့္ ေရလမ္း ကင္း လြတ္

အက်ယ္မွာ ေပေပါင္း ၃၆၀ ရွိေသာ သံမဏိ သံေပါင္၊ သံကူ ကြန္ကရစ္ ၾကမ္းခင္း တံတားအမ်ိဳးအစားျဖစ္ကာ က်ပ္သန္း ၁၈၀၀၀

အကုန္အက်ခံ တည္ေဆာက္ထားျခင္း ျဖစ္ေၾကာင္းသိရသည္။

”တံတားဖြင့္ပြဲကို Covid-19 ေရာဂါ အေျခအေနအရ က်ိဳက္မေရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အတူ သံဃာေတာ္ေတြ ပင့္ဖိတ္ၿပီး

အ႐ိုးရွင္းဆုံး က်င္းပမယ္။တံတားကို အဆင့္ဆင့္ စမ္းသပ္စစ္ေဆးၿပီး ျဖစ္ပါတယ္။ေလာေလာဆယ္ သုံးတန္ေအာက္ယာဥ္ေတြကို စတင္ျဖတ္

သန္းခြင့္ျပဳမယ္။

ရက္ေပါင္း ၂၀ အၾကာမွာ အဲ့ထက္ တန္ခ်ိန္မ်ားတဲ့ ယာဥ္ေတြကို ျဖတ္သန္းခြင့္ျပဳမွာပါ”ဟု ၄င္းကေျပာသည္။

အတၳရံျမစ္ကူးတံတား(စံပယ္ဂူ)သည္ မြန္ျပည္နယ္ ႏွင့္ ကရင္ျပည္နယ္ကို အလြယ္တကူသြားလာႏိုင္မည္ျဖစ္သည့္အတြက္ မြန္ျပည္နယ္၏

ကုန္စည္စီးဆင္းမႈ႕ ဖြံ႕ၿဖိဳးတိုးတတ္လာမည္ျဖစ္သည့္အျပင္ ခရီးသြားလုပ္ငန္း အဆင့္ျမင့္တင္ေရးအတြက္မ်ားစြာ အက်ိဳးျပဳလာမည္ျဖစ္ေၾကာင္း

သိရသည္။

credit;

Unicode

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ) ကို အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီး ဖြစ်သဖြင့် နိုဝင်ဘာလ ၃

ရက်နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုဝင်ဘာလ ၂ ရက်တွင်

ပြောသည်။

အဆိုပါတံတားသည် အရှည် ၂၁၀၉ ပေ၊အကျယ် ၃၁ ပေ ၂ လက်မ၊ ရေလမ်း ကင်းလွတ် အမြင့် ၄၆ ပေနှင့် ရေလမ်း ကင်း

လွတ် အကျယ်မှာ ပေပေါင်း ၃၆၀ ရှိသော သံမဏိ သံပေါင်၊ သံကူ ကွန်ကရစ် ကြမ်းခင်း တံတားအမျိုးအစားဖြစ်ကာ ကျပ်သန်း

၁၈၀၀၀ အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

”တံတားဖွင့်ပွဲကို Covid-19 ရောဂါ အခြေအနေအရ ကျိုက်မရော လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူ သံဃာတော်တွေ ပင့်ဖိတ်ပြီး

အရိုးရှင်းဆုံး ကျင်းပမယ်။တံတားကို အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီး ဖြစ်ပါတယ်။လောလောဆယ် သုံးတန်အောက်ယာဉ်တွေကို

စတင်ဖြတ်သန်းခွင့်ပြုမယ်။

ရက်ပေါင်း ၂၀ အကြာမှာ အဲ့ထက် တန်ချိန်များတဲ့ ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုမှာပါ”ဟု ၄င်းကပြောသည်။

အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ)သည် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို အလွယ်တကူသွားလာနိုင်မည်ဖြစ်သည့်အတွက်

မွန်ပြည်နယ်၏ ကုန်စည်စီးဆင်းမှု့ ဖွံ့ဖြိုးတိုးတတ်လာမည်ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်း အဆင့်မြင့်တင်ရေးအတွက်များစွာ

အကျိုးပြုလာမည်ဖြစ်ကြောင်းသိရသည်။

credit;